ရာသီစာ ထောပတ်သီးအကြောင်း သိကောင်းစရာ (December,2023)

0
217

ဆောင်းတွင်းရောက်လာပြီဆိုတာနဲ့ ထောပတ်သီးရာသီစပြီမို့ စျေးကွက်ထဲမှာ ထောပတ်သီး အမျိုးစုံ၊ အရွယ်အစားစုံ တွေ့လာရပါပြီ။

ထောပတ်သီးကို နည်းလမ်းမျိုးစုံနဲ့ အရသာရှိအောင် လုပ်စားလေ့ရှိကြတာမို့ ထောပတ်သီးရဲ့ အာဟာရအကျိုးပြုပုံကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။

???? ပုံမှန်အရွယ်အစား ထောပတ်သီးတစ်လုံးမှာ

* ကယ်လ်လိုရီ ၃၂၂

* ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ် (g)

* ပရိုတင်းဓာတ် ၄ ဂရမ် (g)

* အမျှင်ဓာတ် ၁၄ ဂရမ် (g)

* ဗီတာမင် C

* ဗီတာမင် K

* ဗီတာမင် B

* ဖောလစ်ဓာတ် (folate)

* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်

* beta-carotene (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)… အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

???? ကျန်းမာရေး အကျိုးကျေးဇူးများ

➤ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက အမျှင်ဓာတ်ရဲ့ ရေကိုစုပ်ယူနိုင်တဲ့ အာနိသင်ကြောင့် ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

.

➤ သွေးတွင်း အဆီဓာတ်ကို ညီမျှစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ထောပတ်သီးမှာ အကျိုးပြု အဆီဓာတ် (unsaturated fat) ပါဝင်လို့ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကိုလတ်စထရောပမာဏကို လျှော့ချနိုင်တဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်မှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေ လျော့ကျစေပါတယ်။

.

➤ ရောင်ရမ်းမှုသက်သာစေသော သတ္တိ (anti-inflammatory) နဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidants) အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။

.

➤ ကိုယ်အလေးချိန်ထိန်းညှိရာမှာလည်း အသုံးဝင်ပါတယ်။

ထောပတ်သီးမှာပါတဲ့ အမျှင်ဓာတ်က ရေကိုစုပ်ယူတာကြောင့် အချိန်ကြာကြာ ပြည့်အင့်နေစေတဲ့ ခံစားမှုကိုပေးပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

.

➤ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

ဗီတာမင်စီ၊ ဗီတာ B6 ၊ ဗီတာမင် E ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

.

➤ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက် မဖြစ်အောင် အထောက်အကူပြုပါတယ်။

????DNA ဆဲလ်ပွားခြင်းနဲ့ သွေးနီဥထုတ်ရာမှာ အရေးပါတဲ့ ဖောလစ်ဓာတ် (folate) နဲ့ ဗီတာမင် စီ ပါဝင်တာမို့ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အသင့်အတင့် စားသုံးလို့ရပါတယ်။

သတိပြုရန်

???? ထောပတ်သီးနှင့် ဓာတ်မတည့်မှုရှိပါက စားသုံးရန်မသင့်တော်ပါ။ Latex allergy ရှိသူအနေနဲ့ ထောပတ်သီးစားသုံးရင် ဓာတ်မတည့်တာမျိုး ခံစားရနိုင်ပါတယ်။

???? အမှည့်လွန်၊ ယင်နားသောအသီး မစားသင့်ပါ။ ထောပတ်သီး အလွန်အကျွံစားရာမှ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာမျိုးလည်း ဖြစ်နိုင်လို့ သန့်ရှင်း လတ်ဆတ်သော ထောပတ်သီးကို သင့်တင့်သောပမာဏပဲ စားသုံးသင့်ပါတယ်။

Reference : ????

https:// www. healthline. com /nutrition/avocado-nutrition

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here