” အမြင့်​ကြောက်ခြင်း (Acrophobia) “

ကျွန်တော်တို့ကိုယ်တိုင် (ဒါမှမဟုတ်) ပတ်ဝန်းကျင်မှာ အမြင့်တက်ရမှာ ကြောက်တာ၊ အမြင့်ရောက်တာနဲ့ခြေထောက်မခိုင်ဘဲ ခွေယိုင်လဲကျတတ်တဲ့သူမျိုးကို မြင်တွေ့ဖူးကြပါလိမ့်မယ်။ တစ်ခါတစ်ရံ အကဲပိုပြနေတယ်လို့ ထင်ကောင်းထင်ရပေမယ့် တကယ်မှာတော့ “ Acrophobia” လို့ခေါ်တဲ့ အမြင့်ကြောက်ရောဂါ ရှိသူတွေပဲ ဖြစ်ပါတယ်။

.

????Acrophobia ဆိုတာဘာလဲ ?

????Acrophobia ဆိုတာ တစ်စုံတစ်ခုကို ကြောက်တတ်တဲ့ရောဂါ (phobia) တွေ အများကြီးထဲကမှ အမြင့်ကြောက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

???? ဒီရောဂါမှာ လှေကားတက်တာ (ဒါမှမဟုတ်) အထပ်မြင့် အဆောက်အဦးတစ်ခုရဲ့ ထိပ်ကိုတက်တာ လိုမျိုး မြေပြင်နဲ့ အလှမ်းဝေးကွာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ရင် အလွန်အမင်းကြောက်ရွံ့ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လေ့ရှိပါတယ်။

????ဒီလို အပြင်းအထန်ကြောက်ရွံ့ပြီး acrophobia ရှိသူတွေဟာ အမြင့်နဲ့ ပတ်သက်တဲ့ ဘယ်လိုအခြေအနေမျိုးမဆို ရှောင်ရှားလေ့ရှိကြပါတယ်။

???? ပုံမှန်မဟုတ်တဲ့အမြင့် (ဒါမှမဟုတ်) မတည်မငြိမ်ဖြစ်နေတဲ့ သိသာထင်ရှားတဲ့ အမြင့်တွေကို အနည်းငယ် ကြောက်ရွံတယ်ဆိုတာက လူတွေအတွက် သာမာန်အခြေအနေ ဖြစ်ပါတယ်။

???? ဒါပေမယ့် Acrophobia ရောဂါရှိတဲ့သူမှာဆိုရင်တော့ နေ့စဥ်ဘဝ လုပ်ဆောင်နိုင်စွမ်းတွေကို ထိခိုက်စေနိုင်တဲ့အထိ ရောဂါလက္ခဏာက သိသာထင်ရှားပြီး လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေတတ်တဲ့ ကြောက်ရွံ့မှုတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

???? အမြင့်ကြောက်တဲ့ရောဂါဟာ အဖြစ်များဆုံး phobia တစ်ခုဖြစ်ပြီး (3%) မှ (6%) လောက် လူတွေမှာ တွေ့ရတတ်တဲ့ ကြောက်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

..

..

???? Acrophobia ရဲ့ ရောဂါလက္ခဏာများ

???? စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ acrophobia ကို တုံ့ပြန်တာဟာ အခြား phobia တွေနဲ့ ဆင်တူပါတယ်။

???? စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေက…

မြေပြင်ကနေ အမြင့်တစ်ခုကို ရောက်တဲ့အခါ အပြင်းအထန် ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုကို ခံစားရတာ…

အမြင့်တစ်နေရာကနေ ပြုတ်ကျနိုင်တာမျိုး၊ ပိတ်မိနေနိုင်တာမျိုး စတဲ့ မကောင်းတဲ့အရာတွေကို တွေးပူလာတာ….

မှီခိုကိုင်ဆွဲထားစရာ တစ်ခုခုကို အလိုအလျောက် ရှာနေတတ်ပြီး ကိုယ်ပိုင်ဟန်ချက်ညီမှုကို မယုံကြည်တော့တာ…. စတာတွေကို တွေ့ရပါတယ်။

.

???? အတွေ့ရများတဲ့ တုံ့ပြန်မှုတွေက….

အမြင့်ကနေ အောက်ကို ချက်ခြင်းပြန်ဆင်းတာမျိုး၊ လေးဘက်ထောက် တွားသွားတာမျိုးနဲ့ ဒူးထောက်တာ (ဒါမှမဟုတ်) ခန္ဓာကိုယ်ကို နှိမ့်ချတာမျိုး…. တို့ ပါဝင်ပါတယ်။

.

???? ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့.…

• ရင်ဘတ်အောင့်တာ

• ဇောချွေးပြန်တာ

• မူးဝေတာ

.• ပျို့တာ

• နှလုံးခုန်မြန်လာတာ

• အသက်ရှူမဝတာ

• ခြေလက်တုန်ရီတာတို့ ပါဝင်ပြီး

• မူးမေ့လဲတဲ့ အခြေအနေထိလည်း ဖြစ်တတ်ပါတယ်။

..

..

???? Acrophobia ရှိသူတွေဟာ ဘယ်လိုအမြင့်မျိုးတွေကို ကြောက်ကြလဲ ?

– အထပ်မြင့်လှေကားတွေပေါ် လမ်းလျှောက်တက်ရခြင်း

– လှေကားရှင်ပေါ် တက်ခြင်း

– အဆင့်များစွာပါတဲ့ ကားဂိုဒေါင်ကို အသုံးပြုခြင်း

– လူကူး ခုံးတံတားပေါ် ဖြတ်ကူးခြင်း

– Roller coaster စီးခြင်း

– အဆောက်အဦးတစ်ခုရဲ့ ထိပ်နား (ဒါမှမဟုတ်) လသာဆောင်အနီးတွင် ရပ်ခြင်း

– အထပ်မြင့် အဆောက်အဦးတစ်ခုရဲ့ ပြတင်းပေါက်မှ လှမ်းကြည့်ခြင်း… တို့ ပါဝင်ပါတယ်။

( အချို့ Acrophobia ရှိသူတွေဟာ စျေးဝယ်စင်တာများမှာရှိတဲ့ ဓာတ်လှေကားများကိုပင် ကြောက်တတ်ကြပါတယ် )

..

..

???? Acrophobia ကိုဖြစ်စေသော အကြောင်းရင်းများ

???? သုတေသီတွေက acrophobia ကိုဖြစ်စေတဲ့ အကြောင်းရင်းကို ယခုထိ တိကျတဲ့အဖြေမရှိဘူးလို့ ဆိုကြပါတယ်။ Acrophobia ရှိတာဟာ အမြင့်ကနေပြုတ်ကျတာနဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေတာတို့ မရှိစေဖို့ လူသားသဘာဝ ပူပန်တာကို အမြစ်တွယ်ပေါ်ပေါက်လာတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

???? အမြင့်ကနေ ပြုတ်ကျပြီးရလာမယ့် နာကျင်တာကို စိုးရိမ်ပူပန်နေတာဟာ acrophobia ရောဂါကို ကြီးထွားလာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အမြင့်နဲ့ ပတ်သက်ပြီး အပျက်သဘောတွေ့ခဲ့ရတာ၊ ထိတ်လန့်စရာတစ်ခုခုကို ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရတာ (ဒါမှမဟုတ်) မျက်စိရှေ့မှာ မြင်တွေ့ဖူးရင်လည်း acrophobia ပိုဖြစ်နိုင်ပါတယ်။

..

..

???? Acrophobia ကို ဘယ်လိုအတည်ပြုပါသလဲ ?

????Phobia အမျိုးအစားများစွာ ရှိတာကြောင့် ရောဂါရှာဖွေ အမည်တပ်ဖို့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။

???? ယေဘူယျအားဖြင့် Phobia လို့ အတည်ပြုဖို့အတွက် အနည်းဆုံး စံသတ်မှတ်ချက် (၄) ချက်ဖြစ်တဲ့

(၁) ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောက်တရား

(၂) ကြိုတွေးထားတဲ့ စိုးရိမ်ပူပန်မှု

(၃) ကြိုတင်ရှောင်ကြဉ်ခြင်း

(၄) phobia ကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာများကို အနှောက်ယှက်ဖြစ်စေခြင်း… ဒါတွေ ရှိနေပြီဆိုရင်တော့ “ Phobia” လို့ သတ်မှတ်နိုင်ပါတယ်။

.

???? Acrophobia ရှိသူတွေဟာ ယေဘူယျအားဖြင့် အမြင့် (ဒါမှမဟုတ်) မြင့်တဲ့နေရာကို တစ်မျိုးထက်ပိုပြီး ကြောက်တတ်ကြပါတယ်။ လေယာဥ်စီးရမှာ ကြောက်တာဟာ အမြင့်ကြောက်ခြင်း (acrophobia) မဟုတ်ပါ။ ပျံသန်းခြင်းကိုကြောက်တဲ့ “ aerophobia” ရောဂါသာ ဖြစ်ပါတယ်။

???? လူတစ်ဦးရဲ့ကိုယ်ရေးရာဇဝင်၊ အတွေ့အကြုံတွေနဲ့ လက္ခဏာတွေကို စေ့စေ့စပ်စပ်မေးခွန်းတွေ မေးမြန်းပြီး Acrophobia ရောဂါရာဇဝင်ကို ရှာဖွေနိုင်ပါတယ်။ အများအားဖြင့် Acrophobia ရောဂါလို့ အမည်တပ်ဖို့အတွက် အမြင့်ကြောက်တာ၊ စိုးရိမ်ပူပန်တာ အနည်းဆုံး (၆) လခန့် တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။

..

