“ ဆံပင်ကျွတ်ခြင်းအကြောင်း ပြောပြမယ် ၊ ခင်ပျိုမေတို့နားထောင်ကွယ်”

“ ဆံပင်တွေ အရမ်းကျွတ်တာပဲ” ဆိုပြီး ခင်ပျိုမေတော်တော်များများ ညည်းညူဖူးကြမှာပါ။ ဒါဆို ဘာကြောင့် ဆံပင်ကျွတ်ရတယ်၊ ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာတွေကို ဗဟုသုတအလို့ငှာ မျှဝေပေးသွားမယ်နော်။

ခင်ပျိုမေတို့ရဲ့ဆံပင်တွေဟာ သဘာဝအရ ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက်…စတဲ့သဘောတရားရှိတာကိုတော့ ဦးစွာနားလည်ထားရပါမယ်။

တစ်ရက်ကို ဆံချည်မျှင်(၅၀)ကနေ (၁၀၀)အထိဟာ ပုံမှန်ကျွတ်လေ့ရှိပြီး ဆံချည်တစ်မျှင်တိုင်းဟာ ၃ – ၅ နှစ်အတွင်း ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက် ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ခေါင်းအုံး၊ အိပ်ရာခင်းပေါ်မှာ ကျွတ်နေတဲ့ ဆံစတွေများလာတာ၊ ခေါင်းလျှော်တိုင်း အထွေးလိုက်ကျွတ်တာ၊ သိသိသာသာ ဆံပင်အုံပါးလာတာ စတာတွေကတော့ ပုံမှန်မဟုတ်တဲ့ ဆံပင်ကျွတ်ခြင်းပါပဲ။

ဘာကြောင့် ဆံပင်တွေ ကျွတ်ရတယ်…????
✔️မျိုးရိုးလိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ ဖျားနာတာနဲ့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် ဆံပင်ကျွတ်စေပါတယ်။

ဆံပင်ကျွတ်ခြင်း အမျိုးမျိုးရှိပါတယ်????
1️⃣ ???????????????????????????????????????????????? ???????????????????????????????? (ထိပ်ပြောင်ခြင်း)
များသောအားဖြင့် အမျိုးသမီးတွေ အသက် (၆၀) ဝန်းကျင်ရောက်လာတဲ့အခါ Androgens လို့ခေါ်တဲ့အမျိုးသားဟော်မုန်းများလာခြင်းကြောင့် ဦးခေါင်းထိပ်မှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။

2️⃣ ???????????????????????????????? ????????????????????????
ဒီအခြေအနေမှာတော့ ဦးရေပြားရဲ့ မွေးညင်းပေါက်အတွင်းကကျွတ်ထွက်ပြီး အကွက်လိုက် ပြောင်ချောချောကျန်ခဲ့တဲ့ အထိပါပဲ။ အကွက်သေးသေးလေးဆို တစ်နှစ်လောက်ကြာတဲ့အခါ ဆံပင်ပြန်ထွက်လာတတ်ပြီး အချို့လည်း တစ်သက်လုံးပြန်မပေါက်လာတော့ပါဘူး။ ဆံပင်သာမက မျက်ခုံးမွှေးတို့ဘာတို့မှာလည်း အဲလို အကွက်လိုက်ကျွတ်တတ်ပါ‌သေးတယ်။

3️⃣ ???????????????????????????? ???????????????????????????????? ????????????????????????????????
ဒါကတော့ ရှင်းပါတယ်။ ဆံပင်ကို တင်းကျပ်စွာစည်းနှောင်ထားခြင်း၊ အထူးသဖြင့် ညအိပ်ရာဝင်ချိန် ဆံပင်ကို ဖိမိခြင်း၊ ကျပ်တည်းအောင်စည်းမိခြင်း စတာကြောင့် ဖြစ်တတ်ပါတယ်။

4️⃣ ???????????????????????????? ????????????????????????????????
???????????????????????????? ???????????????????????????????? မှာ သုံးမျိုးထပ်ခွဲထားပါတယ်။

