ဟင်းချက်တဲ့အခါသုံးနေတဲ့ အိုးခွက်၊ ဇွန်း၊ ယောက်ချိုတွေက စိတ်ချရရဲ့လား။ တချို့အိုးတွေ၊ ဇွန်းတွေက မီးအပူပြင်းပြင်းနဲ့ချက်တဲ့အခါ ဓာတုပစ္စည်းတွေလွင့်ထွက်လာတာ၊ အစားအစာထဲမှာပါသွားပြီး စားမိတဲ့အခါ အဆိပ်သင့်တာမျိုးဖြစ်စေနိုင်တာ ကြားဖူးကြရဲ့လား။

ဒီနေ့တော့ ဘယ်လိုအိုးခွက်တွေကို ရွေးချယ်သင့်တယ်ဆိုတာကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ သံအိုးနဲ့စတီးအိုးတွေမှာ တက်ဖလွန် (teflon) ပါတဲ့ non stick အိုးမျိုးတွေ၊ ဒန်အိုးမှာမှ အပေါစားမျိုးတွေက သတ္တုဓာတ်တွေစိမ့်ထွက်နိုင်လို့ မသုံးသင့်ပါဘူး။ ဇွန်းနဲ့ခွက်ယောက်တွေမှာလည်း ကော်နဲ့လိုလို အမဲရောင် non stick အိုးနဲ့ တွဲသုံးဖို့လာတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကလည်း အပူချိန်မြင့်မြင့်နဲ့ ကြာရှည်ထိတွေ့တဲ့အခါ ပျော်သွားတာမို့၊ အဆိပ်သင့်နိုင်တဲ့အရာတွေ စိမ့်ထွက်စေတာမို့ မသုံးသင့်ပါလို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ Non stick အတွက်ဆို ကော်နဲ့ထက် သစ်သားနဲ့လုပ်တဲ့ ယောက်မတို့ဘာတို့ကို သုံးလို့ရပါတယ်။

အသစ်၀ယ်မှာဆိုရင်တော့ စတီးတို့ သံအိုးတို့ကိုရွေးတာ ပိုကောင်းပါတယ်။ လေးလေးပင်ပင်ရှိမယ့် တအားစျေးမပေါတာမျိုးကို ဖြစ်နိုင်ရင်ရွေးပါ။ ဒီလိုပြောလို့ စျေးကြီးမှကောင်းတယ် မထင်စေချင်ပါဘူးနော်။ နယ်ဘက်မှာသုံးနေကျ မြေအိုးလေးတွေ၊ ၀ါးနဲ့ ထမင်းတို့ကောင်ညှင်းတို့ ပေါင်းတာမျိုးတွေ ဒါတွေကလည်း သိပ်ကောင်းတဲ့ ရွေးချယ်မှုတွေပါပဲ။ တစ်ခုပဲ… ကောင်းစွာခြောက်သွေ့အောင် ထားဖို့လိုတာပါ။ မြေအိုး (သို့) ၀ါးနဲ့လုပ်တဲ့ပစ္စည်းတွေကို နေပူထဲအခြောက်ခံတာ၊ လေသလပ်အောင်ထားတာမျိုး လုပ်ဖို့လိုအပ်ပါတယ်။

အိမ်မှာသုံးနေကျအိုးတွေကရော ဘာက ဘာမှန်းမသိဘူးဆိုရင်တော့ . . .

