ရန်ကုန်မှာ အသည်းရောင်အသားဝါ A ရောဂါတွေ အဖြစ်များနေကြသတဲ့။
မြေပြင်အခြေအနေတွေအရ သိရတာပါ။ ဘယ်သတင်းဌာနမှာမှ တင်ဆက်ထားတာတော့ မတွေ့ရသေးပါဘူး။ (ကိုယ်မဖတ်မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့)
ဖတ်မိတာကတော့ ရုရှားက ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ပေးဖို့ မြန်မာပြည်ကလုပ်သားတွေကို စေလွှတ်မယ်ဆိုပဲ။
အဲဒီ ကြင်စိုးတို့တစ်သိုက်ကတော့ မြန်မြန် expired ဖြစ်မှ အေးမှာပါ။
ထားပါတော့
လောလောဆယ်တော့…
လတ်တလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါ A ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ အသေးစိတ်သိရှိထားသင့်တဲ့အချက်လေးတွေကို ဒီရက်ပိုင်းအတွင်း ဖော်ပြပေးသွားပါမယ်နော်။
အခုကတော့…
အသည်းရောင်အသားဝါ A ရောဂါဆိုတာ
- အနီးကပ်နေထိုင်သူအချင်းချင်း ကူးစက်တယ်။
- အစားအသောက်ကနေတစ်ဆင့်လည်း ကူးစက်နိုင်တယ်။
- ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့်၊ တကယ်တမ်း လူကြီးတွေမှာဖြစ်ပွားလာရင် ရောဂါပိုပြင်းထန်တယ်။
- ဆေးရုံတက်ရတဲ့အခြေအနေတွေအထိ ဖြစ်လာနိုင်ပေမယ့် အသက်သေဆုံးမှုနှုန်းကတော့ အင်မတန်နည်းပါးတယ်။
- ရောဂါအခံ (အထူးသဖြင့် အသည်းရောဂါတစ်ခုခု) ရှိနေသူတွေက ပိုပြီးသတိထားသင့်တယ်… စတဲ့ အခြေခံအချက်လေးတွေကို ဆင်ခြင်ရင်း
မကြာခင် တင်ဆက်ပေးမယ့် အသည်းရောင်အသားဝါ အေ (Hepatitis A) ရောဂါအကြောင်းလေးကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ တိုက်တွန်းရင်း…
အမြဲဂရုစိုက်နေမယ့်…။
❤️ ချစ်တဲ့… တယ်လီကျန်းမာ ❤️
..
..
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.