နန်းနန်း မန်းမန်းတို့ရဲ့ ကစီဓာတ်တွေနဲ့ ကယ်လိုရီတွက်ချက်ပုံတွေအကြောင်း ရှင်းပြချင်ပါတယ်။

အခြားတော့ မဟုတ်ပါဘူး… နန်းကြီး၊ နန်းလတ်၊ နန်းသေး၊ ခေါက်ဆွဲ၊ ကြက်ဥခေါက်ဆွဲ၊ စပါဂတ်တီ၊ ထမင်းဖြူ၊ ထမင်းညို စတဲ့ မစေးတဲ့ဆန်တွေ ခေါက်ဆွဲဖတ်တွေအကြောင်းပေါ့။

သူတို့တွေက ချက်ပြီးသားဆိုရင် ထမင်းခူးဇွန်းတစ်ဇွန်းပမာဏမှာ ကယ်လိုရီ ၈၀၊ ကစီဓာတ် ၁၈ ဂရမ်၊ ပရိုတင်းဓာတ် ၂ ဂရမ် ပါဝင်ပါတယ်။ ထမင်းခူးဇွန်းတစ်ဇွန်းဆိုတာ တိတိကျကျပြောရရင်တော့ ၇၀ ဂရမ် သို့ ၅ ကျပ်သားမပြည့်တပြည့် အလေးချိန်ပေါ့။ ထမင်းစားဇွန်း စတီးဇွန်းတစ်ဇွန်းနဲ့ချိန်မယ်ဆို မောက်မောက်ကြီးမဟုတ်ဘဲ ကွက်တိလောက်ဖြစ်တဲ့ဇွန်း ၅ ဇွန်းလောက်နဲ့ သွားညီပါမယ်။ ထမင်း ၅ လုတ် ကယ်လိုရီ ၈၀ လို့ အလွယ်မှတ်လို့ ရပါတယ်။

ပေါင်မုန့်နဲ့ နံပြားတို့လို ဂျုံနဲ့လုပ်တဲ့ အချပ်လိုက်ရတဲ့အရာတွေဆိုရင်လည်း မခက်ပါဘူး။ ကယ်လိုရီ ၈၀ နဲ့တူအောင်ဆိုရင် ပေါင်မုန့်ဆိုတစ်ချပ်၊ နံပြားဆိုတစ်ဝက်၊ ပူရီဆိုသေးတော့ တစ်ချပ်၊ ပလာတာဆို တစ်ဝက်၊ တိုရှည်ဆို တအားပါးရင် တစ်ချပ်နဲ့ ထူရင် တစ်ဝက်ပေါ့။

အထက်ပါ ပါဝင်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ ကယ်လိုရိီတွေက တူတူပါပဲ။

မြင်သာအောင်ပြောရရင် ထမင်းကြော် ထမင်းစားဇွန်း (tablespoon) နဲ့ ၁၀ ဇွန်းစားတာနဲ့ ပေါင်မုန့်ထောပတ်သုတ်၂ ချပ်ပူးစားတာနဲ့ ပလာတာတစ်ချပ စားတဲ့သူရဲ့ ကစီဓာတ် (carb count) က အတူတူပါပဲ။ သတိချပ်ရမှာတော့ အပိုထည့်ထားမယ့့် သကြားတို့ နို့ဆီတို့ပေါ့။ ရှောင်နိုင်ရင် ပိုကောင်းပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ နောက်တစ်ခုက ဆီပေါ့။ ဆီပိုသုံးထားရင် ကစီဓာတ်ချင်းတူတောင် ကယ်လိုရီပိုများတော့ ဝိတ်ပိုတက်စေနိုင်ပါတယ်။

ဒါတွေက ကစီဓာတ်ကို မျှချေတွက်ယူနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်တွက်ချက်ပုံ (Carb counting) ပါ။

