“ မြန်မာပြည်က ပညာတတ်များ”

ကျွန်မ လက်ထောက်ဆရာဝန်ဘဝတုန်းက တာဝန်ကျတဲ့ OG ward မှာ ကျွန်မ အင်မတန်လေးစားရတဲ့အပြင် ကျွန်မ အလွန်သဘောကျတဲ့ Consultant OG ၂ ယောက်ရှိပါတယ် … (Personal အရကို တအားကိုသဘောကျတဲ့ အစ်မတွေပါ)

သူတို့ ၂ ယောက်လုံးက အသက်ကသာ ၄၀ ကျော် တာ … ၂ ယောက်လုံး ရုပ် အင်မတန်နုတယ်… တအားလည်းချောတယ်။ ကလေးတွေလည်း မွေးထားပေမယ့်… ကလေးတာဝန် အပြည့်ယူရတာတောင်… အလုပ်တာဝန် မလစ်ဟင်းအောင် လုပ်ပေးလို့ Reputation ကောင်းတဲ့အစ်မတွေပါ။

ဒါအပြင် … England က MRCOG ဘွဲ့ပါရထားတယ်.။

Senior Consultant (SC) အစ်မက မြန်မာပြည် ဘွဲ့လွန် Doctorate ဘွဲ့ရထားပြီး….နောက် Junior Consultant (JC) အစ်မက Doctorate ဘွဲ့ တက်နေဆဲ… ရှင်းအောင်ပြောရရင် OG မှာ ရှိသမျှ ဘွဲ့အကုန်ရထားတဲ့ OG တွေပေါ့။ အချိန်တစ်ခုအကြာမှာ အမြင့်ဆုံးရာထူး Professor နေရာရမယ့်အစ်မတွေပါ။

လူနာအပေါ် ဆက်ဆံတဲ့ အခါလည်း ကျွန်မတို့ကို Respect ထားဆက်ဆံတတ်ဖို့… လူနာက လာရခက်တယ်၊ ဝေးတယ်…စတာလေးတွေကစ အမြဲဂရုစိုက်ပေးတယ်။

ခွဲစိတ်တာ … ကုသနည်းလမ်းတွေဆိုတာ အင်မတန်တိကျတယ် … ပြတ်သားတယ်။ လုပ်သက်ကလည်း နှစ် ၂၀ လောက်ရှိနေပြီကိုး????????????

..

..

စစ်အာဏာလည်းသိမ်းရော …. ကျွန်မပြောတဲ့ အစ်မ ၂ ယောက်လုံး CDM လုပ်ကြရော။

JC အစ်မ ဝန်ထမ်းအိမ်ရာကို စကစတွေ လာဖမ်းတာနဲ့ အစ်မလည်း တစ်အိမ်သားလုံး ထွက်ပြေး… SC အစ်မကလည်း အခမဲ့ ဆေးခန်းကြည့်ပေး ခွဲပေးလို့ … စကစ လိုက်ဖမ်း … ကျွန်မစိတ်တွေမကောင်းလိုက်တာ။

.

အခုတော့ JC အမက England London မှာ အလုပ်ရပြီး မိသားစုလိုက်ပြောင်းသွားပါပြီ။ အစ်မနဲ့ ဖုန်းရတော့… အစ်မတို့နေရာသစ်ကို အသက်ကြီးမှ ရောက်သွားတော့ အတော်လေးအဆင်မပြေကြောင်း… ကလေးတွေ ကျောင်းကိစ္စနောင်ရေးအတွက် သူ ဆက်နေရမယ် ပြောဖြစ်ကြသေး…။

SC အစ်မကတော့ သူ့အမျိုးသားက အရင်ထဲက ရွှေဆိုင်သူဌေး … အစ်မလည်း ဆေးခန်းအကုန်နား … အမျိုးသားရွှေဆိုင်မှာပဲ အတူတူလုပ်ဖြစ်နေတယ်ကြားတော့ … ကိုယ်က အစ်မအစား နှမြောနေတာ။ အစ်မက ပြောရှာပါတယ် … အခု အစ်မ အနားရနေတာ အသက်ရလာတော့ ပိုကောင်းပါတယ်တဲ့။

နောက်ဆုံးကတော့ ကျွန်မပေါ့။ ကျွန်မလို ဘွဲ့လွန်မပြီးတဲ့ ဆရာဝန်အတွက်ကတော့ ဆမလည်းသိမ်း… အလုပ်လည်းမရှိ… GP ထိုင်လည်း လိုက်ဖမ်းနေတော့… အခု Teleconsult ကြည့်တယ် … အားရင် ထိုင် Click …. အိမ်မှာနေ အချိန်တွေကုန်ပေါ့။

ဒါပေမဲ့ စိတ်ထဲ အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေဆို ထောင်ထဲရောက်တဲ့ ဒုက္ခထက် ငါကအိမ်မှာနေရပါသေးတယ်ဆိုပြီး … အားတင်းထားပါတယ်။

..

..

ကျွန်မတို့ CDM တွေ အဆင်မပြေကြတာမှန်ပေမယ့် …

ကျွန်မ နှမြောမိတာတော့ အရမ်းတော်တဲ့ ပညာတက်တွေ … ထောင်ထဲရောက်တဲ့သူကရောက်…နိုင်ငံခြားထွက်တဲ့သူကထွက်… သူတို့ထွက်သွားတာ … အရင်ခေတ်တွေလို ပြန်လာတော့မှာမဟုတ်တော့ပါဘူး။ (ပြန်လာလို့လည်းမရတော့ဘူးလေ)

မြန်မာပြည်ထဲကျန်ခဲ့တဲ့သူဆိုလည်း… ကိုယ့် Professional မဟုတ်တဲ့ အလုပ်တွေပြောင်းလုပ်ရင်လုပ်… မဟုတ်ရင် အိမ်ထဲထိုင်နေကြရပါပြီ။

ဪ… ဒါပေမဲ့လည်း တချို့ကတော့ ခုထိ စကစလက်အောက် ဘောမနေဆဲပေါ့။

နောင်အနာဂတ်မှာ မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်တဲ့ပညာတတ်ဆိုတာ ရှားပါးကုန်စည်ဖြစ်လာတော့မယ်…

ဒါကြောင့် ကျွန်မတို့ Click တိုင်းတွေးမိတာကတော့ ငါတို့နိုင်မှဖြစ်မယ်…

………

………။

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here