အခုလိုခက်ခဲတဲ့ကာလမှာ စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ၊ အသက်မွေးဝမ်းကျောင်း၊အလုပ်အကိုင်အပြောင်းအလဲတွေ၊ အရင်လိုမဟုတ်တော့တဲ့ လူမှုဆက်ဆံရေးတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ လူတော်တော်များများမှာ ကိုယ်တိုင်တောင်မသိဘဲ ကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ရပ် ရှိပါတယ်။
➪ “Apathy” လို့ခေါ်တဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးပြီး နေ့စဉ်လူနေမှုဘဝကို စိတ်ဝင်စားမှုမရှိတော့ဘဲ ခံစားချက်မဲ့ခြင်းပါ။
နေ့စဉ်ဘဝလုပ်ငန်းခွင်မှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ ကိုယ့်ရဲ့ အိမ်မက်တွေအပေါ်မှာ စိတ်အားထက်သန်မှုမရှိတော့ဘဲ ဗလာနတ္ထိခံစားချက်မျိုး ဖြစ်ပါတယ်။
ကျွန်တော်တို့ စိတ်ဖိစီးမှုများတဲ့အခါမျိုးမှာ တစ်ခါတစ်ရံ ‘ခံစားချက်မဲ့’ တတ်ကြစမြဲပါ။
ဒါပေမယ့် အချိန်ကာလတစ်ခုကြာမြင့်စွာ စိတ်ခံစားချက်မဲ့နေပြီဆိုရင်တော့ နေ့စဉ်လူမှုဘဝဆက်ဆံရေး၊ လုပ်ငန်းခွင်နဲ့ ကိုယ်စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ Apathyဟာ အာရုံကြောနဲ့စိတ်ပိုင်းဆိုင်ရာရောဂါတွေရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်လို့ မကုသဘဲထားရင် ပိုဆိုးသွားနိုင်ပါတယ်။


◻️ Apathy ရဲ့အဖြစ်များသော လက္ခဏာများ
???? အကောင်း၊ အဆိုး အဖြစ်အပျက်များအပေါ် စိတ်ခံစားချက်မရှိတော့ခြင်း
???? ကိုယ့်ရဲ့တာဝန်ဝတ္တရားများအပေါ် အားထုတ်မှုမရှိဘဲ ပျက်ကွက်ခြင်း
???? ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပေါင်းသင်းဆက်ဆံလိုစိတ်မရှိခြင်း
???? အတွေ့အကြုံအသစ်များကို ရင်ဆိုင်လိုစိတ်မရှိခြင်း၊ စိတ်အားထက်သန်မှုမရှိတော့ခြင်း
???? မိမိဝါသနာအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း
???? ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ ပျက်ကွက်ခြင်း
???? ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းသလို ခံစားရခြင်း တွေပဲ ဖြစ်ပါတယ်။


◽️ ဘယ်အရာတွေကြောင့် Apathy ဖြစ်စေနိုင်သလဲ?
➪ မိမိကိုယ်ကို အထင်သေးခြင်း (Poor Self-esteem)

