နှင်းကိုက်တယ်ဆိုလို့ အနှင်းကိုက်တာကို ပြောတာမဟုတ်ဘူးနော်။ Snow လို့ခေါ်တဲ့ တကယ်နှင်းကိုက်တာကို ပြောတာပါ 😁။

နှင်းကိုက်ခြင်းဟာ အရမ်းအေးတဲ့နေရာမှာ အကြာကြီးနေလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နေရာအများစုနဲ့ကျ သိပ်ပြီးမရင်းနှီးကြပေမယ့် UK တို့လို့ အရမ်းအေးတဲ့ အနောက်နိုင်ငံတွေမှာတော့ ဆောင်းတွင်းရောက်ပြီဆိုရင် အိမ်ခြေယာမဲ့ (Homeless) တွေမှာ အတွေ့များတတ်ပါတယ်။
..
..

နှင်းကိုက်ခြင်းမှာ လူ့ခန္ဓာကိုယ်အရေပြားနဲ့ နှင်းလိုရေခဲမျိုးက အချိန်တစ်ခုကြာအောင် တိုက်ရိုက်ထိတွေ့ခြင်းဟာ အဖြစ်အများဆုံး အကြောင်းရင်းပါ။

ကျွန်မတို့က နှင်းနဲ့ထိလို့ ဖြစ်တာဆို သိပ်မဆိုးပါဘူး ထင်နေတတ်ပေမယ့် နှင်းကိုက်ခြင်းဟာ မီးလောင်ခြင်းလိုမျိုး အရေပြားအတွင်းထိ (တချို့ဆို အရိုးထိပါ) ထိခိုက်တာမျိုး ရှိပါတယ်။
..
..

နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကတော့

  • လက်တွေ ထုံကျဥ်လာမယ်။
  • လက်ဖျား၊ ခြေဖျား၊ နှာထိပ်လေးတွေ နီလာမယ်၊ ပြာလာမယ်၊ ညိုလာပါမယ်။
  • ပြီးရင် ရေခဲလိုမျိုး အသားက မာခဲလာပါမယ်။
  • အရမ်းနာကျင်လာပြီး အရမ်းကြည်ဖုထတဲ့အထိ ဖြစ်လာတတ်ပါတယ်။

ရေခဲတောင်လိုမျိုးနေရာမှာ ပိတ်မိတဲ့အခါ၊ အရမ်းကို အေးတဲ့နေရာမှာ အချိန် (၂၄) နာရီကြာ နေထိုင်မိတဲ့အခါ အရည်ကြည်ဖု အကြီးကြီးကနေ သွေးထွက်လာတာ၊ သွေးကြည်ဖု ထလာတာအထိ ဖြစ်တတ်ပါတယ်။
..
..

ပုံမှန်အေးတဲ့နေရာကလူတွေက လက်တွေစထုံပြီး ကျဥ်လာရင် အနွေးဓာတ်လေးပြန်ယူတဲ့အနေနဲ့ ရေနွေးလေသောက်ပြီး သက်သာကြတာများပါတယ်။

ဒါပေမဲ့ နှင်းတောထဲမှာ အရက်မူးပြီး လဲကျသွားရာက‌နေ အချိန်ကြာသွားတာမျိုး၊ နှင်းတောင်တက်ရင် အချိန်ကြာတာမျိုးစတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် လက်ထိပ်ခြေထိပ်တွေမည်းပြီး အရမ်းနာလာရင်တော့ ဆရာဝန်နဲ့သေချာပြရပါမယ်။
..
..

နှင်းကိုက်တာရဲ့ နောက်ဆက်တွဲအနေနဲ့ နှင်းကိုက်တဲ့နေရာက တအားနာလာ/ကိုက်လာတာ၊ ပိုးဝင်တာမျိုးက‌နေ တချို့ဆို နှင်းကိုက်ခံရတဲ့နေရာကို ဖြတ်ထုတ်ရတဲ့အထိပါ ရှိတတ်ပါတယ်။
.

ဒီနေရာမှာ နှင်းကိုက်တာဖြစ်ဖြစ်၊ အပူလောင်တာဖြစ်ဖြစ်၊ ကျွန်မတို့ဟာ အပူချိန် (Temperature) အပြောင်းအလဲကြောင့်ဖြစ်တဲ့ ကိစ္စရပ်တွေမှာ နဂိုမူလခန္ဓာကိုယ်အပူချိန်ကိုရောက်အောင် ဖြည်းဖြည်းချင်း ပြန်ချိန်ပေးရပါမယ်။

နားလည်အောင် သေချာပြောပြရရင် ရေခဲလိုအေးတဲ့အသားဖြစ်စေ၊ စားစရာဖြစ်စေ၊ ထိကိုင်ပြီး လက်တအားအေးလာရင် ရိုးရိုး သာမန်ရေနဲ့ ပြန်စိမ်လိုက်တာက လုံလောက်ပါတယ်။ အေးနေလို့ ရေနွေးပူပူလောင်းချတာမျိုးကို မလုပ်ရပါဘူးနော်။

ထိုနည်းတူပါပဲ။ အပူလောင်တယ်ဆိုလည်း ရေအေးပြန်စိမ်ရင် အပူချိန် 15 C လောက်ရှိတဲ့ ရေအေးနဲ့ပြန်စိမ်လိုက်ရုံနဲ့ လုံလောက်ပါတယ်။ ရေခဲတုံးနဲ့ အတင်းဖိတာမျိုးက သာမန်အပူလောင်တဲ့နေရာမှာ ကိစ္စမရှိပေမယ့် အပူလောင်တဲ့အကွက်က ကြီး‌နေရင်တော့ ပိုပြီးဒဏ်ရာရစေပါတယ်ရှင်။

ခေတ်ကြီးကောင်းသွားပြီးတဲ့အခါ မြန်မာပြည်ရဲ့ အရမ်းအေးတဲ့ဒေသတွေ၊ ရေခဲတောင်တက်မယ့်သူတွေအတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ရင်း နှင်းကိုက်ခြင်းအကြောင်းကို နိဂုံးချုပ်လိုက်ပါရစေ။

Dr Cool

တယ်လီကျန်းမာ

https : // www . mayoclinic . org /diseases – conditions / frostbite /symptoms – causes / syc – 20372656

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here