“မိုးရာသီနဲ့တုပ်ကွေး ခွဲလို့မှရသေးရဲ့လားတော်” ဟု မလေးမေတစ်ယောက် သူ့ယောက်ျားကိုကြည့်ရင်း ညီးတွားမိသည်။ ဟုတ်လည်း ဟုတ်သည်။

အေးဖေနဲ့ လေးမေက အင်မတန်ချစ်ကြတဲ့ လင်မယား။ ဒါပေမယ့် နာမည်သာ ရှေ့သွားနောက်လိုက်ညီပေသည့် အမူအကျင့်တွေကျ တခြားစီ။ အေးဖေက တကယ့်ကို အေးအေးဆေးဆေးသမားဖြစ်သလို ဘာမဆို ဖြစ်ချင်ရာဖြစ် သိပ်ဂရုစိုက်တာ မဟုတ်။ သူ့မိန်းမ လေးမေကတော့ အရာရာကို လေးလေးနက်နက်နဲ့ အင်မတန်ဂရုတစိုက် ရှိတတ်သူ။

အခုပဲကြည့်… ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အေးဖေက မိုးကောင်းကောင်း မကျသေး ဖျားပြီ။ တုပ်ကွေးဖြစ်ပြီ။ ဒီတော့လည်း လေးမေပဲ ပြုစုရပြန်ရော။

“ အရမ်းပူလို့ မိုးလေးကို မမျှော်လိုက်နဲ့ နေမကောင်းတာတွေက စတော့တာပဲ” ဟု လေးမေ ညီးတွားရင်း လင်တော်မောင်အတွက် ကျွေးမွေးပြုစုစရာတွေ စီစဥ်ပြင်ဆင်နေချိန်…

အေးဖေကတော့ အေးဆေး။ အားလည်း မငယ်။ နေမကောင်းဖြစ်လည်း ခံတွင်းတွေ့မှာလေးတွေ အမြဲဂရုတစိုက်နဲ့ မိန်းမက လုပ်ပေးလေတော့ ဇိမ်ကျလိုက်သည့်ဖြစ်ခြင်း။

ထုံးစံအတိုင်းဆို အေးဖေက နေမကောင်းဖြစ်ပြီး တုပ်ကွေးကွေးပြီဆို ခံတွင်းတွေပျက်၊ အရက်ပါ အသောက်နည်း။ ဒါပေမယ့် ပိုစားမှ မြန်မြန်နေကောင်းမှာဆိုပြီး အရည်တစ်မျိုး၊ အဖတ်တစ်မျိုး၊ အပြုတ်၊ အသုပ် မိန်းမက မျိုးစုံလုပ်ပေးလေတော့ မြန်မြန်နာလန်ထူတာပေါ့။

တကယ်က ကြာကြာနေမကောင်းဖြစ်ချင်ယောင်သာ ဆောင်နေတာ… အစားသေချာစားရတာနဲ့ တစ်ရက်တည်းနဲ့ကို ပြန်ကောင်းနေပြီ။ မိန်းမ ဂရုစိုက်ခံချင်သေးလို့သာ။

ကဲ ဒီတော့ကာ ဘယ်လိုနည်းတွေနဲ့များ လေးမေတစ်ယောက် ချက်ပြုတ်ပြင်ဆင်လိုက်လို့ ဒီလောက်မြန်မြန် နာလန်ထူသွားသလဲဆိုတာ စာဖတ်သူတွေလည်း သိချင်ကြမှာပဲလေနော့။

တုပ်ကွေးဖြစ်ရင် အမြန်သက်သာစေမယ့် နာလန်ထူစာ အာဟာရဆေးနည်းတွေကတော့….
👇👇👇

(၁) အရည်သောက် များများဖန်တီးပါ

ဗိုင်းရပ်စ်ပိုးတွေက သလိပ် ချွဲတွေ ပိုဖြစ်စေပြီး ကိုယ်အပူရှိန်တက်စေတာရော၊ ၀မ်းလျှောလွယ်တာရောကြောင့် အရည်က ပိုလိုအပ်ပါတယ်။

ဥပမာအားဖြင့်

ကြက်ပြုတ်ရည် (ကြက်သားမျှင်ပါ ထည့်ရင်ပိုကောင်း)၊ အာပူလျှာပူ၊ ငါးဟင်းချိုလေး စသဖြင့် များများသောက်နိုင်ပါတယ်။ လည်ပင်းနာရင် အဖတ်စားရ အနည်းငယ်ခက်တတ်လို့ အရည်ကို ပိုသောက်ပေးပါ။

ဟင်းချိုရည်တို့ ကြက်ပြုတ်ရည်တို့မှာ ဆနွင်းတို့ ဂျင်းတို့ ထည့်ခြင်းအားဖြင့် ကိုယ်ခံအားတက်စေသလို လည်ပင်းထဲ နွေးထွေးပြီး ပိုနေရကောင်းစေပါတယ်။