1. Telogen effuvium
ကိုယ်နဲ့စိတ်ဖိစီးမှုများခြင်းကို (၂လ – ၄လ)လောက်ခံစားရချိန်မှာ ဆံပင်တွေ တစ်စတစ်စ ကျွတ်လာတတ်ပါတယ်။ ဒီလို ဆံပင်ကျွတ်တဲ့သူ ၅၀% လောက်မှာ သိသိသာသာ ဆံပင်ပါးသွားတာမျိုး ကြုံရတတ်ပါတယ်။ ခေါင်းဖြီးချိန်၊ ခေါင်းလျှော်ချိန်များမှာ ပုံမှန် (၅၀-၁၀၀) လောက် ကျွတ်ရာကနေ အပင်ရေ ၁၅၀ ကျော်အထိ အထွေးလိုက် ဦးရေပြားကနေ ကျွတ်ထွက်လာပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာသာမက အာဟာရမလုံလောက်ခြင်း၊ ဝိတ်ချနေသူများတွင် အစားရွေးခြင်း၊ ပြင်းထန်စွာဖျားနာခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခွဲစိတ်မှု (သို့) မတော်တဆမှုတစ်ခုခုကြောင့် နောက်ဆက်တွဲဝေဒနာခံစားရခြင်း၊ ဓာတ်မတည့်ခြင်းနှင့် ဆေးဝါးသောက်သုံးမှုများကြောင့်လည်း ဒီလိုဆံပင်ကျွတ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ ခင်ပျိုမေတို့ အများစု ကြုံရတဲ့ ဆံပင်ကျွတ်ခြင်းပေါ့နော်။

2. Chronic telogen effuvium
သွေးဆုံးကိုင်ချိန်နဲ့ သွေးမဆုံးခင်မှာ ဖြစ်တတ်တဲ့ ဆံပင်ကျွတ်ခြင်းမျိုးပါ။ ဆက်တိုက်ကျွတ်လိုက်၊ ခဏပြန်သက်သာလိုက်၊ ပြန်ကျွတ်လိုက်နဲ့ ရက်အတန်ကြာ သံသရာလည်နေတတ်ပါတယ်။ သဘာဝအတိုင်းဖြစ်တာကြောင့် ထိပ်ပြောင်တဲ့အထိ စိုးရိမ်စရာမလိုပဲ သူ့အလိုလိုပြန်သက်သာသွားမှာပါ။

3. Drug – induced alopecia
Cytotoxics ( ကင်ဆာဆေးများသွင်းခြင်း၊ ဓာတ်ရောင်ခြည်ခံယူခြင်း)၊ Warfarin နဲ့ Heparin လို anticoagulant ဆေးဝါးများသောက်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းနဲ့ အခြားဟော်မုန်းဆေးဝါးများသောက်သုံးခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါသေးတယ်။

ဒါဆို ခင်ပျိုမေတို့ ဘာကြောင့်ဆံပင်ကျွတ်ကြလဲ သိရပြီပေါ့နော်။ ဆံပင်အုံထူပြီး ပြန်လည်သန်စွမ်းနက်မှောင်လာအောင် လုပ်ရမယ့်နည်းလမ်းလေး ပြောပြပါဦးဆို..????
????ရေများများသောက်ပါ။
????အစာအာဟာရစုံအောင်စားပါ။
????အိပ်ရေးဝဝအိပ်ပါ။ အနားယူပါ။
????သင့်တော်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆံကေသာအလှပြင်ပစ္စည်းများ သုံးပါ။
????‍⚕️ဆရာဝန်ညွှန်ကြားချက်အရ စိတ်ချရတဲ့ ဆေးဝါးများ၊ ကုသမှုများ ခံယူပါ။

အကယ်၍ ရောဂါ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် ဆံပင်ပြန်ပေါက်ဖို့ကြာနေလည်း စိတ်ဓာတ်မကျပါနဲ့နော်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဆံပင်တု လှလှလေးတွေတပ်လို့ရပါတယ်။????‍????

နောက်နေ့တွေမှာလည်း ခင်ပျိုမေတို့အတွက် ကျန်းမာရေးဗဟုသုတတွေကို တယ်လီကျန်းမာ Pageမှ မျှဝေပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော် ❤️

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.83.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.