ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း

ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။

ကျောင်းနေအရွယ် ကလေး (၁ – ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁ နှစ်အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။

ကျောင်းစထားခါစ မိဘနဲ့ စခွဲရတဲ့အခါ၊ ကျောင်းအသစ်ပြောင်းရတဲ့အခါ ကလေးတွေဟာ ကျောင်းကိုကြောက်တာ၊ ကျောင်းသွားဖို့ငြင်းဆန်တာက သဘာဝဖြစ်ပေမယ့် ရက်အနည်းငယ်အကြာမှာ ကျောင်းပတ်ဝန်းကျင်မှာ ပျော်လာပြီး ကြောက်စိတ် ပျောက်ကင်းသွားပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာတော့ သာမန်ထက်ပိုပြီး စိတ်ခံစားရကာ ကြောက်စိတ်မပျောက်ကင်းနိုင် ဖြစ်ရပါတယ်။

တချို့ကလေးကြီးတွေကတော့ ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ ဆရာကဆိုးလို့ ကြောက်တာ၊ သင်ခန်းစာတွေကို နားမလည်လို့၊ စာမလိုက်နိုင်လို့ စတဲ့အကြောင်းတွေကြောင့် ကျောင်းကိုကြောက်လာနိုင်ပါတယ်။

တချို့ကတော့ ကျောင်းကပြဿနာကြောင့်မဟုတ်ဘဲ အိမ်ကမိသားစုပြဿနာကြောင့် အိမ်ကနေမခွာချင်တာ၊ မိဘတွေကို ခွဲမသွားချင်တဲ့ ကြောင့်ကြစိတ်ကြောင့် ကျောင်းမှာပျော်ပါလျက် ကျောင်းသွားရမှာကိုကြောက်တာ/သွားဖို့ငြင်းဆန်တာမျိုးပါ။

ကလေးရဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကနေ စိတ်ကျခြင်း၊ စိုးရိမ်လွန်ခြင်း စတဲ့ စိတ်ရောဂါတွေအထိ ဆက်စပ်နေနိုင်ပါတယ်။

▪️လက္ခဏာများ

အတိအကျမရှိပါ၊ ပုံစံအမျိုးမျိုး တွေ့နိုင်ပါတယ်။

တချို့က ကျောင်းကိုလုံးဝမသွားဖို့ အကြောက်အကန် ငြင်းဆန်ပြီး တချိုကတော့ ကျောင်းကို နောက်ကျပြီးသွားတာ၊ စောပြန်တာ၊ ကျောင်းကိုတော့သွားဖို့ ကြိုးစားပြီး ကျောင်းနားနီးလေ ကြောက်စိတ်ဝင်လေဖြစ်ကာ ခေါင်းကိုက်၊ ဗိုက်နာ၊ အော့အန် စတဲ့ရောဂါလက္ခဏာတစ်ခုခု ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တချို့ကတော့ ကျောင်းသွားခါနီးမှာ၊ ခေါင်းကိုက်၊ ဗိုက်နာ၊ အော့အန်၊ ဝမ်းလျှော၊ အသက်ရှူမဝ၊ ရင်ဘတ်အောင့်၊ ဇောချွေးပျံ၊ ရင်တုန်၊ အဆစ်မြစ်နာ စတဲ့လက္ခဏာတွေ ခံစားရပြီး ကျောင်းမသွားဖို့ မိဘက သဘောတူလိုက်ပြီးတဲ့အချိန်မှာ အဲဒီလက္ခဏာတွေ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါကို ကလေးက လိမ်ညာတယ်လို့ အပြစ်မတင်သင့်ပါ။

တချို့ကတော့ အိမ်ပတ်ဝန်းကျင်မှာ အပြောင်းအလဲတစ်ခုခုဖြစ်ချိန်မှာ ဒီလိုငြင်းဆန်မှုမျိုးနဲ့ တိုက်ဆိုင်တာကို သတိထားမိနိုင်ပါတယ်။

ဥပမာ။ အိမ်နေရာပြောင်းခြင်း၊ မိသားစုဝင်တစ်ဦးဦး နေမကောင်းခြင်း/ဆုံးပါးခြင်း၊ မိဘများကွဲခြင်း၊ အမေက ကလေးသစ်တစ်ယောက်မွေးခြင်း။

▪️ရောဂါရှာဖွေကုသခြင်း (ရောဂါဆိုတာထက် အခြေအနေလို့ဆိုလျှင် ပိုသင့်တော်ပါတယ်)

မိသားစုဆရာဝန်၊ ကလေးကိုယ်တိုင်၊ မိဘ၊ ဆရာနဲ့ counsellor ဆိုတဲ့ ဆွေးနွေးနှစ်သိမ့်ပေးသူ (ပြည်ပက ကျောင်းတွေမှာရှိကြပါတယ်) အားလုံးစုပေါင်းပြီး ဆွေးနွေးတိုင်ပင် အဖြေရှာကြပြီး အကြောင်းရင်းကို ဖေါ်ထုတ်ရမှာပါ။ အဲဒီအကြောင်းရင်းကို ရှင်းနိုင်မှ ကုသလို့ရမှာပါ။