  • တအားပေါ့ပါးတဲ့အိုးတွေကို​ ရှောင်ပါ။ ဥပမာ ဒန်အိုးအပျော့တွေလိုမျိုးပါ။ ဒီလိုအိုးတွေရဲ့ သတ္တုဓာတ်က ဟင်းချက်တဲ့အခါ စိမ့်၀င်တာမျိုး ဖြစ်နိုင်ပါတယ်။
  • ခရမ်းချဥ်သီး၊ ချဥ်ပေါင်တို့လို ချဥ်တဲ့ အက်ဆစ်ပါတဲ့အစားအစာနဲ့ ထိတွေ့တဲ့အခါ အရသာပြောင်းရုံသာမက အစားအစာထဲ သတ္တုဓာတ်စိမ့်၀င်စေနိုင်လို့ ရေရှည်မှာမကောင်းပါ။ ဒါကြောင့် ချက်တဲ့အခါ ဟင်းအရသာပြောင်းတယ်ဆို ဒီလိုအိုးနဲ့မချက်တာ ပိုလုံခြုံပါတယ်။
  • အိုးရဲ့အရောင်ပြောင်းသွားရင်လည်း သတ္တုဓာတ်တွေစိမ့်ထွက်လို့ပါတဲ့။ မကောင်းပါနော်။
  • ဘာနဲ့လုပ်တဲ့အိုးမှန်းမသိလို့ ရွေးရခက်နေရင် လေးလေးပင်ပင်အိုးကိုရွေးပါ။
  • Non stick တွေ ရှောင်ပါတဲ့။ သူများတွေ ဟင်းချက်တဲ့နေရာမှာသုံးပြပြီး လှလှလေးတွေဆိုတော့ ကိုယ်လည်း လိုချင်မိတာပေါ့။ လျှော့စျေးအချိန်နဲ့တိုးရင် တန်မှတန်ဆိုတော့ ၀ယ်မိတာပေါ့။ တကယ်အိုးအသားက ကျန်းမာရေးနဲ့အညီထုတ်ထားတဲ့ အိုးတွေဆိုရင်တော့ အရင်းကိုကစျေးကြီးလို့ အများကြီး စျေးမလျှော့နိုင်တာ သတိပြုပါ။ ဒီတော့ လိုချင်စိတ်လေးတားမရဖြစ်မယ့်အစား မိမိအိမ်မှာသုံးနေကျ မလှမပတော့ဘူးလို့ထင်ရတဲ့ စတီးအိုး၊ သံအိုးလေးတွေကို ကျေးဇူးတင်စိတ်နဲ့ ဆက်သုံးဖို့အကြံပြုချင်ပါတယ်။ Teflon အိုးတွေက ကျန်းမာရေးအရမသုံးသင့်ပါနော်။ Non stick တွေ အချိန်ကြာလို့ကွာလာရင်၊ အဖတ်လေးတွေဖြစ်လာရင် အဲဒီထဲကသတ္တုဓာတ်တွေက အစားအစာထဲ စိမ့်ထွက်လာမှာပါ။ ဒါကြောင့် non stick ကွာပြီဆို မသုံးပါနဲ့တော့။
  • သံလိုက်နဲ့စမ်းကြည့်လို့ ကပ်တယ်ဆို သုံးလို့ကောင်းပါတယ်။
  • ကြေးအိုးကိုလည်း စိတ်ချလက်ချသုံးလို့ရပါတယ်။ ဒါပေမယ့် စျေးတော့ကြီးတာပေါ့။

အိုးထဲကဓာတ်တွေ စိမ့်ထွက်မှာစိုးရင် အပူပြင်းပြင်းနဲ့ထိတွေ့မယ့်ဟင်းတွေဆို ငှက်ပျောရွက်၊ ဖက်ရွက်ခံတာမျိုးနဲ့ ချက်နိုင်ပါတယ်။ အနံ့လည်းပိုကောင်းသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ကင်တဲ့အခါလည်း မီးခိုအမဲတွေကပ်တဲ့အန္တရာယ်ကို ကာကွယ်တော့ ကင်ဆာမကြောက်ရတော့ဘူးပေါ့။ အုန်းခွံထဲထည့်ချက်တာမျိုးလည်း လုပ်လို့ရပါတယ်။

အကောင်းဆုံးကတော့ အပူပြင်းပြင်းနဲ့ချက်မယ့်အစား မီးအေးအေးနဲ့ချက်ပါလို့ အကြံပြုချင်ပါတယ်…။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Ref: 📚
https:// edition. cnn. com /2024/10/01/health/flame-retardant-black-plastic-wellness/index.html

https:// www. niehs. nih. gov /health/topics/agents/flame_retardants

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here