ချစ်သူသမီးရည်းစား ဇနီးမောင်နှံတွေမှာရော Personal space ဆိုတာ လိုအပ်ပါသလား။
Personal space လို့ပြောလိုက်ရင် ကိုယ်ပိုင်ဆိုင်တဲ့ လုံခြုံတဲ့နေရာလေး၊ ကန့်သတ်ထားတဲ့ အရိပ်အမြုံလေး၊ ဘယ်သူမှမသိအောင် လျှို့ဝှက်သိမ်းဆည်းချင်တဲ့အရာလေး၊ ကိုယ်တစ်ဦးတည်းရှိနေချင်တဲ့ အချိန်အပိုင်းအခြားတစ်ခု စသဖြင့် အမျိုးမျိုးဖွင့်ဆိုကြပါတယ်။
Healthy and Happy Relationship တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ကျွန်မတို့ဟာ နှစ်ဦးကြား personal space တစ်နည်းအားဖြင့် me time လေး ထားဖို့လိုအပ်ပါတယ်။
ဒီလိုထားခြင်းဟာ ကတိသစ္စာတွေ ဖောက်ဖျက်ဖို့၊ တစ်ဦးကိုတစ်ဦး မချစ်တော့လို့၊ သံယောဇဉ်မရှိတော့လို့၊ သွေးအေးသွားလို့ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူးနော်။
ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတယ်၊ မှီခိုကြတယ်၊ ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေရင်းနဲ့ပဲ ကတောက်ကဆတွေ ဖြစ်တတ်ကြတာ သဘာဝပါ။ တစ်ဦးနဲ့တစ်ဦး ကြီးပြင်းလာတဲ့ အလေ့အကျင့်၊ မျိုးရိုးဗီဇ၊ ပျိုးထောင်ခံရပုံခြင်း မတူကြသလို ရှင်သန်ရာပတ်ဝန်းကျင်တွေ မတူကြတဲ့အခါ တွေးပုံတွေးနည်းတွေကလည်း ထပ်တူမကျနိုင်တော့ပါ။
ဒါကိုပဲ ကျွန်မတို့ဟာ သဘောထားမတိုက်ဆိုင်တာရယ်လို့ ခေါင်းစဉ်တပ်ပြီး တစ်ဦးနဲ့တစ်ဦး အပြစ်တင်တိုက်ခိုက်မိလာပါတော့တယ်။ ဒီလိုနဲ့ အက်ကြောင်းထပ်ရင်း အတူတူပျော်ခဲ့ဖူးတဲ့အချိန်တွေ၊ အမှတ်တရတွေနေရာမှာ မကောင်းတဲ့မှတ်ဉာဏ်၊ မကောင်းတဲ့စကားလုံးတွေက စိုးမိုးသွားတတ်ကြတယ်မဟုတ်လား။
- အဲဒီမှာ တစ်ခုထပ်ပြီးသတိထားရမှာက ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုဆိုတာ အခြားသူတစ်ယောက်ပေါ် မမူတည်နေဘူးဆိုတာပါပဲ *
ကိုယ့်ပျော်ရွှင်မှုဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။ အခြားသူနဲ့ မသက်ဆိုင်ဘဲ ကိုယ့်ရဲ့အတွင်းစိတ်က ဖြစ်တည်လာတဲ့ ကောင်းမွန်တဲ့ ခံစားချက်အစစ်အမှန်ကသာ ပျော်ရွှင်မှုဖြစ်တယ်။ ကိုယ်တိုင် ရှာဖွေရမယ့် အဖိုးတန်ရတနာလည်း ဖြစ်ပါတယ်။ ဒါလေးကိုလည်း သတိရဖို့ လိုပါတယ်။
ဒီအပြင် ချစ်ခြင်းမေတ္တာကိုမျှဝေတာဟာ သူ့ရဲ့ဘဝတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ခွင့်ရသွားတယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ Me time ကိုယ့်ရဲ့ Me time ကို အပြန်အလှန်လေးစားရင်းနဲ့ ရှိသင့်တဲ့ boundary လေးတွေထားခြင်းဟာ Relationship တွေကို ရေရှည်တည်တံ့သာယာစေမှာ ဖြစ်ပါတယ် ။
ဒါကြောင့် အခုကစပြီး ဘယ်လို Relationship မှာမဆို အဆင်ပြေချောမွေ့ဖို့ဆိုရင် ရိုးသားမှု၊ လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာ စတာတွေအပြင် အပြန်အလှန် အလွန်အကြူးထိန်းချုပ်ခြင်း ကင်းတဲ့ ကိုယ်ပိုင်အချိန်လေးတွေကို အပြန်အလှန်ပေးခြင်းဖြင့်လည်း တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ကြဖို့ ကိုယ်တိုင်ကစပြီး ကြိုးစားလေ့ကျင့်ပျိုးထောင်ကြည့်ရအောင်လားရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန် တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.