အရေပြားလေးဖက်နာအကြောင်း (SLE)

0
71

ဒီနေ့မှာတော့ လက်ရှိ အမျိုးသမီးသတ်လတ်ပိုင်းတွေအကြား တကယ်ကိုနာမည်ကြီးပြီး celebrity ဖြစ်တဲ့၊ အဖြစ်များရောဂါတစ်ခုဖြစ်တဲ့ အရေပြားလေးဖက်နာ (SLE) နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်လို့ပါရှင်။

အမှန်တော့ SLE အကြောင်း အသေးစိတ်ပြည့်ပြည့်စုံစုံကို ကျွန်မတို့ရဲ့ တယ်လီကျန်းမာ Youtube channel မှာ “ ဆရာ ဆုတောင်းပြည့်” က တင်ဆက်ထားဖူးလို့ ဒီ Youtube link လေးမှာ ကြည့်လို့ရပါတယ်။

ကျွန်မကတော့ SLE အကြောင်း အကျဉ်းချုပ်နဲ့ လက်ရှိ SLE လူနာတွေရဲ့ လူတွေကြား ခွဲခြားဆက်ဆံခံရတာ … Shaming လုပ်ခံရတဲ့အကြောင်း တင်ပြချင်ပါတယ်ရှင်။

Systemic Lupus Erythematosus

SLE ဆိုတာကတော့ သူ့နာမည်တိုင်း Systemic လူကိုယ်ခန္ဓာတစ်ခုလုံး အသက်ရှူဆိုင်ရာ၊ ဆီးနှင့်ကျောက်ကပ်၊ အာရုံကြော စတဲ့စနစ်အားလုံးကို လိုက်လံတိုက်ခိုက်နေပြီး၊ Lupus ဆိုတာကတော့ အရေပြားပါ။ Erythematosus ဆိုတာကတော့ အနီပြင်တွေ အရေပြားပေါ် ပေါ်လာခြင်းပါ။

ခြုံပေါ်ရရင် သူ့မြန်မာနာမည် အရေပြားလေးဖက်နာဆိုတဲ့တိုင်း ကိုယ်ခန္ဓာတစ်ခုလုံး အရေပြားမှာ အနီကွက်တွေထမယ်၊ အရေပြားလန်တာဖြစ်မယ်၊ အဆစ်အမြစ်တွေ ကိုက်ခဲတာတွေဖြစ်တတ်ပြီး သူကိုယ်တိုင်က Autoimmune လို့ခေါ်တဲ့ ကိုယ့်ရဲ့ခုခံအားစနစ် (Immune system) က ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာမို့ ရောဂါပြင်းထန်မှုက ဆုံးဖြတ်ရတအားခက်ပါတယ်။

နောက်တစ်ခုက စစ်တမ်းတွေအရ SLE ဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် (၉) ဆ ပိုအဖြစ်များပြီး (၁၅-၄၅) နှစ်ကြား အတွေ့များတတ်ပါတယ်။ ပြောရရင် တကယ်ကို လှပပြီးတက်ကြွတဲ့အရွယ်လေးတွေမှာ အဖြစ်များတာပါ။

ရောဂါလက္ခဏာတွေက တချို့မှာ အဆစ်မြစ်ရောင်တာ၊ နုံးလွယ်တာလောက်ပဲရှိပေမယ့် တချို့ကတော့ ဆေးကုသမှုခံယူရင်းကို ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောင်တာ စတဲ့ Systemic လူခန္ဓာကိုယ်စနစ်ကြီးတွေ ထိခိုက်တဲ့အထိ ဖြစ်တတ်ပါတယ်။

မြင်သာအောင်ပြောရရင် ကမ္ဘာကျော်အဆိုတော် Selena Gomez တို့လို အကောင်းဆုံးဆေးကုသမှုတွေ ခံယူရင်းတောင် SLE Nephropathy ဆိုတဲ့ ကျောက်ကပ်ထိခိုက်မှုကြောင့် ကျောက်ကပ်အစားထိုးရတဲ့ထိ ကုသမှုခံယူခဲ့ရပါတယ်။