(၂) ထမင်းစားနိုင် သို့ စားချင်ရင် စားလို့ရပါတယ်။ အဖျားပိုမတက်စေပါ။ ညနေဘက်ဆို အဖျားအများစုက သဘာ၀အလျောက် ပိုတက်ကြတာပါ။ ထမင်းစားလို့ မဟုတ်ပါ။ ထမင်းစားနိုင်က စားပါ။ ဟင်းတွေနဲ့ မစားချင်ရင် ကြက်သွန်ဖြူများများလေးနဲ့ ဆီသတ်ထားတဲ့ အဖြူထည်တွေကို စားပါ။

ထမင်းမစားချင်ရင် ခေါက်ဆွဲ၊ ကြာဇံ၊ ကြေးအ်ိုး စားနိုင်ပါတယ်။ ၃ မိနစ် ခေါက်ဆွဲ၊ ကိုးရီးယား ခေါက်ဆွဲ၊ ၀က်အူချောင်းနဲ့ ငါးပိကိုတော့ ရှောင်ပါ။ ဆားတအားများလို့ ကိုယ်တွင်းဆားဓာတ် မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။

(၃) အသားတွေက အရသာမရှိ ဖြစ်တတ်ပေမယ့် ပိုစားပေးဖို့ လိုပါတယ်။ ငါးကြော်လေးတွေလည်း စားနိုင်ပါတယ်။ ဗီတာမင်ဒီရပြီး ကိုယ်ခံအားတက်စေပါတယ်။

(၄) ကောင်းတဲ့ဘက်တီးရီးယားလေးတွေ မြင့်တက်စေဖို့ ဒိန်ချဥ်သောက်ပေးပါ။

(၅) ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ သောက်ခြင်းက နောက်ဆက်တွဲ နာလန်ထခြင်းကို ကြာစေနိုင်ပါတယ်။

(၆) အသီးအနှံတွေကို စားပေးနိုင်ပါတယ်။ စားခါနီးမှ သေချာရေဆေးပြီး အခွံနွာ စားပါ။ ဗီတာမင်ဓာတ် များစွာရရှိနိုင်ပါတယ်။ ၀မ်းလွယ်တတ်သူဆိုရင်တော့ အနည်းငယ်သာ ချင့်ချိန်စားပါ။

(၇) အသီးအရွက် အရောင်စုံ စားပေးနိုင်ရင် ပိုကောင်းပါတယ်။ အာဟာရဓာတ်မျိုးစုံ ရတာပေါ့။

(၈) ကြက်ဥ တစ်နေ့တစ်လုံးလောက် စားပေးပါ။

(၉) စိတ်ပြေလက်ပျောက် ရုပ်ရှင်လေးကြည့် နေကြာစေ့လေးစား လုပ်ပါ။ အစေ့အဆန်ကို ပိုစားပါ။ အာလူးကြော်လို fast foodတွေ၊ လေဖောင်းမုန့်ထုပ်တွေ မစားပါနဲ့ဦး။

(၁၀) ဓာတ်ဆားတို့ ion drink တို့ သောက်နိုင်ပါတယ်။ Energy drink -lipo လိုဟာကို ရှောင်ပါ။ သောက်သောက်ချင်း အားရှိသလိုဖြစ်ပေမယ့် တုပ်ကွေးကြောင့် နှလုံးရောင်တာမျိုးကို ပိုဆိုးစေပြီး ပိုရင်တုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

(၁၁) နွားနို့သောက်လို့ ၀မ်းမသွားတတ်ဘူးဆိုရင် သေချာကြိုချက်ပြီး သောက်နိုင်ပါတယ်။ နွားနို့နဲ့ မတည့်ဖြစ်တတ်တဲ့သူ၊ ၀မ်းလွယ်သူတွေမှာတော့ နေကောင်းမှ သောက်ပါ။ ဘူးနို့တွေ၊ အသင့်သောက်နို့တွေကိုလည်း မလိုင်တက်အောင် ပြန်ကြိုပါ။ ၀မ်းသွားလွယ်စေတဲ့ ဓာတ်တွေကို ဒီနည်းနဲ့ လျော့နည်းနိုင်စေပါတယ်။

(၁၂) အရက်သေစာ၊ ဘီယာ ရှောင်ပါ။ ရေဓာတ်ကို ပိုဆုံးရှုံးစေသလို ကိုယ်ခံအားလည်း ကျစေတာမို့ပါ။

(၁၃) ဆေးလိပ်ကို ရပ်ထားပါ (vape လိုဟာတွေပါ ပါဝင်ပါတယ်)

နောက်ဆုံးကတော့ အခုလိုစာအရှည်ကြီးတွေ ကိုယ်တိုင်ဖတ်မယ့်အစား ချစ်ပေးမယ့် ကိုကိုတို့၊ မောင်လေးတို့၊ သက်ထားတို့၊ ချစ်လေးတို့ကို မန်းရှင်းခေါ်ပြီး ရှယ်ပေးလိုက်ပါ။ သူတို့က ကိုယ့်ကို ဂရုစိုက်ပါစေ။

ဟုတ်တယ်လေ…
အေးဖေလို ချစ်တတ်တဲ့ အိမ်သူတစ်ယောက်ရှိရင်တော့ ဘာလိုသေးလဲလေနော့။ FA တွေကတော့ စောင်ပဲ ကိုက်ထားကြပါပေါ့….။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Ref: 📖
https:// www. healthline. com /health/what-to-eat-when-you-have-the-flu#takeaway

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here