အားလုံး မင်္ဂလာပါရှင့်….

သက္ကရာဇ်တွေ ပြောင်းလဲလာတာနဲ့အတူ မနှစ်ကထက် ဒီနှစ်မှာ ပိုကျန်းမာအောင် နေကြပါစို့လားနော်။

ဒီအတွက်၂၀၂၅ မှာ ကျန်းမာရေးအသိရှိရှိနဲ့ ပိုဂရုစိုက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးချက် ၁၀ ချက်ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ် 😇😇

(၁) ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ ရွေးချယ်မှုတွေလုပ်ကြစို့။ အစားအစာကစလို့ ကျန်းမာရေးကို အလေးပေးကြစို့။

ကျန်းမာတဲ့အစားအစာဆိုတာ အာဟာရတန်ဖိုးများတဲ့ အစားအစာတွေကို အစာအုပ်စု စုံစုံလင်လင်နဲ့ စားခြင်းကို ဆိုလိုတာပါ။ လွယ်အောင်ထပ်ရှင်းရရင် တစ်နေ့တစ်နေ့ စားနေတဲ့အထဲမှာ အသီးအနှံတွေလည်းပါမယ်၊ ဟင်းသီးဟင်းရွက်တွေလည်းပါရပါမယ်။ တစ်နေ့တာ စားသင့်တဲ့ပမာဏအားဖြင့်ဆိုရင် ပန်းကန်လုံးနဲ့ အသီးအနှံတစ်ပန်းကန်၊ ဟင်းသီးဟင်းရွက်လည်း ပန်းကန်လုံး တစ်လုံးစာခန့်ပါ။ အလွယ်၀ယ်လို့ရတဲ့ မုန့်ထုပ်တွေ၊ မုန့်ပဲသွားရည်စာတွေထက်စာရင် သစ်သီး၀လံတွေ​ ရာသီပေါ် အစားအစာတွေ စားတာမျိုးပေါ့။ Readymade ဖျော်ရည်တွေသောက်တာထက် အုန်းရည်လေးသောက်တာမျိုး၊ တွန်းလှည်းနဲ့ အသည်လေးတွေဆီကဆို ဆီကြော်မုန့်တွေထက် သရက်သီးတို့၊ ပြောင်းဖူးသုပ်တို့ စားတာမျိုး၊ ဒိီလို နေ့စဥ်ဘ၀ထဲမှာ သဘာ၀လည်းကျ မိမိလည်းကြိုက်နှစ်သက်တဲ့ အစားအစာတွေကိုမှ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ရွေးချယ်မှုလေးတွ ပြုလုပ်ပါ။
.

(၂) သကြားနဲ့ ဆား အရင်နှစ်ကထက် လျှော့စားကြရအောင်။

သကြားအဖြူချည်း သိပ်မစားမိပေမယ့် သကြားပါ၀င်မှုများတဲ့ မုန့်ပဲသွားရည်စာများ၊ ဖျော်ရည်များကို လျှော့သောက်ပေးပါ။ သကြားမပါတဲ့ ရွေးချယ်မှုများပိုလုပ်ပါ။ သကြားစားခြင်း၊ ဖျော်ရည်သောက်ခြင်းတို့ကြောင့် ဆီးချိုဖြစ်ရုံသာမက အသည်းအဆီဖုံးခြင်း၊ ယူရစ်အက်ဆစ်တက်ခြင်း၊ သွားပိုးစားခြင်းတို့ ဖြစ်စေပါတ​ယ်။

ဆားကိုလည်း ငပိငံပြာရည်ပါတဲ့ အစားအစာတွေ လျှော့စားကြရအောင်နော်။ နောက်ပြီး ပဲငံပြာရည်နဲ့ ဆော့တွေကိုလည်း လျှော့သုံးစွဲကြရအောင်။
.

(၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီတွေ ရှောင်ကြလျှော့ကြမယ်။

ပြန်ကြော်ဆီတွေကို လျှော့ဖို့ကတော့ အပြင်စာစားရင် မလွယ်တဲ့အဖြစ်ပါ။ ဒီတော့ အပြင်မှာ မုန့်ပတ်စားမယ်ဆိုရင် ဆီနဲ့ကြော်တာထက် ပြုတ်တာ၊ ဖုတ်တာ၊ သုပ်တာ၊ ကင်တာ စတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီတွေကတော့ အသားတွေက အဆီတွေ၊ ၀က်ဆီ၊ အမဲဆီနဲ့ အခေါက်တွေပါ။ ဒီလိုဆီတွေ မစားဖြစ်အောင် ကြိုးစားကြပါစို့နော။

အစေ့အဆန်တွေနဲ့ ငါးတွေမှာပါတဲ့ဆီတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
.

(၄) ဆေးလိပ်မသောက်ပါနဲ့

လွယ်တော့မလွယ်ဘူးပေါ့… ကြိုးစားပြီးတော့ လျော့ပါနော်။
.

(၅) ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပြီး သွက်သွက်လက်လက်နေရအောင်။

တစ်နေ့မှာ နာရီ၀က်ခန့် လမ်းလျှောက်တာာ၊ ယောဂကျင့်တာနဲ့ အခြားလှုပ်ရှားမှုတစ်ခုခုလုပ်တာဖြင့် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် လှုပ်ရှားမှုလုပ်ရအောင်နော်။ ပိုကျန်းမာချင်ရင်တော့ တစ်ပတ်ကို မိနစ် ၃၀၀ ခန့်လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
.

(၆) သွေးပေါင်ပုံမှန်ချိန်ပါ

သွေးတိုးရောဂါဆိုတာ အသံတိတ်လူသတ်သမားတဲ့။ တကယ်က အခုလို စိတ်ဖိစီးစရာခေတ်ပျက်ကြိီးမှာ ပိုလို့တောင် သွေးတိုးဖြစ်လွယ်ပါတယ်။ ဒီတော့ မသိလိုက်ဘဲ မဖြစ်ရအောင် သွေးတိုးရှိ/မရှိ ပုံမှန်ချိန်ပါ။ သွေးတိုးရောဂါဖြစ်နေရင်လည်း ဆေးပုံမှန်သောက်ပါ။

(၇) လမ်းစည်းကမ်းနဲ့ ယာဥ်အန္တရာယ် သတိပြုပါ။

လမ်းလျှောက်တာ ကောင်းတယ်ဆိုလို့ မလုံခြုံတဲ့ပတ်၀န်းကျင်မှာ ဖြစ်နေရင်တော့ အဆင်မပြေပါဘူး။ ဒီတော့ လုံခြုံမှုရှိိဖို့က နံပါတ် ၁ အနေနဲ့ ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။
.

(၈) မလိုအပ်ဘဲ ပဋိဇီဝပိုးသတ်ဆေးတွေကို မသောက်ပါနဲ့။ သောက်လိုက်မသောက်လိုက် လုပ်တာနဲ့ ဆေးအပြင်းစားတွေကို မလိုဘဲသောက်ရင် ဆေးယဥ်ပါးမှုဖြစ်လာနိုင်ပါတယ်။ ဆရာ၀န်ညွှန်ကြားမှသာ လိုအပ်မှသာ ဆေးပမာဏအတိအကျကို အချိန်မှန်သောက်ပါ။
.

(၉) လက်ကို ခဏခဏဆေးပါ။

ဘာမှန်းမသိတဲ့ရောဂါပိုးတွေ ဘယ်ချိန်မှာ ဘယ်လိုရောက်လာမယ် ကြိုမသိတော့ လက်ကို ခဏခဏ ဆေးခြင်းခြင့် ကာကွယ်ပါ။
.

(၁၀) Medical checkup များလိုအပ်သလို ပုံမှန်ပြုလုပ်ခြင်းဖြင့် မိမိရဲ့ကျန်းမာရေးကို စစ်ဆေးပါ၊ ဂရုစိုက်ပါ။

ဒီတော့ ကျန်းမာတဲ့နှစ်သစ်ကို ကောင်းမွန်စွာဖြတ်သန်းနိုင်အောင် တယ်လီကျန်းမာကိုလည်း ကိုယ်ကျန်းမာ/စိတ်ကျန်းမာရေး ဘယ်အရာတွက်မဆို သတိရလိုက်ပါနော်။ လိုအပ်ရင် ကူညီဖို့အသင့်ပါ…။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here