ကျွန်မ အကြောပြတ်ရာအကြောင်း ရေးဖြစ်သွားတာက ကျွန်မရဲ့အမျိုးသမီးလူနာတချို့ရဲ့ အဓိက Complaint က သူတို့ရောဂါထက် သူတို့အကြောပြတ်ရာရှိလို့ အပျိုမဟုတ်ဘူးတို့၊ ကလေးမွေးဖူးတယ်တို့ စသည်ဖြင့် ပြောဆိုခံရတဲ့ချိန် သူတို့က တအားကို စိတ်ဓာတ်ကျရပါတယ်။ တချို့ဆို ရောဂါအခံကလည်း ရှိ၊ ဆေးကလည်းသောက်ရ ဒါကြောင့်အကြောပြတ်ရာ တွေရတော့ ပိုပြီးစိတ်ဖိစီးမှုရကြပါတယ်ရှင့်။

ဒါကြောင့်အကြောပြတ်ရာက ဘယ်လိုအကြောင်းကြောင့်ရလဲ ပြောပြချင်ပါတယ်။

အကြောပြတ်ရာဆိုတာ လူခန္ဓာတစ်ခုလုံး အထူးသဖြင့် ဝမ်းဗိုက်၊ ရင်သား၊ ပေါင်၊ တင်ပါး၊ လက်မောင်းတို့မှာ အနီရောင် (သို့) အညိုရောင် အစင်းလိုက်ပေါ်နေတတ်ပါတယ်။

အကြောပြတ်ရာဟာ နာကျင်ခြင်း၊ အန္တရာယ်ပေးခြင်းမရှိတဲ့အတွက် ကုသမှုလည်းခံယူစရာမလိုပါဘူး။

ဒါပေမယ့် အကြောပြတ်နေရာကို အဆီ (Body oil) ဒါမှမဟုတ် လိမ်းဆေး (Body cream) လူးပေးခြင်းကြောင့် ဖြစ်စေ၊ တစ်ခါတစ်ရံ သူဘာသာသူဖြစ်စေ ပြန်ပျောက်တတ်ပါတယ်။ သူက စဖြစ်ရင် အနီရောင်ကနေ ပန်းရောင်၊ အပြာ၊ ခရမ်း စသဖြင့်ပြောင်းပြီး နောက်ဆုံး အညိုရောင်ဘက်ကူးပြီး ပျောက်သွားတတ်ပါတယ်။

သူ့ကိုအဓိကဖြစ်စေတဲ့ အကြောင်းရာကတော့ အရေပြားကို အတင်းဆွဲဆန့်ခံရလို့ ဖြစ်တာပါ။ ဥပမာ ကိုယ်ဝန်ဆောင်ခြင်း၊ ဝိတ်တက်လာခြင်းတို့ကြောင့် အဖြစ်များပြီး တခြား အကြောင်းအရင်းတချို့ကတော့…

  • အမျိုးသားထက် အမျိုးသမီးမှာ အဖြစ်များခြင်း
  • မျိုးရိုးလိုက်တတ်ခြင်း
  • အရွယ်ရောက်ချိန် ကြီးထွားမှုမြန်ခြင်း
  • ဝိတ်တက်မြန်ခြင်း (သို့) ဝိတ်ကျမြန်ခြင်း
  • ကျန်းမာရေးအရ Steriod အသုံးပြုရခြင်း
  • ရင်သား ခွဲစိတ်မှုပြုလုပ်ခြင်း
  • Cushing syndrome (သို့) Marfan Syndrome တို့လို ရောဂါအခံရှိခြင်းကြောင့် အကြောပြတ်တတ်ပါတယ်။

ပုံမှန်အားဖြင့် ဆရာဝန်နဲ့ ကုသမှုခံယူစရာမလိုဘဲ Body oil (သို့) Body cream လေး လူးပေးရုံနဲ့ လုံလောက်ပါတယ်ရှင်။

ဒါပေမယ့် မိမိကိုယ်ခန္ဓာတစ်ခုလုံး အကြောပြတ်ရာ အကြီးကြီးတွေ အပြည့်များနေတယ်ဆိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဒါဆို အကြောပြတ်ရာအကြောင်းလေး ပြောပြပေးပြီးပြီမို့ အချင်းချင်း body shaming လုပ်ခြင်းကိုလည်း ရှောင်ရှားနိုင်ကြပါစေရှင်…။

Dr. Cool 
တယ်လီကျန်းမာ

Ref : 📖

  • https:// www. mayoclinic. org /diseases-conditions /stretch-marks/symptoms-causes/ syc-20351139

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here