ကျွန်တော်တို့ကို အသက်ဆက်နေနိုင်အောင် အမြဲမပြတ် ခုန်လှုပ်ပေးနေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကလေးတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ “ နှလုံးသားကလေး” ပါပဲ။ နှလုံးသားလေးဟာ အသက်အရွယ် ကြီးရင့်လာလို့ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးမလိုက်စားမှု၊ မဆင်ခြင်မှုတွေကြောင့်ဖြစ်စေ တစ်နည်းနည်းနဲ့ နာမကျန်းဖြစ်တတ်ပါတယ်။ ဒီတော့ နှလုံးသားကလေး ကျန်းမာနေစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဖတ်ရှုလိုက်ကြရအောင်နော်။

????နှလုံးရောဂါဟာ ဘာတွေကြောင့် ဖြစ်နိုင်သလဲ….

– နှလုံးရောဂါနဲ့ပတ်သက်ပြီး မျိုးရိုးရှိရင်

– အသက် (၄၅) နှစ်ကျော်လာရင်

– ဆေးလိပ်သောက်တတ်သူဖြစ်ရင်

– ကိုယ်လက်လှုပ်ရှားမှု အားနည်းသူဖြစ်ရင်

– ကိုယ်အလေးချိန် မထိန်းသိမ်းရင်

– ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ မဟုတ်ရင် နှလုံးရောဂါဖြစ်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။

အဖြစ်များတဲ့ နှလုံးရောဂါတွေက ဘာတွေလဲ….

– နှလုံးအဆီဖုံးရောဂါ

– နှလုံးသွေးကြောကျဥ်းရောဂါ

– နှလုံးသွေးဝိုင်းရောဂါ (Pericardial effusion)

– နှလုံးခုန်စည်းချက်မမှန်ရောဂါ (Atrial fibrillation)

– နှလုံးကြွက်သားပုပ်ရောဂါ (Myocardial infarction)

– နှလုံးပိုးဝင်ခြင်း (Infective endocarditis)

– နှလုံးလေးဖက်နာရောဂါ

– မွေးရာပါနှလုံးရောဂါ စတဲ့ နှလုံးရောဂါအမျိုးအစားတွေ မျိုးစုံရှိပါတယ်နော်။

ကဲ ဒီလိုဆိုရင် နှလုံးရောဂါတွေ ဖြစ်မလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ကြရအောင်….

????အစားအသောက်ကို ဆင်ဆင်ခြင်ခြင်စားသုံးပါ….

နှလုံးကျန်းမာရေးအတွက် အစေ့အဆန်‌တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးပေးပါ။ အဆီများတဲ့အစားအစာတွေ၊ ပြည့်ဝဆီပါဝင်တဲ့ အဆီအဆိမ့်တွေ၊ သကြားနဲ့ အငန်အရသာပါတဲ့ စားစရာတွေ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဥ်ရပါမယ်။

.

????အရက်၊ ဘီယာစတဲ့ အယ်ကို‌‌ဟောပါဝင်တဲ့အရည်တွေကို အလွန်အကျွံမသောက်သုံးပါနဲ့….

အဲဒါတွေကို အလွန်အကျွံသောက်သုံးလေ့ရှိနေမယ်ဆိုရင် နှလုံးရောဂါဖြစ်စေဖို့ ရာခိုင်နှုန်းပိုများတာကြောင့် ချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်နော်။

.

????ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပါ….

ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာဟာ နှလုံးနဲ့သွေး‌ကြောအဖွဲ့အစည်းအတွက် ကောင်းကျိုးတွေ အများကြီး ရရှိစေနိုင်လို့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာစတဲ့ အားကစားတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

.

????ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ….

အဝလွန်တဲ့သူတွေဟာ မကူးစက်နိုင်သောရောဂါတွေ (Non-communicable diseases NCDs) ဖြစ်တဲ့ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများတာမို့ မိမိကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းရပါမယ်။

.

????ဆေးလိပ်ရှောင်ပါ….

ဆေးလိပ်သောက်တာဟာ နှလုံးအတွက်ရော တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေအတွက်ပါ ဆိုးကျိုးဖြစ်စေတတ်လို့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင်မှ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်း (Passive smoking) ဟာလည်း ဆေးလိပ်ကို ကိုယ်တိုင်သောက်သလိုပဲ ဆိုးကျိုးဖြစ်စေတာမို့ ဆေးလိပ်သောက်သုံးမှုများတဲ့ ပတ်ဝန်းကျင်တွေကို သွားရောက်လည်ပတ်တာမျိုး မလုပ်မိအောင် ဂရုစိုက်ရပါမယ်နော်။

.

????စိတ်ဖိစီးမှုကို လျှော့ချပါ….

စိတ်ဖိစီးမှုကို လျှော့ချခြင်းက သင့်ကို နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျဝေဒနာခံစားရတာတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာ စတာတွေက စိတ်ဖိစီးမှုကို လျှော့ချ‌စေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။

.

ကဲ… ခုဆို ဆောင်ရန်၊ ရှောင်ရန်လေးတွေကို အတော်လေး သိသွားလောက်ပါပြီ။ အဲဒါလေးတွေကို လိုက်နာကျင့်သုံးပြီး နှလုံးသားလေးတွေ ကျန်းမာလန်းဖြာနေကြမယ်ဆိုရင်ကို ဝမ်းသာနေမှာပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါရစေနော်။

Reference: ????

Myheartfinder : Keep your heart healthy

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here