SLE autoimmune သမားတွေရဲ့ ကုသမှုတွေမှာ အများအားဖြင့် Steriod တွေ၊ ကင်ဆာအတွက်အသုံးပြုတဲ့ Chemotherapy တွေမှာပါတဲ့ တချို့ဆေးတွေပါဝင်တတ်လို့ ဒီဆေးတွေရဲ့ ဒဏ်တချို့ဖြစ်တဲ့ အဝလွန်တာ၊ ဖောတာ၊ ဆံပင်ကျွတ်တာအပြင် ကိုယ်ခန္ဓာမှာ အာရုံကြောထိခိုက်တာ၊ ကျောက်ကပ်ထိတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။

⭐️⭐️⭐️

  • SLE လူနာအများစုဟာ စိတ်ဓာတ်ကျရောဂါကို သူတို့ရောဂါအနေထားနဲ့ရော ကုသမှုအမျိုးမျိုးကြောင့်ရော ခံစားရနေရတတ်တဲ့အပြင်ကိုမှ ဘေးပတ်ဝန်ကျင်ကလူတွေက အရေပြားအနာတွေကြောင့် သူနဲ့နေရင် ကူးစက်တော့မယ်ဆိုပြီး ကျန်းမာရေးဗဟုသုတမရှိကြတာ (SLE ကြောင့်ဖြစ်တဲ့ အရေပြားအနာက လုံးဝမကူးစက်တတ်ပါ)
  • လူနာအပေါ် ဝလာဖောလာလိုက်တာ၊ ကိုယ်ဘာသာကိုယ် ဂရုမစိုက်ဘူးဆိုပြီး ပြစ်တင်ဝေဖန်တာ
  • ရောဂါအနေထားနားမလည်ဘဲ လူနာရဲ့ကုသမှုကို ဝေဖန်ပြီး တလွဲဆေးညွှန်းတွေနဲ့ကုသဖို့ ဖိအားပေးတာစသဖြင့် လူနာအပေါ် စိတ်ဖိအားမျိုးစုံပေးခြင်းဟာလည်း လူနာအတွက် စိတ်ဖိစီးမှုပိုဖြစ်စေပြီး စိတ်ဓာတ်ကျစေပါတယ်ရှင်။

ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ SLE လူနာရှိတယ်ဆို ပြစ်တင်ဝေဖန်မယ့်အစား ပုံမှန်လူတစ်ယောက်လို ဆက်ဆံပေးပါ။ ပိုပြီးကြင်နာပေးပါ။ SLE လူနာတွေက ရောဂါကြောင့်ရော ကုသမှုကြောင့်ရော စိတ်အားငယ်တတ်တာမို့ သူတို့ကိုအားတင်းထားဖို့ အားပေးပေးပါ။

SLE ရောဂါသည်တွေနဲ့ အနီးကပ်နေတဲ့သူအနေနဲ့လည်း ဆောင်ရန်ရှောင်ရန်လေးတွေနားလည်ပြီး ပိုပြီး ဂရုစိုက်ပေးခြင်းဖြင့် ဖေးမပေးလို့ရပါတယ်ရှင်။

SLE ဟာ ကုသလို့ အရှင်းမပျောက်ကင်းပေမယ့် သေချာဂရုစိုက်ကုသပြီး ဆောင်ရန်ရှောင်ရန်တွေ လိုက်နာမယ်ဆိုရင် ရောဂါလက္ခဏာတွေကို အထိုက်အလျောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အားလုံးဘဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်…။

Dr Cool
တယ်လီကျန်းမာ

Ref: 📚 https:// medlineplus. gov / ency/article/000435.htm

https:// www. niams. nih. gov / health-topics/lupus#:~:text=Most%20often%20it%20happens%20in,American%20Indian%20and%20Asian%20descent.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here