ကလေးသူငယ်ကျန်းမာရေး

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

0
ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း

0
ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက...

နို့ဦးရည် (Colostrum) အကြောင်း သိကောင်းစရာ

0
မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။. 🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက်...

ကလေးငယ်များအတွက် သွားကျန်းမာရေး

0
ကလေးငယ်များ၏ ကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ အလွန်အရေးပါသည့် အရာတစ်ခုဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို သွားနှင့် ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများသင်ပေးခြင်းမှာလည်း အထူးအရေးကြီးလှပါသည်။…… ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ   ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် တနေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို...

အမေရဲ့အနမ်း Mother Kiss

0
အမေရဲ့အနမ်း ဘယ်လောက် အသုံးဝင်လည်းဆိုတာလေး ပြောပြပေးသွားမှာပါနော် ကလေးငယ်လေးတွေက ဆော့ကစားရင်း နှာခေါင်းထဲကို ပစ္စည်းအသေးတွေ၊ ကစားစရာအသေးတွေ ထည့်တတ်ကြပါတယ်။ ဒါ့အပြင် ဓာတ်ခဲအဝိုင်းပြားအသေးတွေ၊ သံလိုက်တွေဟာ နှာခေါင်းထဲက ဆဲလ်တွေကို ပိုမို ပျက်စီးလွယ်တတ်ပါတယ်။ များသောအားဖြင့် နှာခေါင်းထဲ ပြင်ပပစ္စည်းဝင်တာ ကလေးတွေမှာဖြစ်ကြပေမယ့် လူကြီးစိတ်ရောဂါသမားတွေ၊ အသက်ကြီးပြီး သတိသိပ်မကောင်းတဲ့ လူနာတွေ တချို့လည်း...

ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း Child Growth

0
“သားကလေး တီတာတာ၊ မေမေ့အနားလာ” ဆိုပေမယ့် တီတာတာ မပြောနိုင်သေးလို့၊ မေမေ့အနား မလာနိုင်သေးလို့ စိုးရီမ်ပူပန်ကြတာမျိုးတွေ၊ ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဆိုပြီး မိခင်အချင်းချင်း ဆွေးနွေးမေးမြန်းတာမျိုးတွေ ကြုံဖူးကြမှာပါ။  ဒီနေ့မှာတော့ ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်တာကို ပြောပြချင်ပါတယ်။ 🤍…… ▫️ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်သည့်အချိန်မှစပြီး ကလေးငယ်များဟာ သူ့အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု...

နို့တိုက်ကလေး လေထခြင်းနဲ့အမေအစားအစာ

0
နို့စို့ကလေးငယ် လေထတာဟာ ကလေးတိုင်းနီးပါး ဖြစ်ဖူးကြပြီး သနားစရာလည်းကောင်း၊ တစ်ခါတလေ လူကြီးတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ဖြစ်တတ်ကြပါတယ်။ တချို့က ကလေးလေထတာ အမေဘာတွေစားလို့လဲ လို့ မေးတတ်​ တွေးတတ်ကြပါသေးတယ်။ မေမေ စားတာတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီကို ရောက်တာမို့ပါ။ မေမေစားတဲ့ အရသာကို ကလေးတွေလည်း နို့မှတစ်ဆင့် ရနိုင်ပါတယ်။...

ကလေးတစ်ယောက် သွက်သွက်လက်လက် ရှိ/မရှိဆိုတာ သူ့ရဲ့မိခင်အပေါ် များစွာမူတည်ပါတယ် Active Mother & Child (January, 2024)

0
????‍♀️ကလေးတစ်ယောက် သွက်သွက်လက်လက် ရှိ/မရှိဆိုတာ သူ့ရဲ့မိခင်အပေါ် များစွာမူတည်ပါတယ်။ အင်္ဂလန်နိုင်ငံက လေးနှစ်အရွယ်ကလေးငယ် (၅၅၄) ယောက်နဲ့ သူတို့ရဲ့မိခင်တွေကို လေ့လာစမ်းသပ်ခဲ့တဲ့ တွေ့ရှိချက်အရ… မိခင်ဖြစ်သူ ပြုလုပ်ခဲ့တဲ့ ကိုယ်လက်လှုပ်ရှားမှု ပမာဏရဲ့ (၁၀) % ဝန်းကျင်ဟာ ကလေးရဲ့ကိုယ်လက်လှုပ်ရှားမှုပြုတဲ့ ပမာဏဖြစ်ပါတယ်တဲ့။ ဥပမာ- မိခင်က တစ်နေ့ကိုတစ်နာရီလောက် လှုပ်လှုပ်ရှားရှားနေရင် ကလေးက...

ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ)(January, 2024)

0
ဒီနေ့အတွက် ဆောင်းတွင်းမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ) အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Croup မှာဆိုရင်တော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပိုးဝင်တာဖြစ်ပြီး လေပြွန်ကျဥ်းလာ၊ အသက်ရှူရ ကျပ်လာပြီး ကျယ်ကျယ်လောင်လောင် ဆူညံတဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးခြင်းနဲ့အတူ တခြားလက္ခဏာတွေကတော့ အသံအိုးနဲ့...

