စိတ်ခံစားချက်တွေကို ရေးမှတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ရေးချလိုက်တာဟာ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့၊ နှုတ်လုံတဲ့၊ ချစ်ရတဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်လိုက်ရတာနဲ့တူပါတယ်။ နောက်ပြီး ကိုယ်တိုင်ရဲ့ မသိစိတ်ထဲကနေတောင် အဖြေရှာမရတဲ့ ကိုယ့်အတွေးထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေဆီ ဦးတည်စေပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ခံစားမှု၊ သိမှု တစ်ခုစီဟာ အမှန်တကယ် ဖြစ်တယ် (valid ဖြစ်တယ်) ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေပါတယ်။

Journaling လုပ်ရတာရဲ့ အကောင်းဆုံးအချက်ကတော့ ဘဝရဲ့အမှတ်တရတွေကို အသေးအဖွဲလေးကစလို့ အရေးကြီးဘဝမှတ်တိုင်တွေအထိ နေ့စဥ် မှတ်တမ်းတင်ခွင့်ရတာပါပဲ။

Journaling helps to reduce stress

ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ချရေးလိုက်ခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်တဲ့။ လေ့လာမှုတစ်ခုမှာ လူပေါင်းများစွာကို နေ့စဥ် စိတ်ခံစားချက်တွေကို ချရေးမှတ်ခိုင်းကြည့်ပါတယ်။ ချရေးခိုင်းတဲ့အကြောင်းအရာတွေထဲမှာ ဘာတွေပါသလဲဆိုတော့ ထူးထူးထွေထွေမဟုတ်ဘဲ ကိုယ့်ဘဝမှာ ကိုယ်ကျေးဇူးတင်ရတဲ့ အရာလေးတွေအကြောင်း၊ ကိုယ့်ဘဝရဲ့ ဖြစ်ချင်တဲ့ဆန္ဒလေးတွေအကြောင်း၊ နောက်ပြီး နေ့စဥ် ကိုယ့်ဘဝရဲ့ အသေးအဖွဲလေးကအစပေါ့။ ဒီလူတွေကို တစ်နှစ်တိတိ ရေးခိုင်းပြီးတဲ့အခါ ၈၅ % သောသူတွေဟာ သူတို့ရဲ့စိတ်ဖိစီးမှုလျှော့ချဖို့အတွက် Journaling လုပ်ခြင်းဟာ အလွန်အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။ ဒီလူတွေထဲကမှ တစ်ဝက်ကျော်ကျော်ခန့် ကလည်း Journaling အလေ့အကျင့်ကို ဆက်လက်လုပ်ဆောင်ကြပါတယ်တဲ့။
.

Journaling may boost health and well-being

Journaling လုပ်ခြင်းဟာ မိမိရဲ့စိတ်ခံစားချက်တွေကို ကိုယ်တိုင်သိမြင်ခံစားနိုင်တဲ့အပြင်…

🔸သွေးဖိအားကို လျော့ကျကောင်းမွန်စေတယ်။
🔸စိတ်ခံစားချက်ကောင်းစေတယ်။
🔸ပိုလို့ ကျန်းမာပျော်ရွှင်စေတယ်။
🔸စိတ်ဖိစီးမှုကို လျှော့ချပေးတယ် စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ အများအပြားရှိပါတယ်။
.

Journaling encourages space from negative thoughts

စိုးရိမ်ပူပန်တဲ့စိတ်၊ ဝမ်းနည်းတဲ့စိတ်၊ ဒေါသစိတ်၊ စိတ်ရှုပ်ထွေးညစ်ညူးစရာတွေဟာလည်း ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေပါပဲ။ ဒီလို ခံစားချက်တွေပေါ်လာတိုင်း တနုံ့နုံ့ခံစားတာဖြစ်ဖြစ်၊ ထပေါက်ကွဲလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်မယ့်အစား စိတ်ခံစားချက်တွေကို စာအုပ်တစ်အုပ်မှာ ချရေးလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ လက်ရှိခံစားနေရတဲ့စိတ်ကို ကိုယ်တိုင်သိမြင်ပြီး စိတ်ခံစားမှုပြင်းအားလည်း တဖြည်းဖြည်း သိသာလျော့ကျသွားတာကို တွေ့ရပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့စိတ်ခံစားချက်တွေကြောင့် မကောင်းတဲ့လုပ်ရပ်တွေ မပြုမိစေဖို့ တားဆီးကာကွယ်ပေးရာလည်း ရောက်ပါတယ်။
.

