Spinal Cord Injury လို့ ခေါ်တဲ့ အာရုံကြောမကြီး ထိခိုက်မိရင် ပြန်ကောင်းနိုင်ပါ့မလား လို့ စိတ်ပူကြရပါတယ်။
ဒါကတော့ ရဲဘော်တစ်ယောက် Airstrike ကြောင့် Cervical Spinal Cord Injury ရပြီး Quadriplegia လို့ခေါ်တဲ့ လေးဘက်လုံး လှုပ်လို့ မရတော့တဲ့ လူနာ ကို ၄ လ အတွင်း လမ်းပြန်လျှောက်နိုင်အောင် (ASIA B to ASIA D in 4 months) ကုသမှုပေးခဲ့တဲ့ မှတ်တမ်းလေး ဖြစ်ပါတယ်။
“ ကျွန်မ နာမည် နန ပါ။ ကျွန်မက ရဲဘော် တစ်ယောက်ပါ။ တစ်ရက်မှာ လေယာဉ်ဗုံးကြဲ ခံရပြီး လည်ပင်းအာရုံကြောမကြီး ထိခိုက်ပြီး လက်တွေ ခြေထောက်တွေ လှုပ်မရတော့ပါဘူး။ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်မှာ လမ်း ပြန်လျှောက်နိုင်မယ့် လေ့ကျင့်ခန်း လုပ်ရမယ် လို့ ပြောခဲ့ပါတယ်။
အိပ်ယာထဲ နေနေရတဲ့ ၂ လ မှာ လက်တွေ ခြေထောက်တွေ ပြန်ကောင်းအောင် လေ့ကျင့်ခန်း လုပ်နေခဲ့ရတယ်။ လည်ပင်း စ ကောင်းတဲ့ အချိန်မှာ အထိုင်ကျင့်ခဲ့ရတယ်။ အာရုံကြောတွေ စ ကောင်း လာတော့ ပိုပြီး နာလာတယ်။ ကျဥ်လာတယ်။ အာရုံကြောခံစားမှုတွေ ကောင်းလာတာမို့ စိတ်ဓါတ် မကျဘဲ လေ့ကျင့်ခန်း ဆက်လုပ်ဖို့ လိုပါတယ်။
အခု ၄ လ မှာ လမ်း ပြန်လျှောက်နိုင်ပြီ။ နောက်တစ်လဆို လူကောင်းအတိုင်း ဖြစ်ပါတော့မယ်။ ပြီးရင် စစ်ရေးလေ့ကျင့်ခန်း ပြန်လုပ်ပြီး ကျရာတာဝန်ကို ထမ်းဆောင်ပါမယ်။
ကျွန်မလိုပဲ လည်ပင်း၊ ကျော၊ ခါး အာရုံကြောမကြီး ထိခိုက်မိသူတွေ တယ်လီကျန်းမာမှာ ပြသပါ။
ညွှန်ကြားထားတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။
ချိန်းတဲ့ အတိုင်း ပြန်ပြပါ။
လူကောင်းတစ်ယောက် ပြန်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။”
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.