“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း” Bronchiolitis in Children (January,2024)

0
“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း” အသက် ၁ နှစ်အောက်ကလေးတွေမှာ ဖျားတာနဲ့အတူ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှူသံ တရွှီရွှီမြည်နေတယ်ဆိုရင် ဖြစ်နိုင်ခြေအမြင့်ဆုံးက လေပြွန်ရောင်တာပါ။ ကလေးငယ်တွေမှာ လေပြွန်ရောင်ခြင်းကို အဓိကဖြစ်စေတာကတော့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် (RSV - respiratory syncytial virus) ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုး၊...

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှု Children’s Developmental Milestone (December,2023)

0
ဒီနေ့မှာတော့ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လိုရှိမယ်ဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုပါတယ်။ ဒီနေရာမှာ ကလေးတစ်ယောက်ရဲ့ မွေးကင်းစအရွယ်ကနေစပြီး အသက် ၅ နှစ်အထိ ဖွံ့ဖြိုးမှု‌ဖြစ်စဥ်‌တွေကို အကြမ်းဖျဉ်းအနေနဲ့သာ ဖော်ပြသွားမှာဖြစ်ပြီး၊ အရေးကြီးတာက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုတိုင်းဟာ တစ်‌ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါကြောင့်မို့ ဖေဖေ၊ မေမေတို့အနေနဲ့ မိမိတို့ကလေးရဲ့ ဖွံ့ဖြိုးမှုကို...

ကလေးအတွက် သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု Kangaroo Care

0
“သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု” ကလေးငယ်လေး မိခင်ဝမ်းကထွက်လာပြီးနောက် ကလေးကို မိဘ၊ အဘိုး၊ အဘွားတို့ရဲ့ ရင်ဘတ်ပေါ်တင်ပေးပြီး အရေပြားအချင်းချင်း ထိတွေ့မှုလုပ်ပေးခြင်းကို သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု (kangaroo care) လို့ ခေါ်ပါတယ်။ ဒီလိုမျိုး အရေပြားအချင်းချင်း ထိတွေ့မှုရှိခြင်းဟာ မိဘနဲ့ ကလေးအကြား သံယောဇဉ်တိုးစေခြင်း၊ လမစေ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းစေခြင်း အစရှိတဲ့...

ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း Febrile Convulsion

0
ဒီနေ့ ပြောပြမှာကတော့ ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်း ဖြစ်ပါတယ်။ ကလေးမွေးကင်းစကနေစပြီး အသက်ကြီးသည်အထိ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါမျိုးစုံရှိပြီး ရောဂါဖြစ်ပွားတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာပေါ် မူတည်ပြီး အတက်‌ပုံစံတွေဟာလည်း လက္ခဏာမျိုးစုံ ကွဲပြားကြပါတယ်။ ????ကလေးတွေမှာ တက်ရတဲ့ အဓိကအကြောင်းအရာတွေကတော့... (၁) သာမန်အဖျားကြီး၍ တက်ခြင်း (၂) ဦးနှောက်ထဲကို...

၆လတစ်ကြိမ် သန်ချရန် (December,2023)

0
ကလေးက ဘယ်နှစ်နှစ် ရှိပြီလေ…အဲဒါ သန်ချဆေး တိုက်လို့ရလား…လူကြီးကရော သန်ချဆေး သောက်လို့ရလား…ဒါမျိုးလေးတွေက မကြာခဏ အမေးများတဲ့ မေးခွန်းလေးတွေပါနော်။ဘာကြောင့်များ သန်ချဆေး တိုက်ရ/သောက်ရမှာကို စိုးရိမ်ပြီး မေးမြန်းနေကြပါလိမ့် ???? ?ငယ်ငယ်က ပြောကြတဲ့…သန်ချဆေးသောက်အပြီး နှာခေါင်းထဲက၊ နားရွက်ထဲက၊ ပါးစပ်ထဲက သန်ကောင်တွေ ထွက်လာလိမ့်မယ် ကြောက်စရာကြီးဆိုတဲ့ အယူအဆမှားတွေကြောင့်များ...

ကလေးတွေကို အစာကျွေးရလွယ်စေမယ့် အချက် (၁၀) ချက်

0
အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို အပတ်စဥ် မျှဝေပေးခဲ့တဲ့အနက် ဒီတစ်ပတ်မှာတော့ ကလေးတွေ အစားကျွေးရ ပိုလွယ်အောင်၊ အစာချေးမများအောင် လုပ်ဆောင်ဖို့အချက် (၁၀) ချက်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါလေးတွေကတော့... . (၁) ကလေးတွေ မီးဖိုချောင်ကို လာရှုပ်တဲ့အခါ (ဒါမှမဟုတ်) ဟင်းချက်နေတာကို လာစပ်စုတဲ့အခါ သူတို့လုပ်နိုင်တာလေးတွေ၊ အန္တရာယ်မဖြစ်တဲ့ဟာတွေ ပေးလုပ်ခြင်းအားဖြင့် အစားအစာကို...

ကလေးတီဘီရောဂါ Childhood TB

0
ကလေးတီဘီရောဂါ (Childhood TB) လွန်ခဲ့တဲ့ ၂ ပတ်လောက်က တယ်လီကျန်းမာ ကလေးအထူးကုဆေးခန်းကို လာပြတဲ့ ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ကလေးမိဘများက အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ ၅ နှစ်အရွယ် ကလေးလေးက မကြာမကြာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဆေးခန်းသွားပြရင် ချောင်းဆိုးပျောက်ဆေးတွေ ပိုးသတ်ဆေးတွေ ပေးလိုက်ရင် သက်သာသွားပြန်ရော... နောက်...

စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး Selective Mutism (October,2023)

0
သင်သိပါသလား..... အခု အောက်တိုဘာလဟာ Selective Mutism Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် Selective Mutism ဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာဆောင်ရွက်သင့်လဲ ဆိုတာလေးကို ပြည်သူလူထုက ပိုမိုသိရှိနားလည်ပြီး သက်ဆိုင်သူတွေကို ပိုကူညီနိုင်ဖို့အတွက် တယ်လီကျန်းမာရဲ့ အထူးကုဆရာဝန်တစ်ဦးက ဗဟုသုတ မျှဝေပေးထားပါတယ်နော်။ ဖတ်ကြည့် လေ့လာကြည့်ကြပါဦး... ???? . ----------------------။...

နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ Atrial Septal Defect (September,2023)

0
နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ (Atrial Septal Defect) Atrial Septal Defect ဆိုတာ နှလုံးရဲ့အပေါ်ခန်း (atria) ကို ပိုင်းခြားထားတဲ့ နံရံ (septum) မှာ အပေါက်ပါတဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်ပါတယ်။ အပေါက်ဟာ အရွယ်အစား ကွဲပြားနိုင်ပြီး သူ့အလိုအလျောက် ပြန်ပိတ်သွားနိုင်သလို၊...

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း School Anxiety, School Refusal, School Avoidance or School Phobia...

0
ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။ ကျောင်းနေအရွယ် ကလေး (၁ - ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁...

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း Gaming Disorder(August,2023)

2
ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း (Gaming disorder) အွန်လိုင်းဂိမ်းတွေ အလွန်ခေတ်စားလာပြီး eSport ဆိုပြီး နိုင်ငံတကာပြိုင်ပွဲတွေပါ ဖြစ်လာတာနဲ့အတူ ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီး ဘဝပျက်သွားတဲ့လူငယ်တွေရဲ့သတင်းတွေလည်း များသည်ထက်များလာပါတယ်။ ကွန်ပြူတာ၊ ဖုန်း စတာတွေ ဝယ်မယ်ဆိုရင်တောင် ဂိမ်းကစားလို့ကောင်းတဲ့ပစ္စည်းဆိုပြီး လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းရွေးချယ်ကြတာ များလာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာရောဂါအုပ်စုခွဲသတ်မှတ်ခြင်း အမှတ်စဉ်...

ကလေးငယ်တွေအတွက် တစ်ကိုယ်ရေသန့်ရှင်း​ရေး Personal Hygiene for Children(August,2023)

0
(ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ????) မင်္ဂလာပါ သားသား မီးမီးတို့​ရေ... အန်တီက တယ်လီကျန်းမာက က​လေးအထူးကုဆရာဝန်ပါ။ တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီး​တွေတင်မက ပရိသတ်ပိစိ​လေး​​​တွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့​ကြောင့် အန်တီက သားသားတို့...

“ ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး” Children and Cough Relief (August,2023)

0
"ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး" ???? ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။ တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို...

တုပ်ကွေးကာကွယ်ဆေး Flu Vaccine(August,2023)

0
မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။ ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။ .. .. ◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ Influenza virus ကြောင့်ဖြစ်တဲ့...

သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)

0
မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။...

ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု

0
"ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု" Nephrotic Syndrome ဆိုတာ ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့သွေးကြောငယ်တွေဟာ သွေးထဲက အညစ်အကြေးတွေနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။ အညစ်အကြေးနဲ့ အရည်တွေဟာ ဆီးအိမ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ဒီလို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့အစိတ်အပိုင်းတွေကို "glomeruli"...

ကလေးများနှင့် သန်ချဆေး

0
ကလေးကို မဖြစ်မနေ သန်ချပေးရမှာလား... မြေကြီးပေါ် ဆင်းမကစားခိုင်းရင်ရော သန်ချပေးရမှာပဲလား ???? ဘယ်အရွယ်ကစပြီး သန်ချပေးရမှာလဲ... ဘာဆေးတွေတိုက်ရမှာလဲ... စသည်ဖြင့် မိဘများမေးတတ်ကြပါတယ်။ ... ... သန်ကောင်တွေအကြောင်း အရင်ပြောကြရအောင်ပါ။ သန်ကောင်များဟာ ခန္ဓာကိုယ်သေးငယ်ကြပေမယ့် ကလေးများအတွက်တော့ ရန်သူတော်ကြီးများပါပဲ။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင် စသည်ဖြင့် သန်ကောင်အမျိုးအစား အများအပြားရှိပြီး အားလုံးကတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးကြတာချည်းပါပဲ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့...

အရိုးပျော့နာ Rickets

0
ကလေးတွေအတွက် မွေးကင်းစ ငယ်စဥ်ဘဝကနေစလို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ်ခံအားတည်ဆောက်နေတဲ့ ကလေးငယ်လေးတွေမှာ ရောဂါပိုးကူးစက်တာ၊ အာဟာရချို့တဲ့တာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ် အသက်အရွယ်နဲ့အလိုက် ကြီးထွားဖွံ့ ဖြိုးဖို့ရယ်နဲ့ ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။...

