ဆောင်းတွင်းဝင်လာတာနဲ့အမျှ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ရိုတာဗိုင်းရပ်စ် (Rotavirus) လည်း တဖန်ပေါ်လာတတ်ပါတယ်။
ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး ဒီဗိုင်းရပ်စ်ပိုးဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ််တစ်မျိုးပဲ ဖြစ်ပါတယ်။
…
…
🦠 ကူးစက်ပုံ
ကူးစက်တဲ့ပုံကတော့ အဓိကအားဖြင့် လက်ကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ သန့်စင်ခန်းကထွက်လာပြီး လက်မဆေးတာ၊ ကလေးရဲ့ ဒိုက်ပါ လဲပေးပြီး လက်မဆေးတာမျိုးကနေတစ်ဆင့် အဲဒီလက်နဲ့ အစားအစာကိုင်တွယ်တာ၊ အစာကျွေးတာမျိုးတွေ လုပ်မိရာကနေ ကူးတတ်တာဖြစ်ပါတယ်။
…
…
🦠 ဝေဒနာလက္ခဏာများ
▪️ ရောဂါကူးစက်ရင် လက္ခဏာက ၁-၂ ရက်အတွင်း ပြတတ်ပြီး ခံစားရမှာတွေကတော့. . .
- ကနဦးအနေနဲ့ ဖျားနာမယ်
- အော့အန်မယ်
- ဝမ်းအကျဲတွေ သွားမယ်။ (ဝမ်းသွားတာ ပျမ်းမျှ ၃ ရက်ကနေ ၇ ရက်အထိ ကြာတတ်ပါတယ်)
- ဗိုက်နာတာတွေ ဖြစ်နိုင်တယ်
- နောက်ဆက်တွဲအနေနဲ့ ကိုယ်အပူချိန် ပိုပြီးမြင့်တက်လာတာမျိုး၊ ဝမ်းအမည်းတွေ သွားတာမျိုး၊ အော့အန်တာမျိုး၊ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာမျိုးတွေပါ ဖြစ်တတ်ပြီး နုံးတာ၊ သတိလစ်တာတွေအထိပါ ဖြစ်တတ်ပါတယ်။
- ကလေးက အဖျားကနေ ပြန်မကျတာ၊ ဝမ်းသွားတာ အကြိမ်ရေ များလာတာ၊ ဝမ်းထဲ သွေးပါလာတာ စတာမျိုးတွေ ဖြစ်လာရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ် *
…
…
🦠 ကုသပုံ
ရောဂါကူးစက်ခံရလို့ ဘယ်လိုကုသလို့ရမလဲဆိုရင် တိကျတဲ့ကုသနည်းတော့ သီးသန့်မရှိပါဘူး။
ဒါပေမယ့် ဖြစ်ပွားနေကျ ဝမ်းပျက်ဝမ်းလျှောတွေကို ကုသတဲ့နည်းဖြစ်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို သက်သာစေဖို့ ဓာတ်ဆားရည်ဖျော်တိုက်ခြင်း၊ ဖြည့်စွက်အားဆေး တိုက်ကျွေးခြင်း၊ အစားအစာ အာဟာရပြည့်ဝစွာကျွေးခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
…
…
🦠 ကာကွယ်နည်း
ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ . . .
- လက်ကို စင်ကြယ်စွာ ဆေးကြောပေးပါ။ အထူးသဖြင့် သန့်စင်ခန်းက ထွက်လာတိုင်း၊ အညစ်အကြေးတွေ ကိုင်ပြီးတိုင်း၊ အစားအစာကို ကိုင်တွယ်စားသောက်ခါနီးတိုင်းမှာ သေချာဆေးကြောပေးဖို့ လိုပါတယ်။ လက်ဆေးပေးခြင်းက ရိုတာဗိုင်းရပ်စ်ကိုသာမကဘဲ တခြားသော လက်မှ၊ အညစ်အကြေးမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးစေနိုင်ပါတယ်။
- နောက်တစ်ခုကတော့ ဘေးနားပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပေးပါ။
- အစားအစာတွေကို အာဟာရမျှတစွာ ကျွေးမွေးပေးပါ။
- အခုနောက်ပိုင်းမှာတော့ RotaTeq, Rotarix စတဲ့ ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတွေလည်း ပေါ်လာပြီဖြစ်လို့ ရောဂါမဖြစ်အောင် ကာကွယ်ဆေးတွေကို သက်ဆိုင်ရာအသက်အရွယ်အလိုက် တိုက်ကျွေးထားလို့လည်း ရပါတယ်…..။
Ref: Immunization in Practice: A Practical Guide for health staff 2022 ,
Https: // www. mayoclinic. org /diseases-conditions /rotavirus/ symptoms-causes /syc-20351300
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.