  • သိမ်ငယ်စိတ်ဝင်ခြင်း၊ အသုံးမကျသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်ခြင်း
    ➪ စိတ်ဒဏ်ရာများ (Traumatic event)
  • ချစ်ခင်ရသူတွေ ဆုံးရှုံးခြင်း၊ ငွေကြေးအခက်အခဲ၊ လုပ်ငန်းခွင်အကြမ်းဖက်မှု၊ ကျောင်းတွင်း အကြမ်းဖက်မှုများ၊ စစ်ပွဲများ…
    ➪ ပတ်ဝန်းကျင်အသစ်၊ လုပ်ငန်းခွင်အသစ်မှာ နေသားကျဖို့ အခက်အခဲရှိခြင်း
    ➪ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်း နွမ်းနယ်ခြင်း (Feeling Burned out)
    ➪ အခြေအနေတစ်ခုမှာ ပိတ်မိနေခြင်း ( Feeling Stuck)
    .
    .
    ???? အထက်ပါအခြေအနေတွေမှတစ်ဆင့် မိမိကိုယ်ကိုယ်ပျောက်ဆုံးပြီး ဘဝရဲ့ရှင်သန်ခြင်းက အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရတဲ့အချိန်မှာ ခံစားချက်မဲ့လာရခြင်းပဲ ဖြစ်ပါတယ်။
    .
    .
    ◽️ Apathy ဟာ တစ်ချို့သောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
    Alzheimer’s disease (အယ်လ်ဇိုင်းမားရောဂါ)
    Schizophrenia (စိတ်ကစဉ်ကလျားရောဂါ)
    Parkinson’s disease (ခြေ၊ လက်တုန်ရောဂါ)
    Stroke (လေဖြတ်ခြင်း)နဲ့
    နာတာရှည်စိတ်ကျရောဂါတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
    .
    .
    ◽️ Apathy ဖြစ်နေကြောင်း ဘယ်လိုဆန်းစစ်မလဲ?
    ပထမဦးစွာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ လိုပါတယ်။
    ???? ခံစားချက်မမဲ့ခင် ကိုယ်ဘာတွေရင်ဆိုင်ခဲ့ရလဲ?
    ???? ဘယ်အရာက ကိုယ့်ကို ခံစားချက်မဲ့သွားစေတာလဲ? (ဥပမာ-အလုပ်အကိုင်၊ စိတ်ဒဏ်ရာ၊ ပတ်ဝန်းကျင်…)
    ???? ဘယ်အရာတွေပေါ်မှာပဲ စိတ်ဝင်စားမှု ထားနိုင်တော့တာလဲ?
    ???? ခံစားချက်မဲ့စေတဲ့ အကြောင်းရင်းကို ကိုယ်တိုင် ပြောင်းလဲနိုင်မလား?
    အဓိက အကြောင်းရင်းကိုသိပြီဆိုရင် ကိုယ်ဘယ်လိုရင်ဆိုင်မလဲ အဖြေရှာကြရအောင်ပါ။
    .
    .
    ◽️ Apathyကို ဘယ်လိုကျော်လွှားနိုင်မလဲ?
    ???? Self-help “မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြိုးစားအဖြေရှာနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
    သမားရိုးကျနေ့တွေပဲ ဖြတ်သန်းရတဲ့အခါ စိတ်ညစ်ညူးလာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လူမှုဘဝပုံစံကို ပြောင်းကြည့်ပါ။
    စိတ်အားထက်သန်မှုမရှိချိန်မှာ အသစ်သစ်သောအရာတွေကို လုပ်ကြည့်ဖို့ ခဲယဉ်းနိုင်ပေမယ့် ဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါနော်…
    ???? မရောက်ဖူးတဲ့ နေရာကို ခရီးထွက်တာ
    ???? သဘာဝနဲ့ ထိတွေ့တာ
    ???? ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုး လိုက်စားတာ စသဖြင့်အပြောင်းအလဲလုပ်ကြည့်ပါ။
    .
    ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းတဲ့အချိန်မှာ မိမိကိုယ်ကို အရင်ဦးစားပေးဖို့ မမေ့ပါနဲ့။
    ???? အာဟာရပြည့်ဝအောင် စားပါ။
    ???? အိပ်ရေးဝဝအိပ်ပါ။
    ???? နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
    ???? တစ်နေ့စာ ရည်မှန်းချက် goal သေးသေးလေးတွေပေါ်ပဲ အာရုံစိုက်ပါ။
    ❕ဆိုရှယ် မီဒီယာ အသုံးပြုမှု လျှော့ချပါ။
    “သုံးတတ်ရင်ဆေး…မသုံးတတ်ရင်ဘေး” ဆိုသလို social media ကကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
    ???? စိတ်မချမ်းမြေ့စရာသတင်းတွေ အဆက်မပြတ်မြင်နေရတာ
    ???? အချင်းချင်း အဆိုးမြင် ဝေဖန်တိုက်ခိုက်နေတာ
    ???? အများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်လာတာ စတဲ့ခံစားချက်တွေဟာ ပုံမှန်ချိန်မှာ ပြဿနာမရှိနိုင်ပေမယ့် Apathy ဖြစ်နေချိန်မှာ ပိုပြီးမျှော်လင့်ချက်မဲ့သွားစေနိုင်ပါတယ်။
    .
    .
    ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတာတွေကို ခဏတာဖြတ်တောက်ပြီး ကိုယ်နှစ်သက်တဲ့အရာတွေ၊ တန်ဖိုးထားရတဲ့သူတွေအပေါ်မှာပဲ ပိုအာရုစိုက်ကြည့်ပါ။
    မိသားစု၊ မိတ်ဆွေသူငယ်ချင်း ရင်းနှီးရသူတွေကို ရင်ဖွင့်ပါ။
    ဇာတ်ဝင်ခန်းတစ်ခုက dialogue ကို ကိုးကားရရင်……

    “ပင်ပန်းတဲ့အခါ ပင်ပန်းတယ်လို့ပြောလိုက်လည်း အဆင်ပြေပါတယ်။နာကျင်နေရင် နာကျင်နေကြောင်းပြလိုက်ပါ…ဒါမှ ကိုယ့်ဘေးနားကသူတွေက ကိုယ်အဆင်မပြေနေဘူးဆိုတာ သိမှာပါ။”
    ???? ကိုယ်ခံစားနေရတာကို စကားလုံးအနေနဲ့ ရင်ဖွင့်လိုက်ခြင်းက စိတ်သက်သာရာရစေပြီး ပျောက်ဆုံးနေတဲ့ ခံစားချက်တွေ ပြန်ရှာတွေ့နိုင်ပါတယ်။
    ( ????????‍♀️ “တယ်လီကျန်းမာ” မှာလည်း လုံခြုံစိတ်ချစွာ ရင်ဖွင့်လို့ရပါတယ်နော် )
    အချိန်ကာလတစ်ခုအကြာ ခံစားချက်မဲ့နေပြီး ကိုယ်တိုင်အဖြေရှာဖို့ ခက်ခဲနေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ပါ။
    အသက်ရှင်နေရတဲ့ အဓိပ္ပာယ်ပျောက်ဆုံးပြီး ဘဝကိုအရှုံးပေးလိုတဲ့အတွေးတွေဝင်လာတဲ့အခါ ဆေးဝါးအကူအညီ၊ နှစ်သိမ့်ဆွေးနွေးခြင်း အစရှိတဲ့ ကုသမှုတွေခံယူဖို့ လိုအပ်ပါတယ်။


    ☁️ Every cloud has a silver lining.
    ” ကံဆိုးမိုးမှောင်ဟူသမျှ၌ ဖြေသိမ့်စရာ၊ မျှော်လင့်စရာ ရောင်ခြည်ကလေးတွေ ရှိတတ်စမြဲ” မို့ နေ့ရက်တိုင်းကိုကြိုးစားရှင်သန်ဖို့ ဆန္ဒပြုချင်ပါတယ်။
    Reference ????
    https://www.healthline.com/health/apathy#outlook
    https://jedfoundation.org/resource/understanding-apathy/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here