????သွေးပျစ်ခြင်းအကြောင်း ဗဟုသုတတွေ မျှဝေပေးပြီးပြီဆိုတော့ သွေးကျဲဆေးအကြောင်းပြောပြပါမယ်။ ခန္ဓာကိုယ်သွေးကြောမျှင်လေးတွေမှာ သွေးခဲပိတ်ခြင်းကို ကာကွယ်ဖို့အတွက် သွေးကျဲဆေးသောက်ရပါတယ်။ သွေးကျဲဆေးကို ပါးစပ်ကနေသောက်သုံးနိုင်သလို အကြောဆေးသွင်းလို့လည်းရပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိသူတွေမှာ သွေးကျဲဆေးကို သောက်သုံးရပါတယ်။

..

..

????သွေးကျဲဆေးအမျိုးအစား (၂)မျိုး ရှိပါတယ်။

(၁) Antiplatelet drugs – Platelets လို့ခေါ်တဲ့ သွေးဆဲလ်ငယ်လေးများ တစ်ခုနဲ့တစ်ခုပူးမိပြီး သွေးခဲလေးတွေဖြစ်ပေါ်လာခြင်းကို တားဆီးပေးပါတယ်။ လူသိများတဲ့ အက်စပရင် (Aspirin)ဆေးဟာ ဒီအမျိုးအစားထဲမှာ ပါပါတယ်။ အခြားဥပမာတွေအနေနဲ့ကတော့ Clopidogrel, Dipyridamole နဲ့ Ticlopidine တို့ဖြစ်ပါတယ်။

(၂) Anticoagulant drugs – သွေးခဲဖို့ကြာချိန်ကို ရှည်စေခြင်းဖြင့် သွေးခဲဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ နှလုံးရောဂါရှိသူအများစုဟာ ဒီသွေးကျဲဆေးအမျိုးအစားကို သောက်သုံးရသူတွေပါ။ လူသိများတဲ့ anticoagulant drugs တွေကတော့ Warfarin, Enoxaparin နဲ့ Heparin ပဲဖြစ်ပါတယ်။ သွေးထွက်လွန်ခြင်းဆိုတဲ့ဘေးထွက်ဆိုးကျိုးနည်းစေတဲ့ anticoagulant drugs အသစ်တွေကတော့ Dabigatran, Apixaban နဲ့ Rivaroxaban တို့ဖြစ်ပါတယ်။

သွေးကျဲဆေးသောက်သုံးတော့မယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သောစစ်ဆေးမှုတွေလုပ်ပြီးမှသာ သင့်တော်တဲ့ပမာဏအတိုင်း သောက်သုံးရပါမယ်။

????သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့ သွေးထွက်လွယ်ခြင်း၊ သွေးယိုစီးနိုင်ချေများခြင်းပဲ ဖြစ်ပါတယ်။ ရာသီသွေးပုံမှန်ထက်ပိုဆင်းခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ ဝမ်းရောင်ရင့်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်းနဲ့ သွေးမတိတ်ခြင်းစသည့် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

အခြားဘေးထွက်ဆိုးကျိုးတွေကတော့ မူးဝေခြင်း၊ ကြွက်သားအားနည်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ အရေပြားယားနာခြင်းတို့ ဖြစ်ပါတယ်။

သွေးကျဲဆေးရဲ့အဓိကလုပ်ဆောင်ချက်က သွေးခဲမှုဖြစ်စဉ်ကို တားဆီးပေးတာဖြစ်လို့ ထိခိုက်ဒဏ်ရာရတဲ့အခါ ကိုယ်တွင်းသွေးယိုစိမ့်နိုင်ချေ အရမ်းများပါတယ်။ ဒါ့ကြောင့်မို့ သွေးကျဲဆေးသောက်သုံးနေရသူအနေနဲ့ ဦးခေါင်းထိခိုက်မိတာ၊ ထိခိုက်ဒဏ်ရာရတာမျိုးရှိရင် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

????သွေးကျဲဆေးသောက်သုံးနေရသူတွေအနေနဲ့ ဘယ်လိုအရာတွေကို ရှောင်ရမလဲ?

* Vitamin K – Anticoagulant သွေးကျဲဆေးအမျိုးအစားရဲ့ အာနိသင်ကို အနှောင့်အယှက်ပေးပါတယ်။ ဂေါ်ဖီထုပ်၊ ဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွှတ်၊ မုန်ညင်းဖြူ၊ ဆလပ်ရွက်စတဲ့ ဗီတာမင် K ကြွယ်ဝတဲ့အစားအသောက်တွေ၊ Vitamin K ဖြည့်စွက်ဆေးတွေကို အများကြီးသုံးစွဲလို့မရပါဘူး။

* တိုင်းရင်းဆေးများ – ကြက်သွန်ဖြူ၊ ဂျင်ဆင်း၊ နွယ်ချို၊ ဂျင်ဂို၊ ကမ်မိုမိုင်လ်စတဲ့ အရာတွေဟာ Anticoagulant သွေးကျဲဆေးမျိုးနဲ့ တွဲဖက်မသောက်သုံးသင့်ပါဘူး။

* အရက်၊ အဖျော်ယမကာများ၊ cranberry အချိုရည်များဟာလည်း သွေးကျဲဆေးသောက်သုံးနေသူအတွေနဲ့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

* ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများနဲ့ သန္ဓေတားဆေးတွေဟာလည်း သွေးကျဲဆေးရဲ့ အာနိသင်ကိုကျစေလို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

????သောက်ဆေးမဟုတ်ဘဲ သဘာဝအစားအစာတွေကနေ သွေးကျဲစေတဲ့အာနိသင်ကို ရနိုင်လား?

ကြက်သွန်ဖြူ၊ ဂျင်း၊ တရုတ်နံနံ၊ စမုန်စပါးစတာတွေက သွေးကျဲစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် Vitamin E ကြွယ်ဝတဲ့ သံလွင်ဆီ၊ ပဲနို့၊ မြေပဲနဲ့ almond တို့ဟာလည်း သွေးကျဲစေပါတယ်။ သဘာဝကအလိုအလျောက်ရတာဖြစ်လို့ တခြားသောအာနိသင်အစွမ်းတွေလည်းရှိတာမို့ အလွန်အကျွံ့မစားသုံးသင့်ပါဘူး။

Reference: ????

https://www.healthline.com/…/heart…/blood-thinners…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here