နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ…
အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။
.
???? ကျီးကန်းပါးစပ် ဆိုတာ
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့် နှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။
???? ဖြစ်စေတဲ့အကြောင်းရင်းကတော့-
တံတွေးမှတစ်ဆင့် ပိုးပေါက်ပွားပြီး infection ဝင်တာဖြစ်ပါတယ်။
နှုတ်ခမ်းခြောက်တဲ့အခါ၊ ကွဲတဲ့အခါမျိုးမှာ အဲ့နေရာကို လျှာနဲ့သပ်တတ်လေ့ရှိကြပါတယ်။ အဲဒီအခါမှာ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ ပိုစုလာပြီး မှိုပိုးနဲ့ ဘတ်တီးရီးယား ပေါက်ဖွားရာနေရာ ဖြစ်လာပါတော့တယ်။
အဖြစ်အများဆုံးကတော့ မှိုစွဲတာကြောင့်ဖြစ်ပြီး ဗီတာမင် B2 ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။
..
..
???? ကျီးကန်းပါးစပ်ရဲ့ လက္ခဏာများ
နှုတ်ခမ်းထောင့်မှာ နီရဲရောင်ရမ်းတာအပြင်…
– သွေးထွက်ခြင်း
– အရည်ကြည်ဖု ထွက်ခြင်း
– ကွဲအက်ခြင်း
– ယားခြင်း၊ ပူခြင်း
– စပ်ဖျဥ်းဖျဥ်း ဖြစ်ခြင်း
– ပါးစပ်ဟလိုက်တိုင်း နာခြင်း
– အစာစားရခက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
…
…
???? ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများသလဲ
နှုတ်ခမ်းထောင့်မှာ တံတွေးကြောင့် အမြဲစိုစွတ်လေ့ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
– သွားညှိကုသမှု (braces) ခံယူထားသူ
– အံကပ်သေချာ နေရာမကျသူ
– နှုတ်ခမ်းကို ခဏခဏသပ်တတ်သူ
– တံတွေးအထွက်များသူ
– လက်မစုပ်တတ်တဲ့ ကလေးတွေ
– အသက်အရွယ်အရ နှုတ်ခမ်းထောင့် အသားအရည် လျော့တွဲလာသူတွေ
– ဆေးလိပ်သောက်လေ့ရှိသူ
– ဗီတာမင်ဘီအုပ်စုနဲ့ သံဓာတ်ချို့တဲ့သူ စတဲ့သူတွေမှာ အဖြစ်များပါတယ်။
.
ဒါ့အပြင် ကျီးကန်းပါးစပ်နာက အချို့သောရောဂါတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။ ဒါတွေကတော့…
⦿ သွေးအားနည်းရောဂါ
⦿ သွေးကင်ဆာ
⦿ ဆီးချိုရောဂါ
⦿ HIV ကဲ့သို့ ကိုယ်ခံအားနည်းသော ရောဂါ
⦿ ကျောက်ကပ်၊ အသည်း၊ အဆုတ် အစရှိတဲ့ ကင်ဆာရောဂါတွေမှာလည်း ပါးစပ်နာဖြစ်တတ်ပါတယ်။
…
…
???? ကုသနည်းများ
ပထမဦးစွာ ဖြစ်စေတဲ့ အကြောင်းရင်းကို အဖြေရှာပါ။
အဖြစ်များတဲ့ မှိုပိုးကြောင့်ဆိုပါက သင့်တော်ရာ မှိုသတ်ဆေး သောက်ရပါမယ်။
ဘတ်တီးရီယားပိုးကလည်း ပါးစပ်နာဖြစ်စေတဲ့ တရားခံဖြစ်တဲ့အတွက် လိုအပ်ပါက ဆရာဝန်က ပိုးသတ်ဆေး ညွှန်းပေးပါလိမ့်မယ်။
အနာကျက်မြန်စေရန် သန့်ရှင်းရေး ဂရုစိုက်ပါ။ စတီးရွိုက်ဆေး လိမ်းပေးပါ။ (ကိုယ်ခံအားနည်း ရောဂါရှိနေသူများ မလိမ်းသင့်ပါ)
နှုတ်ခမ်းထောင့်မှာ တံတွေးစုပြီး စိုစွတ်မနေစေရန် အုန်းဆီ၊ နှုတ်ခမ်းအဆီ၊ Vaseline ကဲ့သို့ ဂျယ်လ်လိမ်းပေးပါ။
ဆီးချိုရောဂါအခံရှိသူများအနေနဲ့ ဆီးချိုထိန်းရပါမယ်။ ဒါမှသာ မှိုပိုးပေါက်ပွား ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
အာဟာရချို့တဲ့သူများအနေနဲ့ ဗီတာမင် B Complex နဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာများ မှီဝဲစားသုံးသင့်ပါတယ်။
…
…
???? နောက်ဆက်တွဲဆိုးကျိုးများ
ကုသမှု သေချာမခံယူပါက အမာရွတ်ကျန်တာ၊ ပိုးတွေ ဘေးကို ပျံ့သွားတာ၊ မှက်ခရုပေါက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် စောစောသိ၊ စောစောကုသမှုခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။
Reference : ????
https:// www. webmd. com /oral-health/angular-cheilitis
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.