ကလေးများနှင့် အားဆေး

0
243

က​လေးအထူးကုဆရာ​ဝန်တစ်​ယောက်အ​နေနဲ့ ကျွန်မအ​မေးအခံရဆုံးမေးခွန်းတစ်ခုက​တော့…

“ က​လေးကို ဘာအား​ဆေးတိုက်ရမလဲ” ဆိုတဲ့ ​မေးခွန်းပါပဲ…

က​​လေးမိဘ (၁၀​​) ယောက်မှာ (၈​) ယောက်​လောက်က ​မေး​လေ့ရှိကြပါတယ်

မ​မေးတဲ့ (၂​) ယောက်ထဲက တ​စ်ယောက်ကလည်း ဆရာဝန်ညွှန်ကြားလို့ဖြစ်​စေ၊ က​​လေးမိဘချင်းက အကြံ​ပေးလို့ဖြစ်​စေ၊ ​ကြော်ငြာကြောင့်ဖြစ်​စေ အား​ဆေးတစ်မျိုးမျိုးကို တိုက်​နေပြီးသားမို့ မ​မေးတာပါ။

က​​လေးက ပိန်​နေလို့ အစား​ကောင်း​ကောင်းမစားလို့ အား​ဆေးတိုက်ချင်ကြတာ များပါတယ်။ မကြာခဏ ဖျားနာတတ်လို့ အား​ဆေးတိုက်ချင်တဲ့ မိဘ​တွေလည်းရှိပါတယ်။ က​လေးဥာဏ်​ကောင်း​အောင် ဘာအား​ဆေးတိုက်ရမလဲလို့ ​မေးတဲ့ မိဘ​တွေလည်း မနည်းပါဘူး။

တချို့မိဘ​တွေက​တော့ ဘာရယ်မဟုတ်…သူများက သူတို့ကလေး​တွေကို တိုက်နေကြတာမြင်တော့ ကိုယ်ကလည်း ကိုယ့်က​လေးကို တိုက်ချင်တတ်ကြတာပေါ့

သားသမီး​အတွက်ဆိုရင် အ​ကောင်းဆုံးဖြည့်ဆည်း​ပေးချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပဲလေ။ အား​ဆေးမတိုက်လို့များ ကိုယ့်က​​လေးက မကြီးထွားဘဲ​နေ​လေမလား ၊ ဥာဏ်မ​ကောင်းဘဲ ​နေ​လေမလား စိုးရိမ်တတ်ကြပါတယ်

ဘာလို့ အား​ဆေးတိုက်ချင်ရတာလဲဆိုတဲ့ အ​ကြောင်းအရင်း​တွေကတော့ မတူညီကြ​ပေမယ့် မိဘတိုင်းနီးပါးကတော့ ကိုယ့်က​လေးကို အား​ဆေးတိုက်ချင်ကြပါတယ်

..

..

​ဆေးကုမ္ပဏီကြီး​တွေကလဲ အပြိုင်အဆိုင် ​ကြော်ငြာနေကြတယ်မဟုတ်လား ?

ဒီအား​ဆေးက​တော့ဖြင့် က​လေးကို ဘယ်လိုကြီးထွားဖွံ့ဖြိုး​စေပြီး ဘယ်လို​တွေ ဥာဏ်ရည်ထက်မြက်​စေပါတယ် ဆိုတာမျိုး​တွေ​ပေါ့…

ဒီအား​ဆေး​တွေတိုက်မှပဲ က​​လေးကကြီးထွားဖွံ့ဖြိုးပြီး အရပ်​တွေလည်း ရှည်လာ ၊ ရောဂါဘယ​တွေလည်း ကင်း​ဝေး ၊ ဥာဏ်ရည်​တွေလဲ ထက်မြက်လာမှာလား…ဒီအား​ဆေး​တွေမှာ ဘာ​တွေများပါလို့ပါလိမ့်လို့ ​တွေးမိကြမယ်လည်း ထင်ပါတယ်။

.

ဒါ့​ကြောင့် အရင်ဆုံး အား​ဆေးဆိုတာ ဘာလဲဆိုတာ​လေး ပြောပါရ​စေ…

အား​ဆေးဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်​တွေကို သင့်​တော်တဲ့ အချိုးအဆအတိုင်း​ ပေါင်းစပ်ထားတဲ့​ဆေးပါပဲ။

ဒီဗီတာမင်​တွေ သတ္တုဓာတ်​တွေဟာလည်း အထူးအဆန်း​တွေ​တော့ မဟုတ်ပါဘူး….နေ့စဥ်စား​သောက်​​နေတဲ့ အစားအစာ​တွေထဲမှာ ပါဝင်​နေပါတယ်။ လုံ​လောက်မျှတ​အောင် စား​သောက်ဖို့​​ပဲ လိုအပ်ပါတယ်။

အသက်အရွယ်အလိုက် က​လေးတစ်​ယောက်အတွက် လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်​တွေကို သဘာဝအတိုင်းလည်း ရရှိနေပါတယ်

အားလုံးသိကြတဲ့ အစာအုပ်စုကြီး ၃ စုကို မျှတအောင်ကျွေးရင် ရပါပြီ….