“ ခဲဆိပ်သင့်ခြင်း ( lead poisoning)”

0
"ခဲဆိပ်သင့်ခြင်း ( lead poisoning)" အခုလို စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေတွေရဲ့ ထုတ်ကုန်တွေ၊ ဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေထဲက အန္တရာယ်ရှိတဲ့ ခဲဆိပ်သင့်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ခဲဆိပ်သင့်တယ် ဆိုတာ… နှစ်ပေါင်းများစွာ (ဒါမှမဟုတ်)...

ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ The Art of Parenting (March, 2023)

0
“ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ” မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေလိုကြပါတယ်။ ကလေးတွေကို အကောင်းဆုံး​​ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေကို ပေးချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေကို အမြဲပျော်ရွှင်ရမယ်လို့ ကျွန်တော်တို့ အာမ မခံနိုင်ပေမယ့် ကလေးတွေအတွက် ကျွန်တော်တို့တွေ ကြိုးစားဖြည့်ဆည်းပေးသင့်ပြီး ဖြည့်လည်းဖြည့်ဆည်းပေးနိုင်တဲ့ အခြေခံအချက်တွေ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေက သူတို့မွေးဖွားလာဖို့အတွက်...

ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်တဲ့ Attention Deficit...

0
Attention Deficit Hyperactivity Disorder (ADHD) ADHD ဆိုတာ ကလေးတွေရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှု စနစ်တကျမဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ADHD ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်ပါတယ်။ ကလေး အယောက် ၂၀၊ ၃၀...

သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ Nappy rash (February, 2023)

0
သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ ( Nappy rash) သေးခံ (Diaper) ဝတ်တဲ့ ကလေးတွေမှာ အရေပြားရောင်ရမ်းပြီး အနီစက်လို အစက်အပြောက် တွေကြောင့် မေမေတို့ စိတ်ညစ်ရဖူးပါသလား? အဲ့တာကို Nappy rash လို့ ခေါ်ပါတယ်။ဒီလိုအစက်တွေက ကလေးငယ်ရဲ့ လိင်အင်္ဂါ၊ တင်ပါး၊ ပေါင်ခြံတို့လို သေးခံ...

ကလေးများနှင့် အားဆေး

0
က​လေးအထူးကုဆရာ​ဝန်တစ်​ယောက်အ​နေနဲ့ ကျွန်မအ​မေးအခံရဆုံးမေးခွန်းတစ်ခုက​တော့... "က​လေးကို ဘာအား​ဆေးတိုက်ရမလဲ" ဆိုတဲ့ ​မေးခွန်းပါပဲ... က​​လေးမိဘ (၁၀​​) ယောက်မှာ (၈​) ယောက်​လောက်က ​မေး​လေ့ရှိကြပါတယ် မ​မေးတဲ့ (၂​) ယောက်ထဲက တ​စ်ယောက်ကလည်း ဆရာဝန်ညွှန်ကြားလို့ဖြစ်​စေ၊ က​​လေးမိဘချင်းက အကြံ​ပေးလို့ဖြစ်​စေ၊ ​ကြော်ငြာကြောင့်ဖြစ်​စေ အား​ဆေးတစ်မျိုးမျိုးကို တိုက်​နေပြီးသားမို့ မ​မေးတာပါ။ က​​လေးက ပိန်​နေလို့ အစား​ကောင်း​ကောင်းမစားလို့ အား​ဆေးတိုက်ချင်ကြတာ များပါတယ်။...

Childhood Obesity(ကလေး အဝလွန်ခြင်း) (December, 2022)

0
ကျွန်မတို့ရဲ့ ကလေး ဝတုတ်လေးများ ကလေး ဝဝကစ်ကစ်လေးတွေဆို ကျွန်မတို့ လူကြီးတွေ သိပ်ချစ်ကြတာ။ ကလေးဝတုတ်လေးတွေဆို ချစ်ကြလွန်လို့ လုံးလုံး / ဆူမို / ဖောင်းဖောင်း လို့တောင် အိမ်နာမည်လေးတွေပေးကြတာနော်( ဒီလိုနာမည်ကလေးတိုင်း ဝတယ်မဆိုလိုပါဘူးနော်) တကယ်တော့ ကလေး အဝလွန်ခြင်း (Childhood Obesity) ဟာ ရောဂါတခုပါ။ ၅နှစ်ကျော်ကနေ...

ကလေးများနှင့် ချောင်းဆိုးပျောက်ဆေး

0
ဘိုးဘိုးဘွားဘွား ဖေဖေမေမေ ဦးဦးဒေါ်ဒေါ်တို့ရေ... အခုဆိုရင် ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အလျောက် ကလေးလေးတွေ မကြာမကြာနှာစေးချောင်းဆိုးတတ်ကြလို့ စိတ်ပူနေကြရပြီ ထင်ပါတယ်နော်။ မကြာသေးခင်ကမှ ဂမ်ဘီယာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကလေးလေးတွေရဲ့ သတင်းဆိုးကိုလည်း ကြားထားကြမှာပါ။ ဒီတော့ ချောင်းဆိုးပျောက်ဆေးတွေကို တိုက်ရမလား မတိုက်ဘဲ နေရမှာလား စဥ်းစားပူပန်နေကြရမှာမို့ ချောင်းဆိုးပျောက်ဆေးတွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ချောင်းဆိုးပျောက်ဆေးအကြောင်းမပြောခင် ကလေးလေးတွေ မကြာမကြာဖြစ်တတ်တဲ့ အအေးမိ...

ကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့တဲ့ ရောဂါအကြောင်း (November, 2022)

0
မွေးကင်းစကလေးငယ်တွေဘဝမှာ လိုအပ်တဲ့အာဟာရတွေ တစ်နည်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့ အလွန်အရေးကြီးလှပါတယ်။ ဒီနေ့မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1ချို့တဲ့တဲ့ ရောဂါအကြောင်းကို ဖော်ပြလိုပါတယ်။ Infantile Beriberi ရောဂါဟာ မြန်မာနိုင်ငံက မွေးကင်းစ နို့စို့အရွယ်ကလေးတွေမှာ တော်တော့်ကို အဖြစ်များတဲ့...

ကလေးများ ချောင်းဆိုးပျောက်ဆေးရည်သောက်ပြီး ကျောက်ကပ်ပျက်ကာသေဆုံးရခြင်း အကြောင်း

0
ဒီနေ့ဖတ်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် တယ်လီကျန်းမာ စာဖတ်ပရိသတ်တွေကို အရေးတကြီး အသိပေးစရာတစ်ခု ဖြစ်လာတယ် ဆောင်းတွင်းရောက်ရင် နှာစေး ချောင်းဆိုး အဆုတ်ပွ အစရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ အဖြစ်များတာ အားလုံးအသိ....အထူးသဖြင့် ကလေးငယ်တွေမှာ နမိုးနီးယား အဆုတ်ပွတဲ့ (ARI) ရောဂါတွေဟာ ဆောင်းတွင်းဆို အားကြီးဖြစ်ကြတာ... ဒါနဲ့ပတ်သက်ပြီး... တလောလေးက ဂမ်ဘီယာနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်တချို့ကြောင့် ကလေးငယ်...

ဆုံဆို့နာရောဂါအကြောင်း သိမှတ်ဖွယ်ရာ (Diphtheria)

0
ဒီနေ့မှာတော့ အဖြစ်များတဲ့ ရောဂါတွေထဲကမှ Diphtheriaလို့ခေါ်တဲ့ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ ဆုံဆို့နာဆိုတာကတော့ Corynebacterium diphtheriae လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဝင်ရောက်ကူးစက်တာဖြစ်ပြီး လူတစ်ယောက်ကနေတစ်ယောက်ကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ? လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ ဖျားတာနဲ့ အရင်စလေ့...

ကလေးငယ်များနှင့် အာဟာရ (September, 2022)

0
မိဘတိုင်းရဲ့ဆန္ဒက ကိုယ့်ရင်​သွေး​လေးကို ဝဝဖြိုးဖြိုး ကျန်းကျန်းမာမာ ဖြစ်​စေချင်ကြတာချည်းပါပဲ၊ ဒါ​ကြောင့်လဲ မိဘများက မိမိတို့ရဲ့ရင်​သွေး​လေး​တွေကို အစားအ​သောက် ဘယ်လိုကျွေး​မွေးကြရမလဲ ဆိုတာကို သိချင်ကြပါတယ်။ က​​လေး​​​လေး​တွေကို အသက်အရွယ်အလိုက် ​ကျွေး​မွေးသင့်တဲ့ အစားအ​သောက်ပုံစံ​လေး​တွေကို ​ပြောပြပါရ​စေ။ ​* မွေးစမှ အသက်(၆)လ အထိ မိခင်နို့ တစ်မျိုးတည်း တိုက်​ကျွေးရပါမယ်။ * အသက်(၆)လမှ စပြီး...

Epilepsy (အတက်ရောဂါ) (September, 2022)

0
Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် "တက်" နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့... ၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်....အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။...

လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း Social phobia ( September, 2022 )

0
Social phobia (လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း) သင်ဟာ လူကြောက်တတ်သူ တစ်ယောက်လား❓ Social phobia ဆိုတာ❔ ကျွန်တော်တို့ လူသားတွေအတွက် ဟောပြောပွဲ၊တွေ့ဆုံပွဲစတဲ့ အခမ်းအနားတွေမှာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့တယ်ခံစားရတာ ပုံမှန်အခြေအနေတစ်ခုပါ။ ဒါပေမယ့် Social phobia( social anxiety disorder) ရှိတဲ့သူတွေမှာဆိုရင်တော့ နေ့စဉ် လူမှုဆက်ဆံရေးမှာ...

ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ Childhood Asthma (September,2022)

0
ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ (Asthma) ကလေးတွေ တဟွတ်ဟွတ်နဲ့ ချောင်းဆိုနေပြီ၊ ချွဲထနေပြီ၊ ရင်ကျပ်လာပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားမိလို့လား၊ အအေးမိတုပ်ကွေးများလား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာများလား၊ ဘာနဲ့များ ဓာတ်မတည့်လို့လဲ....စသဖြင့်ပေါ့နော်။ နောက်ထပ် ထည့်တွက်စရာ အခြေအနေတစ်ခုက ကလေးမှာ ပန်းနာရင်ကျပ်များ ဖြစ်နေမလားဆိုတာပါပဲ။ “ပန်းနာရင်ကျပ်” ဆိုတာ အဆုတ်ထဲက လေပြွန် (bronchus)တွေ...

