MENU

Home Health Education Infections လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis

လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis

0
လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis

“ လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း”
(Elephantiasis or Lymphatic filariasis)

ဆင်ခြေထောက်ရောဂါဆိုတာ ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ခြင်မှတစ်ဆင့်ကူးစက်တဲ့ filarial worm ကြောင့် ဖြစ်တာပါ။

ဆင်ခြေထောက်ရောဂါက အရေပြားကို ထူထဲရောင်ရမ်းစေပြီး ပုံပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်ထဲမှာ ရှင်သန်ကြီးထွားတာဖြစ်ပြီး သွေးကြောမှတစ်ဆင့် မျိုးပွားပျံ့နှံ့ကြပါတယ်။ ပြန်ရည်ကြောစနစ်ထဲမှာ ပိတ်နေနိုင်ပြီး ပြန်ရည် (Lymph) တွေ စုနေတာမျိုး ဖြစ်စေနိုင်ပါတယ်။

❓ဘယ်ဒေသတွေမှာ အဖြစ်များသလဲ

ဆင်ခြေထောက်ရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုံတို့မှာ နေထိုင်သူတွေမှာ အဖြစ်များပါတယ်။ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတို့မှာ အဖြစ်များပါတယ်။

❓ရောဂါကူးစက်ခံရရင် လက္ခဏာတွေက ဘာတွေလဲ

ရောဂါကူးစက်ခံရတဲ့လူ သုံးပုံနှစ်ပုံလောက်မှာ လက္ခဏာအပြင်းအထန် မရှိတတ်ပါဘူး။ ရောဂါပိုးက ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ အချို့လူတွေမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းပြီး ပုံမှန်ထက်ကြီးလာတာ၊ ပြန်ရည်တွေစုလာတာ၊ တစ်ခါတစ်ရံ ရောင်ရမ်းတဲ့နေရာတွေက နာလာတာ၊ အဖျားတက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ရောင်ရမ်းစေတဲ့ နေရာတွေကတော့ ခြေထောက်အပြင် မျက်နှာ၊ လက်၊ ရင်သား၊ အမျိုးသားအင်္ဂါ၊ ကပ်ပယ်အိတ်၊ အမျိုးသမီးအင်္ဂါတို့ပါ ပါဝင်နိုင်ပါတယ်။

❓ဘယ်လိုကူးစက်သလဲ

ခြင်ကိုက်တာကနေ ကူးစက်တာပါ။ ဆင်ခြေထောက်ရောဂါရှိတဲ့သူကို ခြင်ကကိုက်ပြီဆိုရင် ရောဂါရှိသူရဲ့သွေးထဲက ရောဂါပိုး (Filarial worm) ဟာ ခြင်ကိုကူးစက်သွားပါတယ်။ ကူးစက်ခံရတဲ့ခြင်မှတစ်ဆင့် တခြားသူတွေကို ထပ်မံကူးစက်သွားတာပါ။ ခြင်တစ်ခါကိုက်ခံရရုံနဲ့တော့ ရောဂါမကူးစက်နိုင်ပါဘူး။ လပေါင်းများစွာ (သို့မဟုတ်) နှစ်ချီအောင် အကိုက်ခံရပြီးမှ ကူးစက်တာပါ။ သွေးထဲကမှတစ်ဆင့် ပြန်ရည်ကြောစနစ်ကိုရောက်ပြီး ပြန်ရည်ကြောစနစ်ထဲမှာ အရွယ်ရောက်တဲ့ရောဂါပိုးအဖြစ်ရောက်ပြီး လူ့ခန္ဓာကိုယ်ထဲ ခုနှစ်နှစ်လောက်ထိ နေနိုင်ပါတယ်။ သွေးထဲမှာ အရေအတွက် မီလီယမ်နဲ့ချီတဲ့ပိုးတွေအဖြစ် မျိုးပွားနိုင်ပါတယ်။

❓နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

✅ ကိုယ်ခံအားကျဆင်းပြီး အခြားရောဂါပိုးများဝင်ခြင်း

✅ အရေပြားမာပြီး ရောင်လာခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကြီးခြင်း

✅ အဆုတ်ပါထိခိုက်စေပြီး ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း

❓ဘယ်လိုကာကွယ်ကြမလဲ

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ဆင်ခြေထောက်ရောဂါဖြစ်ရင်လည်း ကုသရတာရှုပ်ထွေးတဲ့အတွက် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။ ဒါပေမယ့် ဆင်ခြေထောက်ရောဂါအတွက် သီးသန့်ကာကွယ်ဆေးတော့ မရှိသေးပါ။

ဒါကြောင့် . . .

✅ ခြင်ကိုက်မခံရအောင်နေပါ

▶ ကိုယ့်ပတ်ဝန်းကျင်မှာ ချုံပုတ်တွေ၊ ရေဝပ်နိုင်တဲ့နေရာတွေရှိရင် ရှင်းလင်းပါ။

▶ ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင် ထားပါ။

▶ မိမိကိုယ်ကိုယ် ခြင်ကိုက်မခံရအောင် အိပ်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်ပါ။

▶ ခြင်မကိုက်အောင်လူးတဲ့ဆေး လူးပါ၊ ခြင်ဆေးခွေသုံးပါ၊ လုံခြုံအောင်ဝတ်ပါ။

▶အိမ်ထဲမှာလည်း သောက်ရေသုံးရေ သိုလှောင်ပြီးမှအသုံးပြုရင် ပိုးလောက်လန်းတွေ မပေါက်ပွားအောင် အဖုံးဖုံးတာ၊ ရေကိုမှန်မှန်လဲပေးတာမျိုး ပြုလုပ်ပေးပါ။

❓ဘယ်လိုကုသကြမလဲ

သောက်ဆေး(antiparasitic drugs – ivermectin, diethylcarbamazine, albendazole) တွေလည်းရှိသလို ခွဲစိတ်ရတဲ့အထိလည်း ဖြစ်သွားနိုင်ပါတယ်။

တကယ်လို့ မိမိမှာရောဂါရှိတယ်လို့ သံသယဖြစ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသတာက အကောင်းဆုံးပါပဲနော်….။

Reference: 📖 https:// my. clevelandclinic. org /health/diseases/elephantiasis

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here