Carb counting လုပ်နိုင်ခြင်းအားဖြင့် ဆီးချိုလူနာတွေ ကစီဓာတ်ကို တွက််စားလို့ရမယ်၊ ဆေးတွေအများကြီးဖိသောက်စရာမလို၊ အစားလည်း တအားရှောင်စရာမလိုဘဲ ချင့်ချိန်ပြီးစားနိုင်မယ်။ ဝိတ်ချလိုသူတွေအတွက်လည်း တစ်နေ့တာ ကယ်လိုရီဘယ်လောက်စားမိတယ်ဆိုတာ စိတ်နဲ့လွယ်လွယ်တွက်လို့ရတော့ ပုံမှန်အစားအစာထဲကဟာကိုပဲ ချင့်ချ်ိန်စားလို့ ရသွားမယ်။ ထူးထူးဆန်းဆန်း meal plan တွေကို အားကိုးစရာမလိုတော့ဘူးပေါ့။ Healthy eating ဘက်ကိုလည်း မိမိကိုယ်မိမိဆွဲခေါ်လို့ ပိုလွယ်စေပါတယ်။

ရှမ်းခေါက်ဆွဲ၊ ကောက်ညှင်းဆန်၊ ဆန်စေး၊ ခေါပုတ် စတာတွေကတော့ စေးတဲ့အတွက် ကစီဓာတ်ပါဝင်မှုက သိပ်သည်းပါတယ်။ လွယ်လွယ်မှတ်ချင်ရင် စေးတာတွေက မစေးတာရဲ့ ၂ ဆ ကစီဓာတ်ပါဝင်တယ်လို့ အလွယ်မှတ်နိုင်ပါတယ်။ ထမင်းတစ်ဇွန်းဆိုရင် ကောင်ညှင်းပေါင်းကျ ဇွန်းဝက်နဲ့ပဲ ညီသွားမှာပေါ့။

ဒါကြောင့် ဆီးချိုလူနာတွေက ကောက်ညှင်းနဲ့လုပ်တာတွေရှောင်နိုင်ရင် ပိုကောင်းပါတယ်။

ဒီလိုပဲ သိပ်သည်းတဲ့ နန်းကြီးနဲ့နန်းသေးဆိုရင်လည်း နန်းကြီးက အလုံးကြီးတော့ ဆန်မှုန့်ပါဝင်မှုများမယ်။ ဒီတော့ ကစီဓာတ်ပိုများပါမယ်။ နန်းကြီးသုပ်တစ်ပွဲ အဝစား၊ အီကြာကွေး ၂ ခုပူး တစ်ချောင်းအပြည့်စား၊ လက်ဖက်ရည်တခွက်လည်း သောက်မယ်ဆို မနက်စာနဲ့တင် ကယ်လိုရီ ၁၀၀၀၊ ကစီဓာတ် ၈ ပုံစာလောက်မို့ ဆီးချိုလူနာတစ်ယောက်အတွက် တစ်နေ့လုံးစားသင့်တဲ့ကစီဓာတ်နီးပါး ဖြစ်နေပါပြီ။

ဒါဆိုရင် ကစီဓာတ်တွက်ပုံ carb counting အကြောင်းအကြမ်းသိလောက်ပါပြီနော်။ ကစားပွဲပုံစံလေး လိုက်မှတ်ပြီး မိမိတစ်နေ့တာ carb count ဘယ်လောက် စားဖြစ်တယ်ဆိုတာလေး မှတ်ထားပြီး တွက်ကြည့်ကြပါဦး။ တွက်လို့ အဖြေရရင် ကွန်မန့်မှာ လာရေးပေးထားဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။

တစ်နေ့တာအချိန်အတွင်း ကိုယ်က ဘယ်လောက်ကယ်လိုရီတွေ စားနေတယ်ဆိုတာ သိနေဖို့ဆိုတာကလည်း ကျန်းမာရေးအရ အရေးကြီးတယ်မို့လား…။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here