Gastroenteritis (က​လေးငယ်များ ဝမ်း​လျှောခြင်း) ( August, 2022 )

0
က​လေးငယ်များ ဝမ်း​လျှောခြင်း ကိုယ့်ကလေးလေး ဝမ်းတွေလျှောနေရင် ထူပူပြီး ဘာလုပ်ရမှန်းမသိတဲ့ ဖေဖေမေမေတို့အတွက် တကယ်အကျိုးရှိစေမယ့် ပိုစ့်လေးပါနော် ???? ❓ကလေးတွေ ဝမ်း​လျှောတယ်လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ က​​လေးတစ်​ယောက် သူပုံမှန်သွား​နေကျဝမ်းထက် အကြိမ်​​ရေပိုများလာရင် ဒါမှမဟုတ် ပို​ပျော့လာရင် ဝမ်း​လျှောတယ်လို့ သတ်မှတ်ပါတယ်။ ❓ဘာ​ကြောင့် ဝမ်း​လျှောလဲ အများစုက​တော့ Virus​တွေ bacteria ​တွေ​ကြောင့် ဖြစ်ပါတယ်... အဲ့ဒီ Virus​တွေ Bacteria​တွေဟာ...

မွေးကင်းစကလေး အသားဝါခြင်း Neonatal Jaundice ( August, 2022 )

0
မွေးကင်းစကလေး အသားဝါခြင်း(Neonatal Jaundice) မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ အသားဝါရောဂါဟာ အထူးဂရုပြုရမယ့်ရောဂါတစ်ခုဖြစ်ပြီး မေမေတို့မဖြစ်မနေသိထားသင့်တဲ့အကြောင်းတွေ၊ မိမိရင်သွေးငယ်လေးအသားဝါဖြစ်နေတာကို ဘယ်လိုသိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် ဘာတွေဆောင်ရွက်ရမလဲ နဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို ပြောပြပေးသွားပါမယ် ကလေးအသားဝါစေတဲ့ အဝါဓာတ် (သို့) Bilirubin သွေးနီဥပျက်စီးပြိုကွဲပြီး အတွင်းက ဟေမိုဂလိုဘင် (Haemoglobin) ဓာတ်ပစ္စည်းပြိုကွဲတဲ့အခါ Bilirubin...

ကလေးများ အကြားအာရုံချို့ယွင်းခြင်း Hearing Problem in Children ( July, 2022)

0
ကလေးများ အကြားအာရုံချို့ယွင်းခြင်း ချစ်ရတဲ့ရင်သွေးငယ်‌တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။ မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းက‌နေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။ ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း...

မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ Benefits of Breast Feeding ( July, 2022)

0
မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ ( July, 2022 ) လူသားတစ်ဦးအတွက် မိခင်ဝမ်းမှထွက်ပြီး ပထမဦးဆုံးစားသုံးရသောအရာမှာ မိခင်နို့ပင်ဖြစ်ပေသည်။ မိခင်နို့ရည်သည် ကလေးဘဝကျန်းမာရေး အတွက်အတွက်သာမက ၊ ကလေးအရွယ်ရောက်ချိန်အထိ ကျန်းမာရေးအတွက်အရေးကြီးပါသည်။  မိခင်နို့ တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးက ဘာတွေဖြစ်မလဲ ? မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက်ရော မိခင်အတွက်သာမက မိသားစုအတွက်...

အော်တစ်ဇင် ကလေးငယ်များ Autism Spectrum Disorder( July, 2022)

0
အော်တစ်ဇင် ကလေးငယ်များ အားလုံးပဲ မိမိပတ်ဝန်းကျင်မှာ အော်တဇင်လို့ ပြောပြောနေတဲ့ ရောဂါတစ်ခုအကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ တော်တော်များများ အမေးများနေကြတဲ့ autism spectrum disorder လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Autism Spectrum disorder (ASD) ဆိုတာ ဘာလဲ? • ASD ဆိုတာကတော့ ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့...

ဒေါင်းစင်ဒရုန်းရောဂါ Down Syndrome ( July, 2022 )

0
ဒေါင်းစင်ဒရုန်း (Down syndrome) ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး အရပ်ထဲ မကြာခဏကြားဖူးကြမှာပါ။ ဒီရောဂါက အဖြစ်များတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါင်းစင်ဒရုန်းရောဂါဟာ ဘာကြောင့်ဖြစ်တာလဲ ဘယ်သူတွေမှာ ဖြစ်တာလဲဆိုတာတွေကို ဗဟုသုတ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ❓Down Syndrome ဆိုတာ ဘာလဲ • ပုံမှန်ဆိုရင်...

သွေးလွန်တုပ်ကွေးရောဂါ (ရုပ်/သံ)

0
သွေးလွန်တုပ်ကွေးရောဂါ (ရုပ်/သံ) သွေးလွန်တုပ်ကွေးရောဂါနှင့် သိမှတ်လိုက်နာရန်အချက်များ (ဇွန်၊ ၂၀၂၁) https://tinyurl.com/NUGMOHDengue1 သွေးလွန်တုပ်ကွေးရောဂါအကြောင်း (စက်တင်ဘာ၊ ၂၀၂၁) https://tinyurl.com/NUGMOHDengue2 သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိမှတ်စရာများ (မေ၊ ၂၀၂၂) https://tinyurl.com/NUGMOHDengue3 ခြင် မရှိ = သွေးလွန်တုပ်ကွေး မဖြစ် (ဇူလိုင်၊ ၂၀၂၂) https://tinyurl.com/NUGMOHDengue4 သွေးလွန်တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ (ဇူလိုင်၊ ၂၀၂၂)...

