ပင်လယ်ကမ်းခြေကို သွားပေမယ့် ပင်လယ်စာနဲ့မတည့်လို့ ကြက်ဥကြော်ပဲ စားခဲ့ရတဲ့သူတွေ ရှိလား….. 🤔

ဒီနေ့မှာတော့ ပင်လယ်စာအပါအဝင် တခြားသော အစားအသောက်တွေနဲ့ ဓာတ်မတည့်ခြင်း အကြောင်းအရာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လူဆယ်ယောက်မှာ နှစ်ယောက်ကတော့ အချို့သော အစားအသောက်နှင့် ဓာတ်မတည့်ခြင်းပြဿနာကို ကြုံတွေ့နေရတတ်ပါတယ်။
ဓာတ်မတည့်တာမှာ အများအားဖြင့်တော့ ပင်လယ်စာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အခွံမာအစားအစာတွေ၊ မြေပဲ၊ သစ်ဥသစ်ဖုတွေတို့ ပါဝင်ပါတယ်။

❓ဘာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်တာလဲ

အဓိကအားဖြင့်တော့ ကိုယ်တွင်းထဲမှာရှိတဲ့ ခုခံအားစနစ်က အပြင်းအထန် တုံ့ပြန်လာမှုကြောင့် ဖြစ်ပါတ​ယ်။ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွင်းထဲ ဝင်လာတဲ့အရာကို အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပြီး ပြန်လည်တိုက်ထုတ်နိုင်ဖို့အတွက် Antibody တစ်မျိုးဖြစ်တဲ့ Immunoglobin E (IgE) ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကနေ Histamine လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးကိုပါ ထပ်မံထုတ်လွှတ်ပါတယ်။ အဲဒီကနေမှ အကျိုးဆက်အနေနဲ့ ရောင်ရမ်းတာတွေ၊ ယားယံတာတွေ၊ အလက်ဂျစ်ထတာတွေ ဖြစ်လာတာပါ။
.

❓ဘယ်လိုမျိုးတွေ ခံစားရမလဲ

  • အင်ပျဥ်တွေ ထလာမယ်
  • နီရဲယားယံလာမယ်
  • ကိုယ်လက်အင်္ဂါတွေ ရောင်ရမ်းလာမယ်
  • နှာပိတ်တာမျိုး ဖြစ်လာမယ်
  • အသက်ရှူရ ခက်လာမယ်
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်လာမယ်
  • သွေးပေါင်တွေ ကျလာမယ်
  • ပိုဆိုးလာရင်တော့ Shock ရနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်လာနိင်ပါတယ်။
    .

❓ဒါ့အပြင် ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှုဖြစ်တဲ့ Anaphylaxis ကိုလည်း ဖြစ်စေလာနိုင်ပါတယ်။

Anaphylaxis ဖြစ်လာတဲ့အခါ

  • လျှာတွေ လေးလံလာမယ်
  • အသက်ရှူလမ်းကြောင်း ကျဥ်းမြောင်းလာပြီး အသက်ရှူရခက်လာမယ်
  • အသက်ရှူရင် တရွှီးရွှီးမြည်လာမယ်
  • သွေးပေါင်ချိန် ရုတ်တရက်ထိုးကျလာပြီး ရှော့ခ်ပါ ရလာနိုင်ပါတယ်။
    .

❓ဓာတ်မတည့်တာတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

ပုံမှန် အလက်ဂျစ်ထတာမျိုးအတွက်တော့ Antihistamine ဆေးတွေ ဖြစ်တဲ့ Chlorpheniramine, Cetirizine, Fexofenadine တွေ သောက်သုံးပေးလို့ရပါတယ်။

ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်လာရင်တော့ Epinephrine, Adrenaline ထိုးဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အရေးပေါ်ကုသနိုင်ပါတယ်။ လူအများစုက အဆိုပါ ထိုးဆေးတွေကို ကောင်းမွန်စွာတုံ့ပြန်ကြပြီး ရောဂါလက္ခဏာတွေက ခဏအတွင်း သက်သာသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း သက်သာသွားပေမယ့် လက္ခဏာတွေ ပြန်ပေါ်လာတတ်တာမို့လို့ ၂၄ နာရီအတွင်း စောင့်ကြည့်ပေးဖို့တော့ လိုအပ်ပါမယ်။
.

❓အဲဒီလိုတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

အကောင်းဆုံးကတော့ မတည့်တဲ့အစားအသောက်တွေကို လုံးဝ ရှောင်ရှားလိုက်တာပါပဲ။ ကိုယ်စားမယ့် အစားအစာတွေရဲ့ ပါဝင်ပစ္စည်းထဲမှာလည်း ကိုယ်နဲ့မတည့်တဲ့ အစာတွေ ပါ/မပါ သေချာ ကြည့်ရှုပေးဖို့ လိုပါတယ်။ လိုအပ်တဲ့ ဆေးတွေလည်း ဆောင်ထားသင့်ပါတယ်။
.

❓ဘယ်လိုအချိန်မှာ ဆရာဝန်ပြရမလဲ

ဆေးသောက်ပေမဲ့ သက်သာမလာတဲ့အခါ၊ အသက်ရှူရ ခက်လာတဲ့အခါမျိုးမှာဆိုရင်တော့ နီးစပ်ရာဆရာဝန်ဆီ အချိန်မီသွားပြပေးဖို့ လိုပါတယ်။

ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခုခံစားရလို့ ဆရာဝန်နှင့် ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေကြောင်းကိုလည်း ပြောကြားလိုက်ပါရစေ….။ 🤍

Ref: 📖
https:// www. mayoclinic. org / diseases-conditions/ shellfish-allergy /symptoms-causes /syc-20377503

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here