(ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ????)
မင်္ဂလာပါ သားသား မီးမီးတို့ရေ…
အန်တီက တယ်လီကျန်းမာက ကလေးအထူးကုဆရာဝန်ပါ။
တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီးတွေတင်မက ပရိသတ်ပိစိလေးတွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့ကြောင့် အန်တီက သားသားတို့ မီးမီးတို့ဆီ စာရေးလိုက်တာပါ။ သားတို့သမီးတို့အတွက် ကျန်းမာရေးဗဟုသုတလေးတွေ ပြောပြချင်လို့ပါ။
သားတို့သမီးတို့ သန့်သန့်ရှင်းရှင်းနေမှ ရောဂါပိုးတွေမဝင်ဘဲ ကျန်းမာကြမှာဆိုတော့ အရင်ဆုံး တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း ပြောကြရအောင်နော်။ အခု အန်တီပြောပြမယ့်ထဲမှာ သိပြီးသား၊ လုပ်နေပြီးသားတွေလည်း ပါရင်ပါမှာပေါ့…
ကဲ အရင်ဆုံး လက်ဆေးတာနဲ့ စကြရအောင်။
ဘယ်အချိန်တွေမှာ လက်ဆေးရမလဲဆိုတာ အရင်ဆုံးပြောပြမယ်နော်….
• အစားမစားခင်
• အိမ်သာကအထွက်
• ခွေးကလေးတွေ၊ ကြောင်ကလေးတွေနဲ့ ကစားပြီးတဲ့အချိန်
• အိမ်ပြင်ဘက်မှာ ဆော့ကစားပြီးတဲ့ အချိန်
• ချောင်းဆိုး၊ နှာချေ၊ နှပ်ညှစ်ပြီးတဲ့အချိန်
• လက်တွေ ညစ်ပတ်ပေကျံနေတဲ့အချိန်
ဒီလိုအချိန်တွေတိုင်းမှာ လက်ကို ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးရပါမယ်။
..
..
နောက်ပြီးတော့…
– လက်သည်း၊ ခြေသည်းလေးတွေကိုလည်း ပုံမှန်ညှပ်ပြီး ချေးညှော်တွေမဝင်အောင် ဂရုစိုက်ရပါမယ်။
– သားတို့သမီးတို့ ချောင်းဆိုးရင်၊ နှာချေရင် တစ်သျှူးစက္ကူ (ဒါမှမဟုတ်) တံတောင်ဆစ်ကွေးနဲ့ အုပ်ထားရပါမယ်နော်။ ဒါမှ သူများတွေကို ရောဂါတွေ မကူးမှာလေ…..
(လက်နဲ့လည်း မအုပ်ရဘူးနော်)
– ရေကို တစ်နေ့တစ်ခါ ပုံမှန်ချိုးပြီး အဝတ်အစားတွေ အထူးသဖြင့် အတွင်းခံတွေကို တစ်နေ့တစ်ခါ လဲဝတ်ရပါမယ်။ ခေါင်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် လျှော်ရပါမယ်။
– မနက် အိပ်ရာကထတာနဲ့ မျက်နှာသစ်၊ သွားတိုက်ကြရမယ်နော်။ ည အိပ်ရာဝင်ခါနီးရင်လည်း သွားတိုက်ကြရမယ်။ ဒါမှ သွားပိုးမစားဘဲ သွားလေးတွေ လှနေမှာ။ နောက်တစ်ခေါက်ကျရင် သွားတိုက်ပုံတိုက်နည်းလေး ပြောပြမယ်နော်…
ကဲ ဒီတစ်ခေါက်တော့ ဒီလောက်ပဲနော်။ နောက်မှ ပြန်တွေ့ကြမယ်။
ကျန်းမာပျော်ရွှင်ကြပါစေ စူပါဟီးရိုးလေးတို့ရေ….။????????????
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.