“ သွေးကြောတွေရောင်စေတဲ့ Kawasaki Disease”
ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။
သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။
Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။
..
..
Kawasaki ရောဂါဖြစ်ပြီဆို ကလေးမှာ ဘယ်လိုလက္ခဏာတွေပြလဲဆို . . .
- ဖျားမယ်၊ အကျိတ်တွေကြီးလာမယ်၊ မျက်လုံးနီလာမယ်၊ လျှာလေးတွေ စတော်ဘယ်သီးလေးလို ရဲတွတ်လာမယ်၊ ပါးစပ်အတွင်းသားတွေ ရောင်လာမယ်၊ နှုတ်ခမ်းလေးတွေ ခြောက်မယ် ကွဲအက်လာမယ်၊ လည်းချောင်းနာမယ်၊ ခြေဖဝါးနဲ့လက်ဖဝါး အရေခွံလန်လာပါမယ်။
- တချို လူနာကလေးတွေမှာ ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အဆစ်မြစ်ကိုက်တာ၊ အော့အန်တာဖြစ်တတ်ပါတယ်။
- သူရဲ့အကြောက်ရဆုံးဆိုးကျိုးကတော့ နှလုံး ကြွက်သားအဆို့ရှင် ထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်တတ်တာပါ။
..
..
Kawasaki ပြင်းထန်ရောဂါဖြစ်ရင်တော့ အထူးကြပ်မတ်ဆောင်တွေမှာ Immunoglobulin သွင်းပြီးကုသရသည်ထိ ကုပေးရပါတယ်။
Kawasaki ရောဂါက ကလေးငယ်တွေမှာ ဖြစ်ခဲ့ရင်လည်း တချို့တွေမှာ သိပ်မဆိုးဝါးတတ်ဘဲ ပုံမှန်ဗိုင်းရစ်ပိုးဝင်တဲ့ရောဂါလိုကုသရင်း ပြန်သက်သာသွားကြတော့ ကလေးမိဘတွေ မသိလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မေးစရာရှိတာက ဘယ်လိုကူးစက်လည်းမေးရင် သူက လုံးဝမကူးစက်တတ်ပါဘူး။ သူဘာလို့ဖြစ်လည်းဆိုတာလည်း အခုထိ သေချာတဲ့အဖြေ မထွက်သေးပါဘူးရှင်။ ဗိုင်းရစ်ပိုးဝင်တယ်ပဲ ယူဆကြပါတယ်။
မြန်မာပြည်မှာ တွေ့လေ့ရှိတတ်တဲ့ ရောဂါမဟုတ်ဘူးထင်ရပေမယ့် သိပ်မဆိုးတဲ့အဆင့်နဲ့ သက်သာသွားကြတာများလို့ပါ။ သူကလည်း ကလေးဆေးရုံတွေမှာဆို တွေ့ရတတ်ပါတယ်ရှင်။
အားလုံးဘဲ ကျန်းမာကြပါစေရှင်…။
Dr Cool
Telekyanmar
https:// www. mayoclinic. org /diseases-conditions/kawasaki-disease/symptoms-causes/syc-20354598
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.