– ကစီဓာတ်ကို ဆန်၊ ဂျုံ၊ ​ပြောင်း၊ အာလူးတို့က ရပြီး

– အသားဓါတ်ကို အသား၊ငါး၊ဥ နဲ့ ပဲအမျိုးမျိုးက ရပါတယ်

– ဗီတာမင်နဲ့ သတ္တုဓါတ်​တွေကို အသီးအရွက်အမျိုးမျိုး၊ အသီးအနှံအမျိုးမျိုးက​နေ ရရှိပါတယ်။

ဒါ့​ကြောင့် က​လေးကို​ကျွေးတဲ့ အနပ်တိုင်းမှာ အစာအုပ်စု ၃ ခု စုံအောင်ကျွေးဖို့ အ​ရေးကြီးပါတယ်။ ပဲအမျိုးမျိုးကတော့ မပါမဖြစ်ပေါ့….

..

..

ဒါဆို အား​ဆေး​တွေက လိုရောလိုအပ်​သေးလို့လားလို့ ​မေးစရာရှိလာပါတယ် ?

အား​ဆေးတိုက်ဖို့ လိုအပ်တဲ့ က​လေး​တွေလည်းရှိပါတယ်

ကြီးထွားဖွံ့ဖြိုးမှု နှောင့်​နှေး​နေတဲ့က​လေး​လေး​တွေ၊ နာတာရှည်​ရောဂါရှိတဲ့ က​လေး​လေး​တွေနဲ့ အ​ကြောင်း​ကြောင်း​ကြောင့် အစာအာဟာရကို ပြည့်ဝလုံ​လောက်​​​အောင် မစားနိုင်တဲ့က​လေး​လေး​တွေ အတွက်​တော့ အား​​ဆေးလိုအပ်ပါတယ်။

ဒီ​နေရာမှာ အစာအာဟာရကို ပြည့်ဝ​အောင် မစားနိုင်ဘူးဆိုတာက က​လေးအများစုဖြစ်တတ်တဲ့ အစားရွေးတာ အစား​ချေးများတာမျိုးကို မဆိုလိုပါဘူး။

က​လေးအများစုဟာ အစား​ရွေးတတ်၊ အစား​​ကျွေးရခက်တတ်ကြပါတယ်။ သူတို့​လေး​တွေ စိတ်လိုလက်ရရှိတဲ့အချိန်မှာ အစားကို ​သေချာစားတတ်ကြ​ပေမယ့် ဒီအစားအစာကိုပဲ ​နောက်ရက်​ကျွေး​တော့ မစား​တော့ဘူးဆိုတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။

မိဘအုပ်ထိန်းသူ​တွေအ​နေနဲ့ အစားအစာအမျိုးစုံ အရသာအမျိုးစုံကို ​စိတ်ရှည်ရှည်ချော့​မော့​ကျွေး​မွေးကြဖို့ လိုပါတယ်။ ​​တော်ရုံ အစား​ရွေးရုံ ​ကျွေးရခက်ရုံနဲ့​တော့ အာဟာရမချို့တဲ့တတ်ကြပါဘူး။

ကိုယ့်ကလေးကို အာဟာရချို့တဲ့တယ်လို့ ထင်ရင် ၊ လိုအပ်လာရင် အာဟာရပညာရှင်​တွေနဲ့ တိုင်ပင်​ဆွေး​နွေးလို့ရပါတယ်၊။

( တယ်လီကျန်းမာမှာ အာဟာရပညာရှင်လည်းရှိပါတယ်​လို့ ကြားဖြတ်ကြော်ငြာပါရစေ ???? )

.

အာဟာရနဲ့ပတ်သတ်ပြီး…

ကိုယ့်က​လေးရဲ့ ကိုယ်အ​လေးချိန်နဲ့ အရပ်ကို ပုံမှန်တိုင်းကြည့်ခြင်းဖြင့် ကြီးထွားမှုကို ​စောင့်ကြည့်နိုင်ပါတယ်။

ကြီးထွားမှု​နှောင့်​နှေး​နေပြီဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်​ဆွေး​နွေးပြီး ကြီးထွားမှု​နှောင့်​နှေးရခြင်းအ​ကြောင်းအရင်းကို ​သေချာရှာဖို့လိုပါတယ်။ အား​ဆေးတိုက်တာဟာ အ​ဖြေမဟုတ်ပါဘူး ????