စကားထစ်တဲ့ကလေး ( June, 2022 )

0
စကားထစ်တဲ့ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်က အသက်ကြီးတဲ့အထိ အကျင့်ပါသွား နိုင်ပါတယ်။ စောစောသိပြီး စောစော ပြုပြင်ပေးနိုင်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။ နုနယ်တဲ့ကလေးတစ်ယောက်ဘဝမှာ စကားထစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကတစ်ဆင့် ကြီးတဲ့အထိ လူတောမတိုးဝံ့တဲ့ဘဝမျိုး မဖြစ်ရအောင် ကူညီဖေးမပေးနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့...

ကလေးတွေ မကြာခဏ ငိုယိုသောင်းကျန်း၊ ဂျီကျတဲ့ အကြောင်းအရင်း ၄ ချက် ( June,2022)

0
ကလေးတွေ မကြာခဏ ငိုယိုသောင်းကျန်း၊ ဂျီကျတဲ့ အကြောင်းအရင်း ၄ ချက် ( June,2022) (ကလေးအပြုအမူဆိုင်ရာ ပြသနာများ) လမ်းလျောက်တတ်စကနေ ကျောင်းနေစကလေးတွေ အော်ဟစ် ငိုယိုသောင်းကျန်းကြတဲ့ အကြောင်းရင်းအများအပြားရှိပါတယ်။ အများအားဖြင့် ထူးထူးထွေထွေ ပြသနာတွေကြောင့်မဟုတ်ဘဲ - ဗိုက်ဆာလို့ - အိပ်ရေးမဝလို့ - စိတ်လှုပ်ရှားလို့ - စိတ်ရှုပ်ထွေးလို့ - ပျင်းလို့ - လိုချင်တာမရလို့ စတဲ့...

လက်မ စုပ်တဲ့ကလေး Thumb Sucking Baby ( June, 2022 )

0
“လက်မ စုပ်တဲ့ကလေး” ကလေးပိစိလေး လက်မ (သို့) လက်ချောင်းလေးတွေ စုပ်နေရင် မေမေတို့အတွက် ချစ်စရာကောင်းတယ်ထင်သမျှ နည်းနည်းလေးကြီးလာလို့ ဒီအကျင့်က ဆက်ရှိနေသေးရင် မေမေတို့ စိတ်ထဲမှာ သရိုးသရီဖြစ်လာပါပြီ။ ကလေးလက်စုပ်တာနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်သံတွေ၊ အကြံပြုခေါင်းလောင်းသံတွေ စမြည်လာပါပြီ။ အဲဒီအခါ ကလေးက လက်မစုပ်နေတာနဲ့ အတင်းဆွဲဖြုတ်၊ ကလေးလေးကစိတ်ဆိုးပြီး...

Dealing with Child Behavior Problems ( ကလေးတွေ ငိုယိုသောင်းကျန်း၊ ဂျီကျချိန် ကိုင်တွယ်ဖြေရှင်းနည်း (၇)...

0
ကလေးတွေ ငိုယိုသောင်းကျန်း၊ ဂျီကျချိန် ကိုင်တွယ်ဖြေရှင်းနည်း (၇) ချက် ( June, 2022 ) ===================================== တစ်နေ့လုံး မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်စျေးဝယ်အပြီး အိမ်ပြန်မယ်ဆိုတဲ့အချိန် ကလေးက ဗြုန်းဆို စျေးဝယ်စင်တာကြမ်းပြင်ပေါ်လှဲချ၊ တဗြဲဗြဲအော်ငို ၊ ခေါ်မရ၊ ချော့မရ။ ပတ်ဝန်းကျင်ကလည်း ကွက်ကြည့်ကွက်ကြည့်၊ အဖေလုပ်သူက ဒေါသတွေထွက်၊...

G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ “ G6PD Deficiency” ( June, 2022 )

0
G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ (G6PD Deficiency) ❓ G6PD ချို့တဲ့တယ်ဆိုတာ ဘာလဲ G6PD ဆိုတာ Glucose-6-Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါ။ G6PD အင်ဇိုင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဥ်မှာပါဝင်ပြီး ၊ သွေးနီဥတွေကိုအလွယ်တကူ မပြိုကွဲမပျက်စီးအောင် ကာကွယ်ပေးထားတဲ့...

ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )

0
လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။ Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။ ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ...

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

0
သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် Chickenpox ( May, 2022 )

0
ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် ရေကျောက်ကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားမှာ အဖုအပိမ့်အနီကွက်တွေထတဲ့ ရောဂါပဲဖြစ်ပါတယ်။ ရောဂါက ပျော့ပြီး သူ့ဘာသာသူပျောက်ကင်းတဲ့ ရောဂါလို့ဆိုပေမယ့် မွေးကင်းစကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ လူကြီးတွေမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ ❓ဘာကြောင့် ရေကျောက်ပေါက်တာလဲ • Varicella zoster လို့ခေါ်တဲ့...

