အိမ်မှာ ပွတ်သီးပွတ်သပ်ချွဲတတ်တဲ့ ကြောင်လေးတွေကိုမွေးထားတာက ပိုင်ရှင်ရဲ့စိတ်ကျန်းမာရေးကို တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူဖြစ်စေသလို အခြားတစ်ဖက်မှာလည်း ကျန်းမာရေးကိုဒုက္ခပေးနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။

အထူးသဖြင့် ကူးစက်ရောဂါတွေ ကြောင်ကနေ လူကိုကူးစက်နိုင်ပါတယ်။

ကိုယ်ခံအားနည်းသူ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများကို အဲဒီလို ကူးစက်ရောဂါတွေ ကူးစက်ခံရပါက အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။

ကြောင်ကနေ လူကိုကူးစက်နိုင်တဲ့ ရောဂါတွေကတော့…

◾ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ

– Campylobacteriosis (Campylobacter spp.) (လက္ခဏာ။ ဖျား၊ ဗိုက်နာ၊ ဝမ်းပျက်၊ အော့အန်)

– Cat Scratch Disease (Bartonella henselae)

– MRSA (Methicillin-Resistant Staphylococcus aureus)

– Plague (ပလိပ်ရောဂါ) (Yersinia pestis)

– Salmonellosis (Salmonella spp.) (လက္ခဏာ။ ဖျား၊ ဗိုက်နာ၊ ဝမ်းပျက်၊ အော့အန်)

.

◾မှိုကြောင့်ဖြစ်တဲ့ ရောဂါ

– ပွေး (Ringworm)

.

◾ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါ

– ခွေးရူးရောဂါ (Rabies)

.

◾ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါ၊ သန်ကောင်အမျိုးမျိုး

– သန်ကောင် Roundworms (Toxocara spp.)

(သန်ကောင်သားလောင်း မျက်လုံးထဲရောက်လျှင် မျက်စိရောင်၊ မြင်လွှာပျက်ကာ အမြင်အာရုံဆုံးနိုင်။ ကိုယ်တွင်းအင်္ဂါများထဲသို့ ဝင်ရောက်ဖျက်ဆီးနိုင်)

– သန်ချိတ်ကောင်များ Hookworm (Ancylostoma tubaeforme, Ancylostoma braziliense, Uncinaria stenocephala) (လက္ခဏာ။ အရေပြားအောက်မှာ အနီလမ်းကြောင်းပေါ်၊ ယားယံ)

– Giardiasis (Giardia duodenalis) (လက္ခဏာ။ ဝမ်းပျက်၊ အော့အန်၊ ဗိုက်နာ)

– Cryptosporidiosis (Cryptosporidium spp.) (လက္ခဏာ။ ဝမ်းပျက်၊ အော့အန်၊ ဗိုက်နာ)

အဲဒီလိုရောဂါတွေ ကူးစက်မခံရအောင် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ပါတယ်။

????(၁) မိမိကြောင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။

ကြောင်ကို သန့်ရှင်းပြီး နွေးထွေးလုံခြုံတဲ့နေရာမှာ ထားပါ။

အပြင်ကိုပေးထွက်ပါက အပြင်မှာရာသီဥတုမကောင်းချိန် နားခိုရန်အတွက် သန့်ရှင်းနွေးထွေး လုံခြုံတဲ့နေရာလုပ်ထားပေးပါ (သို့) အဆောက်အအုံအတွင်းသို့အလွယ်တကူပြန်ဝင်နိုင်အောင် ဖန်တီးပေးထားပါ။

နေ့တိုင်း အစာနဲ့သန့်ရှင်းတဲ့ရေ ရအောင် စီစဉ်ထားပါ။

ကြောင်ရဲ့ကျန်းမာရေးကို အမြဲဂရုပြု စောင့်ကြည့်ပါ။လိုအပ်လျှင် တိကုဆရာနဲ့ပြပါ။

သန်း၊ ဖြုတ်၊ သံကောင်၊ ကပ်ပါးကောင်များရန်မှ ကာကွယ်နိုင်ရန် တိကုဆရာများနှင့်တိုင်ပင်ပါ။

ကြောင်အညစ်ကြေးများစွန့်ထား၊ အန်ထားပါက ချက်ချင်းသန့်ရှင်းပြီး အဆိုပါနေရာကို ပိုးသတ်ပါ။