ဆရာဝန်က ကလေးရဲ့ စိတ်နဲ့ကိုယ်ကျန်းမာရေးကိုစစ်ဆေးပြီး လိုတဲ့ကုသမှုလုပ်ရမှာဖြစ်သလို ဆရာနဲ့ counsellor တို့ကလည်း ကျောင်းမှာ ကလေးရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှာဖွေဖေါ်ထုတ်၊ မိဘတွေကလည်း မိသားစုနဲ့အိမ်တွင်းပြဿနာတွေကို ဆန်းစစ်ဖေါ်ထုတ်ပြီး ဆွေးနွေးအဖြေရှာ ကုသပေးကြရမှာပါ။

▪️ကုထုံးများ

အရေးအကြီးဆုံးကတော့ အကြောင်းရင်းကိုရှာပြီး ကုဖို့ပါ။ ဒီလိုလုပ်နိုင်ဖို့က ကလေး၊ မိသားစု၊ ကျောင်းနဲ့ ကျန်းမာရေးပညာရှင် အစုအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး အချင်းချင်းအကြား ပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးက အရေးကြီးပါတယ်။ အနောက်နိုင်ငံကကျောင်းတွေမှာတော့ ကလေးစိတ်ပညာရှင်၊ နှစ်သိမ့်ဆွေးနွေးပေးသူ၊ လူမှုဆက်ဆံရေးဝန်ထမ်း စတာတွေရှိကြလို့ အလွန်အသုံးတည့်ပါတယ်။

ကလေးက သူဘာကိုကြောက်တယ်၊ ဘာလို့ကြောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလာတဲ့အထိ ဝိုင်းပြီး အားပေးပံ့ပိုးပေးကြဖို့ လိုပါတယ်။

တချို့ကလေးတွေက ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ အဆင်မပြေတာတွေကို ထုတ်ပြောဖို့ အလွန်ဝန်လေးပါတယ်။

နောက်တစ်ခုကတော့ အကြောင်းရင်းတွေကို ဖေါ်ထုတ် အဖြေရှာပြီးရင် ကလေးကို ကျောင်းကို မဖြစ်မနေ ပြန်တက်ခိုင်းဖို့ပါ။ ဒီလိုလုပ်နိုင်ဖို့ အထက်ပါအဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကူညီပံ့ပိုးမှုက မပါမဖြစ် အရေးကြီးပါတယ်။

တချို့ကလေးငယ်တွေအတွက် မိဘပါ ကျောင်းမှာ ခဏအတူနေပေးပြီး ကျောင်းကတခြားအခန်းမှာ စောင့်ပေးကာ၊ နောင်မှ မစောင့်တော့ဘဲ ထားခဲ့တာ စသည်ဖြင့် ဖြည်းဖြည်းချင်း ခွဲထုတ်တာမျိုး လုပ်နိုင်ပါတယ်။

ကလေးသူငယ်စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသဖို့ လိုကောင်းလိုနိုင်ပါတယ်။ စိတ်ပညာကုထုံးများလိုနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာကြီးပါက ဆေးဝါးများနဲ့ကုသဖို့လိုကောင်းလိုနိုင်ပါတယ်။

..

..

.

——————–။ ။——————–

.

ကျောင်းကြောက်ခြင်းနှင့် ကျောင်းပြေးခြင်း ခြားနားချက်များ

ကျောင်းကြောက်ခြင်း = ????

ကျောင်းပြေးခြင်း = ????

???? ကျောင်းသွားရမည်ဆိုလျင် ပြင်းထန်သော စိတ်ဖိစီးမှု၊ သောက၊ စိတ်ပေါက်ကွဲမှု၊ စိတ်ကျခြင်း၊ ခေါင်းကိုက်၊ ရင်တုန် စသည့် အခြားရောဂါလက္ခဏာများရှိ။

???? ကျောင်းသွားရမည်ဆိုလည်း ပြောပလောက်သော စိတ်ပူပင်မှုမရှိ။

???? ကျောင်းပျက်တာကို မိဘကသိရှိနိုင်၊ တစ်ခါတလေ ကလေးကိုယ်တိုင်က ကျောင်းကိုမလွှတ်ဖို့ မိဘကို တောင်းဆို။

???? မိဘမသိအောင် ကျောင်းပျက်။

???? သိသာလောက်သော လူမှူဆက်ဆံရေးပြဿနာ၊ ဆိုးသွမ်းမှုတို့ မရှိ။

???? ပုံမှန်မဟုတ်သော လူမှူဆက်ဆံရေးပြဿနာ၊ ဆိုးသွမ်းမှု၊ စာရိတ္တပျက်ယွင်းမှုတို့ ရှိနိုင်။

???? ကျောင်းပျက်ချိန်များတွင် ကလေးက အိမ်မှာရှိ၊ သူ့အတွက် အိမ်က ပိုမိုလုံခြုံသောနေရာလို့ ယူဆ။

???? ကျောင်းပျက်ချိန်များတွင် ကလေးက အိမ်မှာလည်း ရှိမနေ။

???? ကလေးက အိမ်စာများကို လုပ်ရန်ဆန္ဒရှိ၊ ကျောင်းစာများကို အိမ်မှာလုပ်ခိုင်းလျှင် ပြီးအောင်လုပ်။

???? ကျောင်းစာတွင်စိတ်မဝင်စား၊ ပညာရေးနှင့် အကျင့်စာရိတ္တပိုင်း စည်းကမ်းများကို မလိုက်နာလို။

.

References : ????

School Refusal (stanfordchildrens.org)

School refusal: When a child won’t go to school – Harvard Health

School Refusal in Children and Adolescents | AAFP

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here