ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
..
..

▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။

သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး ဆဲလ်တွေကနေ စွမ်းအင်ထုတ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီးတော့ နှလုံး၊ ကြွက်သား၊ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေကို အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ရှိ ဂလင်းများ (Gland) များနဲ့ ကြွက်သားတွေကိုပါ ထိန်းချုပ်ပေးပါတယ်။
..
..

▪️B1 ချို့တဲ့ရင် ဘာတွေဖြစ်မလဲ❔

  • အဓိကအားဖြင့် Beriberi (ဘယ်ရီဘယ်ရီ) ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် . . .
  • နှလုံးခုန်နှုန်းတွေ မြန်လာမယ်။
  • အသက်ရှူရ ခက်လာမယ်။
  • လက်နဲ့ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ နာကျင်လာမယ်။ ထုံလာကျဥ်လာမယ်။
  • အစာအိမ် အချဥ်ပေါက်တာတွေ ဖြစ်လာမယ်။
  • စိတ်ဂနာမငြိမ် ဖြစ်လာမယ်။
  • ကြွက်သားတွေ နာကျင်လာပါမယ်။

▪️ဒါ့အပြင် ကလေးသူငယ်တွေမှာ B1 ချို့တဲ့မှု ဖြစ်တဲ့အခါ ကလေးသူငယ် ဘယ်ရီဘယ်ရီရောဂါ (Infantile Beriberi) ဖြစ်စေနိုင်ပြီး ကလေးက ပြာနှမ်းလာတာ၊ နှလုံးခုန်နှုန်း အသက်ရှူနှုန်းမြန်လာတာ၊ ကတုန်ကယင်ဖြစ်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

▪️အထက်ပါ ရောဂါလက္ခဏာတွေပြတယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်း၊ ဆေးရုံတွေဆီ အမြန်ဆုံး သွားရောက်ပြသကြဖို့ လိုအပ်ပါတယ်။‼️

▪️ဒါ့ကြောင့်မို့ B1 ချို့တဲ့မှုမဖြစ်ရအောင် ဖြည့်စွက်အားဆေးများ သောက်သုံးသင့်သလို B1 ပေါကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ နွားနို့၊ အသား၊ ငါး၊ ဥ နဲ့ ပဲအမျိုးမျိုးတို့ကိုလည်း စားသုံးသင့်ပါတယ်။

ကလေးငယ်လေးတွေမှာ B1 မချို့တဲ့အောင် မိခင်နို့ကို ပုံမှန်တိုက်ကျွေးသင့်ပြီး နို့တိုက်မိခင်တွေအနေနဲ့လည်း အစားရှောင်တာမျိုး မလုပ်ဘဲ အာဟာရပြည့်ဝအောင် စုံစုံလင်လင် စားတာမျိုး လုပ်သင့်ပါတယ်။

▪️အချုပ်အားဖြင့် ပြောရရင် ဗိုက်တာမင်ဓာတ်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတွေမို့ မချို့တဲ့အောင် အစားအသောက် စုံလင်စွာစားဖို့လိုပါတယ်။ ဒါပေမယ့့် လိုတာထက်ပိုပြီး ဖြည့်စွက်အားဆေးတွေ အလွန်အကျွံသောက်သုံးမိရင်တော့ ဗိုက်တာမင်လွန်ကဲမှု (Hypervitamiosis) လည်း ကြုံတွေ့ရတတ်တာမို့ ချင့်ချိန်စားသောက်ကြဖို့ပဲ အကြံပြုလိုပါတယ်။

Ref: 📖
https: //www. Medicalnewstoday. com/articles/219545#function. Mds manual/ thiamin deficiency

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here