..

???? Acrophobia ကို ဘယ်လို ကုသနိုင်မလဲ ?

Exposure Therapy

Phobia တွေကို ကုသတဲ့အခါ အသုံးပြုလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုပုံစံတစ်ခု ဖြစ်ပါတယ်။ Phobia ရှိသူတွေဟာ သူတို့ကြောက်တဲ့အရာတွေကို ရှောင်ကြတာကြောင့် အကြောက်တရားကို စီမံခန့်ခွဲနိုင်စွမ်း မရှိကြတာ ဖြစ်ပါတယ်။ ကုထုံးပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက ဒီကုထုံးကိုအသုံးပြုပြီး Phobia ရှိသူတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အခြေအနေတွေကို ဖြေရှင်းသင်ယူနိုင်ဖို့နဲ့ တဖြည်းဖြည်း ထိတွေ့ယဉ်ပါးအောင် တွန်းအားပေးတာမျိုး ဖြစ်ပါတယ်။

.

Virtual Reality Exposure Therapy (VRET)

VRET ဆိုတာဟာ VR Headset ကို အသုံးပြုပြီး လက်တွေ့ အမြင့်ရောက်နေသလို ထင်ရအောင် အတုအယောင်ဖန်တီးထားတဲ့ နည်းပညာကို အသုံးပြုရတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတစ်မျိုး ဖြစ်ပါတယ်။ ဒီနည်းက အလွန်ဘေးကင်းပြီး အစစ်အမှန်လို့ ခံစားစေရပါတယ်။ Acrophobia ကို ကုသတဲ့အခါ ထိရောက်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။

.

Cognitive Behavior Therapy (CBT)

CBT ဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုပုံစံတစ်ခု ဖြစ်ပါတယ်။ ကုထုံးပညာရှင် (ဒါမှမဟုတ်) စိတ်ပညာရှင်က စကားပြောတာ၊ မေးခွန်းတွေ မေးတာတွေ လုပ်ပြီး မတူညီတဲ့အမြင်ကို ရရှိစေဖို့ ကူညီပေးပါတယ်။ ရလဒ်အနေနဲ့ ကိုယ်ကြောက်တဲ့အရာနဲ့ ထိတွေ့တဲ့အခါ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်တတ်ဖို့ သင်ယူနိုင်ပါတယ်။

..

..

???? Acrophobia ကို ကုသဖို့ ဘာဆေးတွေ သောက်ဖို့လိုလဲ ?

???? Acrophobia နဲ့ တခြား phobia တွေကို ကုသဖို့ အများအားဖြင့် ဆေးဝါးတွေကို အသုံးပြုလေ့မရှိပါဘူး။

???? တစ်ခါတစ်ရံ Acrophobia ရှိသူတွေဟာ စိတ်ပိုင်းဆိုင်ရာကုထုံးကို ခံယူနေတဲ့အချိန်နဲ့ ရှောင်လွှဲလို့မရတဲ့ တစ်ချို့အခြေအနေတွေမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုလက္ခဏာတွေကို ယာယီသက်သာစေဖို့ ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားချက်အတိုင်း သောက်လို့ရပါတယ်။

???? ဒါ့အပြင် တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ အသက်ရှုလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးတာက Acrophobia ရောဂါကို ကုသတဲ့နေရာမှာ အထောက်အကူပြုစေပါတယ်။

..

..

????လူတွေမှာ တစ်စုံတစ်ခုကို ကြောက်တတ်တဲ့ phobia တစ်မျိုးမျိုး ရှိတတ်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ ဖြစ်ပေါ်လာတဲ့ ကိုယ့်စိတ်အ​ခြေအနေကို အတတ်နိုင်ဆုံး လျှော့ချပြီး အကောင်းဆုံးကျော်လွှားနိုင်ကြဖို့ မျှော်လင့်ပါတယ်။ phobia အရမ်းဆိုးနေတယ်လို့ခံစားရရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုထုံးတွေနဲ့ ကုသဖို့ တိုက်တွန်းပါရစေ။

Reference: ????

https://my.clevelandclinic.org/…/21956-acrophobia-fear…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#acrophobia#အမြင့်ကြောက်ခြင်း

Ministry of Health,

National Unity Government.

Published on: 23 March 2023
Last Updated: 23 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...