Journaling provide a way to process emotion

စိတ်ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် လက်ရှိကိုယ့်စိတ်မှာ ခံစားဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို အရှိအတိုင်း တည့်တည့်သိမြင် ကြည့်နိုင်တာကလည်း Journaling လုပ်ခြင်းရဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ ကိုယ့်စိတ်ကလေး ပျော်နေတယ်၊ ဆိုးညစ်နေတယ်၊ ဒေါသစိတ်လေးဖြစ်ပေါ်နေတယ်၊ စိုးရိမ်ပူပန်နေတယ် စသည် စသည်ဖြင့် ကိုယ့်ခံစားချက်ကို မှန်မှန်ကန်ကန် အမည်တပ်နိုင်ပြီး ဒီခံစားချက်ကြောင့် ဖြစ်ပေါ်လာမယ့် မကောင်းတဲ့အကျိုးဆက်တွေကိုပါ ကာကွယ်ပေးရာရောက်ပါတယ်။
.

Journaling can help you figure out your next step

အခြေအနေဖြစ်ရပ်တစ်ခုအပေါ် ကိုယ့်အတွေး၊ ကိုယ့်ခံစားချက်တွေကို စာတစ်အုပ်မှာ ရေးချလိုက်ခြင်းအားဖြင့် ဘယ်လိုမျိုး အကောင်းဆုံး ရှေ့ဆက်လုပ်ဆောင်ဖို့လ်ိုမလဲဆိုတာကို ဒီအတွေး၊ ဒီအမြင်၊ ဒီခံစားချက်တွေကို မြင်အောင်ကြည့်ပြီး အဖြေရှာနိုင်ပါတယ်။
.

Journaling deepens self-discovery

နေ့စဥ် ကိုယ့်ရဲ့ခံစားချက်တွေကို ရေးမှတ်ခြင်းအားဖြင့် ကာလတစ်ခုကြာတဲ့အခါ ကိုယ့်အကြောင်းကိုယ် ပိုမိုသိရှိလာနိုင်စေတဲ့ အကျိုးကျေးဇူးရှိပါသေးတယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘယ်လိုအကြိုက်ရှိတယ်၊ကိုယ့်ရဲ့ စံတန်ဖိုးထားမှု (value) တွေ၊ နောက် ကိုယ့်ရဲ့အိပ်မက်တွေအထိ ကိုယ့်ဘာသာသိရှိနိုင်ပါတယ်။ တစ်နည်းပြောရရင် Journaling လုပ်ပြီး ကိုယ့်ဘာသာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဒီတော့ Journaling လုပ်ဖို့ ဘယ်လိုစတင်ကြမလဲ

🔸ရိုးရိုးရှင်းရှင်းစတင်ပါ

Journaling လုပ်မယ့် စာတစ်အုပ်ရယ်၊ ဖောင်တိန်တစ်ချောင်းနဲ့ ကိုယ့်ခံစားချက်တွေပဲ လိုအပ်ပါတယ်။
.

🔸အဆင်ပြေသလို ချရေးပါ

Journaling အမျိုးအစားတွေ အများအပြားရှိပေမယ့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသာ မိမိခံစားချက်တွေကို ချရေးပါ။ ဆေးရောင်ခြယ်လို့ရသလို ပုံကလေးတွေဆွဲပြီး သရုပ်ဖော်လို့လည်း ရပါသေးတယ်။ ကဗျာတွေ၊ စာတွေထည့်ရင်လည်း ရသဖြစ်စေသလို စတစ်ကာလှလှကလေးတွေနဲ့ အလှဆင်ချင်လည်း ရပါသေးတယ်။
.

🔸မှန်မှန်လေး ချရေးပါ

နေ့စဥ်ပုံမှန် ကိုယ့်ခံစားချက်တွေကို ရေးပါ။ ခံစားချက်အားလုံးကို ချရေးလိုက်ပါ။
.

ကဲ…. စိတ်ခံစားချက်တွေကို အခုပဲရေးမှတ်လိုက်ကြရအောင်….။

Reference 📚
Healthline | 6 Journaling Benefits and How to Start Right Now

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here