အမျိုးသမီးတော်တော်များများက ရာသီလာချိန် ဗိုက်အောင့်တာ၊ ခါးအောက်ပိုင်း အထူးသဖြင့်ဆီးခုံံနားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဗိုက်အောင့်တာအပြင် ပျို့ချင်အန်ချင်တာပါ တွဲဖြစ်တတ်ပါတယ်။ ရာသီမလာခင်တစ်ရက်အလို (သို့) ရာသီစလာတဲ့နေ့မျိုးမှာ ဖြစ်တတ်ပြီး ၂ ရက် ၃ ရက်အကြာမှာသက်သာလာတတ်ပါတယ်။ တချို့သူတွေမှာတော့ နေ့စဥ်လှုပ်ရှားမှုများ ထိခိုက်သည်အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။
.
❓ဘာကြောင့် ဗိုက်အောင့်၊ ကိုက်ခဲရတာလဲ။
(၁) သဘာဝအတိုင်းနာကျင်ကိုက်ခဲခြင်း
ရာသီလာတယ်ဆိုတာ ကိုယ်ဝန်ဆောင်စရာမလိုတာကြောင့် သားအိမ်နံရံတွေ ကွာကျတဲ့ဖြစ်စဥ်ပါ။ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ပရိုစတာဂလမ်ဒင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကို ကျုံ့စေပါတယ်။ ပရိုစတာဂလမ်ဒင်ပမာဏများလေလေ၊ နာကျင်မှုပိုလေလေ ဖြစ်ရပါတယ်။ ရာသီစလာတာနဲ့ ပရိုစတာဂလမ်ဒင်ပမာဏ ကျလာပြီး ရက်ပိုင်းအတွင်း နာကျင်ကိုက်ခဲတာ သက်သာလာပါတယ်။
( ၂) အခြားအကြောင်းရင်းများကြောင့် နာကျင်ကိုက်ခဲခြင်း
✅ သားအိမ်တစ်သျူးနေရာမှားခြင်း (Endometriosis)
✅ သားအိမ်တွင်းအလုံးဖြစ်ခြင်း (Fibriods -benign tumor)
✅ သားအိမ်တစ်သျူးများက သားအိမ်ကြွက်သားများအတွင်း တိုးဝင်ကြီးထွားခြင်း (Adenomyosis)
✅လိင်မှတစ်ဆင့်ကူးစက်ရောဂါများကြောင့် မျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း
✅ သားအိမ်အဝကျဥ်းခြင်း
✅ မျိုးရိုးလိုက်သောအခြေအနေများကြောင့် နာကျင်ခြင်း (ဥပမာ။ သားအိမ်ပုံစံ မမှန်ခြင်း)
.
❓လက္ခဏာများ
✅ ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင် နာကျင်ခြင်း (တချို့မှာ ပြင်းထန်နိုင်ပါတယ်)
✅ ဝမ်းဗိုက်တွင် ဖိအားခံစားရခြင်း
✅ ကျောနှင့်ပေါင်တို့တွင်ပါ နာကျင်ခြင်း
✅ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ပါ ခံစားရနိုင်ပါတယ်။
.
❓ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။
✅ အသက် ၂၀ အောက်ငယ်သူများ
✅ အပျိုဖော်ဝင်ချိန်စောသူများ (အသက် ၁၂ နှစ်မတိုင်ခင်)
✅ သွေးအဆင်းများသူ (သို့) ရာသီလာရက် ၇ ရက်နှင့်အထက်ပိုသူများ
✅ ရာသီလာသည့်ရက် ပုံံမှန်မဟုတ်သူများ
✅ ဆေးလိပ်သောက်သူများ
✅ အမေ၊ အဒေါ် အစရှိသည့် မိခင်ဘက်မှဆွေမျိုးများတွင် အလားတူ တူညီသောအခြေအနေရှိသူများ
.
❓ဆိုးကျိုးရှိနိုင်သလား။
သဘာဝအတိုင်း ရာသီလာချိန်ကိုက်ခဲမှု ဖြစ်လေ့ရှိတာကတော့ ဆိုးကျိုးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်အမျိုးသမီးရောဂါတစ်ခုခုကြောင့် ကိုက်ခဲနေမယ်ဆိုရင်တော့ အချိန်မီမကုသရင် ကိုယ်ဝန်မဆောင်နိုင်တော့တာ၊ နေရာမှားပြီးသန္ဓေတည်တာတို့ ဖြစ်နိုင်ပါတယ်။
.
❓ရာသီလာချိန် ဗိုက်အောင့်တာနဲ့ နာကျင်ကိုက်ခဲတာတွေ သက်သာအောင် ဘာတွေလုပ်သင့်လဲ။
✅ အကိုက်အခဲပျောက်ဆေးသောက်ခြင်း (NSAID, mefenamic acid တို့ သောက်နိုင်ပါတယ်)
✅ တချို့သူတွေမှာ သန္ဓေတားဆေး သောက်ရတာလည်းရှိပါတယ် (ဆရာဝန်၏ညွှန်ကြားမှုနဲ့သာ သောက်သင့်ပါတယ်)
✅ အနွေးဓာတ်ပေးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း
✅ အနားယူခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း
✅ ဆေးလိပ်၊ အရက်ရှောင်ခြင်း
✅ ဝမ်းဗိုက်အောက်ပိုင်းနှင့် နောက်ကျောဘက်ကို ညင်ညင်သာသာနှိပ်နယ်ပေးခြင်း
✅ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
✅ အစားအစာဖြင့် ထောက်ပံ့ခြင်း (ဗီတာမင်-အီး၊ ဘီဝမ်း၊ ဘီဆစ်၊ အိုမီဂါသရီး၊ မက်ဂနီဆီယမ်၊ fatty acids တွေဟာလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်)
.
❓ကာကွယ်လို့ရောရလား။
သဘာဝအတိုင်း နာကျင်ကိုက်ခဲတာကတော့ ကာကွယ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် သင့်တင့်မျှတတဲ့အစားအစာစားခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက နာကျင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
.
❓ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ။
နာကျင်ကိုက်ခဲတာနဲ့ ဗိုက်အောင့်တာက ပိုပိုဆိုးလာတာ၊ ရာသ်ီရက်မမှန်တာတို့ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါသည်။ အမျိုးသမီးတွေမှာ မီးယပ်ရောဂါတွေကလည်း အဖြစ်များတဲ့အတွက် တစ်နှစ်တစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း ကျန်းမာရေးစစ်ဆေးသင့်ပါတယ်…။
References: 📖
https:// my. clevelandclinic. org / health/diseases/4148-dysmenorrhea
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.