◼️စိတ်ဖိစီးမွန်းကျပ်မှုတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ်တွေ ဖြစ်ပေါ်နေပြီလား…
◼️စိတ်ဓာတ်ကျ၊ စိတ်ဒဏ်ရာရမှုတွေကြောင့် သေကြောင်းကြံစည်ဖို့ တွေးတောနေပြီလား…
◼️လူမှုရေးအခက်အခဲတွေကြောင့် ဘဝကို အဆုံးသတ်ဖို့ အတွေးတွေ ပေါ်လာနေလား….
????သင့်ကို နားလည်စာနာ အားပေးရင်း အတူတူလက်တွဲရင်ဆိုင်ပေးမယ့် ဟောဒီ Hot line တယ်လီဂရမ်အကောင့်တွေကို အခုပဲ ဆက်သွယ်လိုက်ပါနော် ????
..
..
ယနေ့မှာ ကျရောက်တဲ့…
World Suicide Prevention Day ရဲ့…
“ Creating Hope Through Action”
“မျှော်လင့်ချက်တွေ ရှင်သန်ဖို့
အတူလက်တွဲ ကြိုးစားစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ….
သင့်ရဲ့ မျှော်လင့်ချက်
သင့်ရဲ့ အနာဂတ်
သင့် အိပ်မက်တွေကို ပြန်လည်အသက်သွင်းလို့ ရှင်သန်နိုးကြားစေဖို့ ကူညီဖေးမပါရစေ….????
နေ့စဥ်…
မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း…
အထက်ပါ Telegram အကောင့်တွေမှာ သင့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားသူတစ်ဦးက အမြဲစောင့်ကြိုနေမှာပါနော် ????
အနာဂတ်သစ်တွေ လှပပျော်ရွှင်စေဖို့…
အခုပဲ ဆက်သွယ်လိုက်ကြပါစို့…….။
..
..
မိမိကိုယ်ကို သေကြောင်းကြံစည်မှု လုံးဝ မရှိစေရ ‼️
???? Zero Suicide Campaign ????
Ministry of Health,
National Unity Government.