အား​ဆေးတိုက်ထားတာပဲဆိုပြီး အစားအ​သောက်ကို အာဟာရပြည့်ဝ​အောင်၊ သင့်တင့်မျှတ​အောင်မစားရင် ကြီးထွားမှု ပုံမှန်ပြန်ဖြစ်မှာမဟုတ်ပါဘူး။

ဒါ​ပေမယ့် အချို့​သော ဗီတာမင်နဲ့သတ္တုဓာတ်​တွေဟာ အစားအ​သောက်ထဲမှာ ပါဝင်မှုပမာဏနည်းလွန်းတာ​ကြောင့် လိုအပ်ရင် အား​ဆေး​တိုက်ကြရပါတယ်။

အား​ဆေးတိုက်​တော့မယ်ဆိုရင် အား​ဆေးဘူးတွေမှာပါတဲ့ အညွှန်းစာကို သေချာဖတ်ဖို့လိုပါတယ်၊ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်​တွေ၊ အသက်အရွယ်အလိုက် တိုက်ရမယ့်ပမာဏ​တွေကို ​သေချာဖတ်ရပါမယ်။

က​လေးရဲ့အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့ ပမာဏထက်​ကျော်လွန်ပြီး မတိုက်သင့်ပါဘူး။ တပြိုင်တည်း အား​ဆေး ၂ မျိုးတိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

ဘာ​ကြောင့်လဲဆို​တော့ တချို့​သော ဗီတာမင်ဓာတ်​တွေက အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ပမာဏထက်ပိုတိုက်မိရင် ​နောက်ဆက်တွဲဆိုးကျိုး​တွေရှိနိုင်ပါတယ်။

( ဥပမာ – ဗီတာမင်အေဓာတ်များလွန်းရင် ​ပျို့အန်တာ၊ က​​​လေးငယ်​တွေမှာ ငယ်ထိပ်​ဖောင်းလာတာ၊ က​လေးကြီး​တွေမှာ ​ခေါင်းကိုက်တာ၊ အမြင်ဝါးတာ​တွေ ဖြစ်တတ်ပါတယ် )

သတိထားရမယ့် အ​ရေးကြီးတဲ့အချက်တစ်ခုက အား​ဆေးဘူးကို က​လေး​တွေ လက်လှမ်းမမှီတဲ့​နေရာမှာ ထားဖို့ပဲ ဖြစ်ပါတယ်။ အား​ဆေးအများစုက စားချင့်စဖွယ်ဖြစ်​အောင် က​လေးတို့အကြိုက် အရသာ၊ ပုံသဏ္ဍန်​လေး​တွေနဲ့ ပြုလုပ်ထားတတ်​ကြတော့ က​လေး​တွေက အများကြီး ယူစားလိုက်တတ်ကြပါတယ်။

ဒီ​လောက်ဆိုရင် ကိုယ့်က​​လေးကို အား​ဆေးတိုက်သင့် မတိုက်သင့် စဥ်းစားဆင်ခြင်နိုင်ကြမယ်လို့ ယူဆပါတယ်။

က​လေးတွေရဲ့ ကြီးထွားမှုအ​ကြောင်း၊ အာဟာရအ​ကြောင်းနဲ့ အား​ဆေးတိုက်သင့်မတိုက်သင့်ကို တိုင်ပင်​ဆွေး​နွေးချင်တယ်ဆိုရင် တယ်လီကျန်းမာမှာ ဘိုကင်​လေးတင်ပြီး ​ကလေးအထူးကုဆရာဝန်များနဲ့ဖြစ်ဖြစ် ၊ အာဟာရဆိုင်ရာ အထူးကုဆရာဝန်များနဲ့ဖြစ်ဖြစ် ဆွေး​နွေးမေးမြန်းတိုင်ပင်နိုင်ပါကြောင်းလည်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်ရှင်။

.

❤️ က​လေးများအားလုံး ကျန်းမာကြံ့ခိုင်ပြီး ​ဘေးအန္တရာယ်ကင်းရှင်းကြပါ​စေ ❤️

Dr Pyittainghtaung

( ကလေးအထူးကုဆရာဝန် )

တယ်လီကျန်းမာ

Rerefence : ????

https:// www. nhs .uk/conditions/baby/weaning-and-feeding/vitamins-for-children/

Multivitamins: Do young children need them? – Mayo Clinic https:// www. mayoclinic .org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/multivitamins/faq-20058310

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here