အသက်အရွယ်အပိုင်းအခြားအလိုက် လုပ်ဆောင်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ

0
352

ဒီအကြောင်းကို မပြောပြခင် လေ့ကျင့်ခန်းလေးတွေကို အမျိုးအစား ခွဲပြချင်ပါတယ်။

◾ပုံမှန်ထက် ပိုမိုအားစိုက်ရတဲ့ လေ့ကျင့်ခန်း (Vigorous Activity) တွေကတော့ ပြေးခြင်း၊ ဘောလုံးကန်ခြင်းတွေ ဖြစ်ပါတယ်။

◾ကြွက်သားများ သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကတော့ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း၊ သစ်ပင်၊ နံရံ စတာတွေကို အထိန်းဖြင့် တွယ်တက်ခြင်း၊ ယောဂ (Yoga) လေ့ကျင့်ခြင်းတွေ ဖြစ်ပါတယ်နော်။

◾ပြီးတော့ အရိုးများ သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကတော့ ကျွမ်းဘားဆော့ခြင်း၊ ကြိုးခုန်ခြင်း၊ တောင်တက်ခြင်း၊ ကခုန်ခြင်း၊ ဘတ်စကတ်ဘော၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ တင်းနစ်စတဲ့ အားကစား တစ်ခုခုကို ပုံမှန်လုပ်တာ ဖြစ်ပါတယ်။

ဒါဆို ဘယ်အသက်အရွယ်မှာ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးကို လုပ်သင့်သလဲဆိုတာ ကြည့်လိုက်ကြရအောင်….

????ကျောင်းမတက်ခင် မူကြိုအရွယ် (အသက် ၃ နှစ်မှ ၅ နှစ်)

တစ်နေကုန် လှုပ်လှုပ်ရှားရှားနေသင့်ပြီး ကိုယ်လက်လှုပ်ရှားမှု များများပါတဲ့ ကစားနည်း‌တွေကို ကစားသင့်ပါတယ်။

.

????ကျောင်းနေအရွယ်နှင့် ဆယ်ကျော်သက် (အသက် ၆ နှစ်မှ ၁၇ နှစ်)

အတန်အသင့်မှ ပုံမှန်ထက် ပိုမိုအားစိုက်ရသော (moderate-to-vigorous) လေ့ကျင့်ခန်းတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့စဉ် ၆၀ မိနစ်နဲ့အထက် လုပ်ပေးသင့်ပါတယ်။ ၁ ရက်ကို မိနစ် ၆၀ နဲ့ ၁ ပတ်မှာ ၃ ရက် အနည်းဆုံးပြုလုပ်သင့်ပါတယ်။

.

????လူလတ်ပိုင်း (အသက် ၁၈ နှစ်မှ ၆၄ နှစ်)

အတန်အသင့်အားစိုက်ရသော (moderate intensity) လေ့ကျင့်ခန်းတွေ (ဥပမာ – လမ်းအမြန်လျှောက်ခြင်း) ကို ၁ ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် လုပ်သင့်ပါတယ်။

ကြွက်သားများကို ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ၁ ပတ်မှာ အနည်းဆုံး ၂ ရက်လုပ်သင့်ပါတယ်။

(၁၅၀ မိနစ်ပြည့်အောင် လုပ်နိုင်ရင် အကောင်းဆုံးဆိုပေမယ့် ကိုယ်တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးရင်ကိုပဲ မလှုပ်မရှားနေတာထက် အများကြီး အကျိုးရှိပါတယ်။)

.

????လူကြီးပိုင်း (အသက် ၆၅ နှစ်နှင့်အထက်)

အတန်အသင့်အားစိုက်ရသော (moderate intensity) လေ့ကျင့်ခန်းတွေ (ဥပမာ – လမ်းအမြန်လျှောက်ခြင်း) ကို ၁ ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် လုပ်သင့်ပါတယ်။

ကြွက်သားများကို ကျန်းမာသန်စွမ်းစေသော လေ့ကျင့်ခန်းတွေကိုတော့ ၁ ပတ်မှာ အနည်းဆုံး ၂ ရက် လုပ်သင့်ပါတယ်‌နော်။

ဟန်ချက်ထိန်းတဲ့ (Balancing) လေ့ကျင့်ခန်းတွေဖြစ်တဲ့ ခြေထောက် ၁ ချောင်းတည်းပေါ်မှာ ထိန်းရပ်ကြည့်ခြင်း၊ ယောဂ (Yoga) ပြုလုပ်ခြင်း စတာတွေကိုပါ ထည့်သွင်းလုပ်ဆောင်သင့်ပါတယ်နော်။

(၁၅၀ မိနစ်ပြည့်အောင် လုပ်နိုင်ရင် အကောင်းဆုံးဆိုပေမယ့် ကိုယ်တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးရင်ကိုပဲ မလှုပ်မရှားနေတာထက် အများကြီး အကျိုးရှိပါတယ်။)

.

????နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ

အတန်အသင့်အားစိုက်ရသော (moderate intensity) လေ့ကျင့်ခန်းတွေ (ဥပမာ – လမ်းအမြန်လျှောက်ခြင်း) ကို ၁ ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် လုပ်သင့်ပါတယ်။

ကြွက်သားများကို ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကို ၁ ပတ်မှာ အနည်းဆုံး ၂ ရက်လောက် လုပ်သင့်ပါတယ်။

(၁ ပတ်မှာ မိနစ် ၁၅၀ မပြည့်လည်း လှုပ်ရှားနိုင်တဲ့ ကြွက်သားတွေ၊ အစိတ်အပိုင်းတွေကို ကိုယ်တတ်နိုင်သလောက် လေ့ကျင့်ပေးရင်ကို လုံးဝမလှုပ်မရှားနေဖြစ်တာထက် အများကြီး အကျိုးရှိနေပါပြီ။)

.

????ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီး မိခင်များ

အတန်အသင့်အားစိုက်ရသော (moderate intensity) လေ့ကျင့်ခန်းတွေ (ဥပမာ – လမ်းအမြန်လျှောက်ခြင်း) ကို ၁ ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် လုပ်သင့်ပါတယ်။

(ကိုယ်တတ်နိုင်သလောက် လှုပ်ရှားတာက ဘာမှမလှုပ်ရှားတာထက် ကောင်းနေပါပြီနော်။ ၁၅၀ မိနစ်ပြည့်နိုင်ရင်ကောင်းပေမယ့် မပြည့်လည်း အားမငယ်သင့်ပါ။)

Reference : ????

World Health Organization/ PhysicalActivity, Centers for Disease Control and Prevention/ PhysicalActivity

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here