ကြောင်ကို ကာကွယ်ဆေးပုံမှန်ထိုးပါ။ လိုအပ်သောကာကွယ်ဆေးကို ရွေးချယ်နိုင်ရန် မိမိကြောင် နေထိုင်ပုံကို (အိမ်ထဲမှာပဲနေလား၊ အပြင်ထွက်လား၊ တခြားကြောင်တွေနဲ့ရောလား) တိကုဆရာကို သေချာပြောပြပါ။

နားပတ်ဝန်းကျင်၊ နားနောက်၊ ကော်လာအောက်၊ ခြေလက်အောက်၊ ခြေချောင်းကြား၊ အမြီးတစ်ဝိုက်တို့မှာ ကပ်ပါးပိုးတွေ ရှိ/မရှိ မကြာမကြာစစ်ဆေးပေးပါ။

.

????(၂) ဆပ်ပြာ၊ ရေများများတို့ဖြင့် လက်ဆေးပါ

ကြောင်ကို ကိုင်ပြီးတိုင်း၊ ကြောင်သွားရည်၊ ကြောင်စားခွက်၊ ရေခွက်တို့နဲ့ ထိမိတိုင်း လက်ဆေးပါ။

ကြောင်အညစ်အကြေး၊ ကြောင်နေထိုင်ရာနေရာ၊ ကြောင်သွားရည်၊ ကြောင်စာ၊ အစာခွက်တို့ကို ကိုင်တွယ်သန့်ရှင်းလျှင် လက်အိတ်စွပ်ပါ။ ပြီးလျှင်လက်ကို သေချာဆေးပါ။

ကြောင်နေထိုင်တတ်တဲ့ ခြံထဲကနေရာတွေ (ဥယျာဉ်၊ ခြံ) ရှင်းပြီးလျှင် ခြေလက်များကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။ (ကြောင်ရဲ့ အညစ်အကြေးများနဲ့အတူ ရောဂါပိုးများ မြေကြီးထဲတွင် ရှိနေနိုင်ပါတယ်)

.

????(၃) ကြောင်ရဲ့အညစ်အကြေးများကို သေချာစွန့်ပစ်သန့်ရှင်းပါ။

ကြောင်အညစ်အကြေးပုံး Litter box ကို နေ့စဉ်သန့်ရှင်းပါ။

.

????(၄) ကြောင်ကိုက်၊ ကြောင်ကုတ်မခံရအောင် ဂရုစိုက်ပါ။

အိမ်မွေးကြောင်ကို လက်သည်းညှပ်ပေးလို့ ရပါတယ်။ အကိုက်၊ အကုတ်မခံရအောင် ကြမ်းကြမ်းတမ်းတမ်း ဆော့တာမျိုးကို ရှောင်ပါ။

ကြောင်ကိုက်၊ ကြောင်ကုတ်ခံရပါက ဆပ်ပြာသုံးပြီး ရေများများနဲ့ သေချာစွာ ချက်ချင်းဆေးပါ။ သွေးထွက်တာကို စိတ်မပူပါနဲ့။ သေချာဆေးကြောပြီးမှသွေးထွက်တဲ့နေရာကို ပတ်တီး (သို့) အဝတ်သန့်သန့်နဲ့ ခပ်ကြာကြာဖိထားပါ။ နားလည်တတ်ကျွမ်းသူ ကျန်းမာရေးပညာရှင်နဲ့ ပြသကုသမှုခံယူပါ။

ကြောင်လေကြောင်လွင့် (သို့) ကာကွယ်ဆေးထိုးမထားသောကြောင် အကိုက်ခံရပါက ပိုပြီးအရေးကြီးပါတယ်။ ကြောင်ကနေ ခွေးရူးပြန်ရောဂါ ကူးနိုင်ပါတယ်။

ကြောင်တွေခွေးတွေကို နမ်းရှုပ်ခြင်း၊ အိပ်ရာထဲ အတူအိပ်ခြင်း မပြုသင့်ပါ။ သူတို့မှာ ဘာရောဂါလက္ခဏာမှမပြဘဲ ရောဂါတချို့ ရှိနေနိုင်ပါတယ်။

Reference : ????

https://www.cdc.gov/healthypets/pets/cats.html

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

????မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here