ကလေးငယ်များဖျားပြီး တက်ခြင်း Febrile Convulsion ( May, 2022 )

0
ကလေးငယ်များဖျားပြီး တက်ခြင်း မိမိကလေးငယ်ဖျားပြီးတက်နေရင် စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် ဖျားပြီးတက်တဲ့ febrile convulsion အကြောင်းလေးတင်ပြလိုက်ပါတယ်။ ❓ဖျားပြီးတက်တာ ဘယ်လိုကလေးငယ်တွေမှာဖြစ်တတ်တာလဲ များသောအားဖြင့် ၆လအရွယ်မှ၆နှစ်အရွယ်အထိကလေးငယ်တွေ သားယောင်္ကျားလေးတွေမှာအဖြစ်များပါတယ် မေမေဖေဖေတို့ငယ်ငယ်တုန်းကလည်း ထိုနည်းတူစွာဖျားပြီးတက်ခဲ့တဲ့ရာဇဝင်ကို တွေ့လေ့ရှိပါတယ် ❓ဘယ်လိုအဖျားမျိုးကတက်စေတာလဲ ဖွံဖြိုးဆဲဖြစ်တဲ့ကလေးရဲ့ဦးနှောက်က အဖျားတက်တာကို တုံ့ပြန်မှုလွန်ကဲတာကြောင့် တက်တာပါ။ အများအားဖြင့် အဖျား 100°Fကျော်တဲ့အခါ (သို့) ရုတ်တရက် အဖျားတက်တဲ့အခါမျိုးမှာ တက်တတ်ပါတယ်။ ရာသီတုပ်ကွေးအပါအဝင် virusတော်တော်များများကြောင့်...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

0
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...

ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )

0
ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့...

ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း Fever With Rash In Children ( April, 2022 )

0
ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း ဖျားပြီး အ​ရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ က​လေးငယ်​တွေမှာအဖြစ်များပြီး မိဘ​တွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုက​​တော့ virus ပိုး​​​တွေ​ကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မ​ပေးတတ်ပါဘူး။ ဖျား​ပေမယ့် က​လေးကလန်းဆန်းမယ်၊ အစား​ပုံမှန်ဝင်မယ်၊ အရည်/နို့​ကောင်း​ကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်​တွေဟာ...

စာလေ့လာမှုခက်ခဲခြင်း Dyslexia ( April, 2022 )

0
Dyslexia (စာလေ့လာမှုခက်ခဲခြင်း ) ဖေဖေ မေမေတို့ရဲ့ သားသမီးရတနာလေးတွေ စာပေလေ့လာမှုမှာ ခက်ခဲနေတာမျိုးရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပြီးပြီလား❓ ကလေးတွေ ကျောင်းမှာစာလေ့လာရတာအဆင်ပြေရဲ့လား၊ အိမ်စာတွေလုပ်နိုင်ရဲ့လား၊ စာလိုက်နိုင်ရဲ့လားဆိုတာဟာ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။ Dyslexia (စာလေ့လာမှုခက်ခဲခြင်း) ဆိုတာဟာ စာဖတ်ခြင်း၊ စာရေးသားခြင်း နဲ့ စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိနေခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်​ Book , Cat...

ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး Encopresis (March, 2022)

0
???? ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး (Encopresis) ???? အပြင်သွားခါနီး ရေချိုးအဝတ်အစားလဲပြီးချိန်/ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားသောက်နေတဲ့အချိန် “အီးပါချလိုက်ပြီ” ဆိုပြီး ကိုယ့်ကလေးက မျက်နှာငယ်လေးနဲ့ လာပြောတာကို ကြုံဖူးကြပါမှာပါ။ အီးပါ၊ရှူးပေါက်ချင်ရင် ပြောပြတတ်အောင် သင်ပေးထားရက်နဲ့ ဘောင်းဘီထဲ အီးအီးပါချလိုက်တာက ဖေဖေ၊ မေမေတို့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေမှာပါ။...

ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် Soothing A Crying Baby (...

0
???? ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် ???? တချို့ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီးငိုလွန်းတာမျိုး/ ချော့ဖို့လိုအပ်တာမျိုးရှိပါတယ်။ တကယ်တော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကို တုန့်ပြန်ပုံခြင်းမတူကြလို့ပါ (ဥပမာတခုအနေနဲ့ပြောရရင် တချို့လူတွေက စကားကို တိုးတိုးပြောတတ်ပေမယ့် တချို့က ကျယ်ကျယ်ပြောတတ်တယ်၊ တချို့အချင်းချင်းစိတ်ဆိုးစိတ်ကောက်ကြရင်...

ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ Shaken Baby Syndrome ( March, 2022...

0
???? Shaken Baby Syndrome သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ ???? ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ မတိုင်ခင်အထိ အသက် (၂) နှစ်ခွဲအရွယ် Austin လေးဟာ သာမန်ကလေးတွေလိုပဲ လမ်းလျှောက်တယ်၊ ကစားရတာကြိုက်တယ်၊...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

0
ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis

0
"ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊...

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infections (UTI) in Children

0
ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း =============================== ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ ဘယ်လိုဖြစ်တာလဲ ? ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ၀င်သွားလို့ပါ။ အများအားဖြင့် စအို၀၊...

Hand, Foot, and Mouth Disease (HFMD) (January 2022)

0
Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...

ကလေးသူငယ်ကျန်းမာရေး