နည်းနည်းနဲ့ မကြာမကြာ စားသောက်ဖို့

0
226

မနက်စာ ၊ နေ့လည်စာ ၊ ညစာ…ဘယ်ဟာကို အပီဆွဲတာက ကျန်းမာရေးနဲ့ ညီညွတ်လဲလို့ မေးကြည့်လိုက်တာနော်….

အမလေး…

ညလယ်စာတွေရော သန်းခေါင်စာတွေရော…

ကိုယ့်ဆရာတွေ တစ်နေ့ ၄ ၊ ၅ ကြိမ်ကို အပီအပြင် ဝါးတီးကြိတ်နေကြတာပါလား ????

တကယ်တော့လေ…

အဲ့မေးခွန်းက ထောင်ချောက် သိလား ?

ဟုတ်တယ်….

ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ဘယ်ဟာကိုမှ တနင့်တပိုးမစားရဘူး….

တစ်ခါစား သင့်ရုံစား ၊ နည်းနည်းစား ၊ ဗိုက်ပြည့်ရုံလောက်ပဲစား….

ဗိုက်ကြီးတင်းအောင် မစားရဘူးနော်…

( ရောဂါတွေ ဖြစ်တတ်တယ် မှတ်ထား )

တစ်ဘက်ကလည်း အဆာမလွန်စေနဲ့…..

မနက် ၊ နေ့လည်နဲ့ ညစာတွေကြား…ဗိုက်ဆာရင် snackဆိုတဲ့ အဆာပြေ light foodလေးတွေ ဝယ်စားလို့ရတယ်…အရသာလည်း ကောင်းတယ် ????

ဝယ်စားကြပါ…ဝယ်စားကြပါ…

ပိုက်ပိုက်တော့ လာမတောင်းနဲ့…

မရှိဘူးနော်

ကြိုပြောထားတာ ????

.

.

ရှေးစကားရှိပါတယ်…ဘာတဲ့

မနက်စာကို ဘုရင်ကြီးလိုစား ၊ နေ့လည်စာကို သူဌေးကြီးလိုစား ၊ ညစာကို သူဆင်းရဲလိုစား….ဆိုလား ?

အဲ့တိုင်း သွားမစားနဲ့နော်…(အဲဒါ ဂျင်း)

ဂျင်းမှ အကြီးစား ဂျင်းတက်ကြီး

ဘုရင်တွေလိုစားရင် ဘုရင်တွေလို စောစောစီစီး ကံကုန်တော်မူလိမ့်မယ် ????

အဲ့ခေတ်က ပညာရှိတွေလိုသာ စား…

ဟုတ်တယ်…

ရာဇဝင်ကို တုတ်နဲ့ထိုးမွှေကြည့်…ဘယ်ဘုရင်များ အသက် ၇၀ ၊ ၈၀ ကျော် နေရတယ် ကြားဖူးသတုန်း…စောစောစီးစီး ဂိ ကုန်ကြတာပဲမို့လား ?

အဲဒါ နင်းကန်စားကြလို့ ????

( အာဏာရူးပြီး အချင်းချင်းလုပ်ကြံ ထီးနန်းလုကြတာ တစ်ပိုင်း )

ဒါကြောင့် ပညာရှိလိုစား ပြောတာ…

ပညာရှိများကျ ဆင်ဆင်ခြင်ခြင်နဲ့စားတော့ အသက်ကို ရှည်ပ….ဘုရင် ၃ ၊ ၄ ဆက်အထိ ရှိနေကြတယ်မို့လား…

သူဌေးတွေလည်း ဘာထူးတုန်း ?

ကောင်းပေ့ညွန့်ပေ့တွေ အပီဆွဲ….အဆီဖုံး ၊ သွေးကြောပိတ် ၊ နှလုံးဖောက် ၊ လေဖြတ်…ဂန့်တာပဲ

ကုဋေရှစ်ဆယ်သူဌေးသားတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမရှိတော့ဘူးမို့လား….အဲဒါ သူဌေးကြီးလင်မယား နေ့လည်စာကို အပီဆွဲလို့ ????

မယုံရင် ပုံပြင်ထဲ ပြေးကြည့်…

ဒို့ကတော့ တွေးကြည့်ရုံနဲ့ သိတယ် ????

..

..

စတာပါ…

ပြောချင်တာက ဒီလို

အစားတွေ စားပြီးရင် ပိုလျှံနေတဲ့ ကစီဓာတ်(အချိုဓာတ်)နဲ့ အာဟာရတွေကို ခန္ဓာကိုယ်က အသည်းတို့ ကြွက်သားတို့ဆီမှာ သိမ်းပေးတယ်။ ဒီ့ထက် ဆက်ပိုနေသေးရင် အဆီတွေအဖြစ် သိမ်းပေးတယ်

( ဆီးချိုသမားတွေက အဲ့လို ကောင်းကောင်းမသိမ်းနိုင်လို့ သွေးတွင်း အချိုဓာတ်တွေ တက်နေတာ )

ယူတို့…အပီဆွဲလိုက်ရင် (ဒါမှမဟုတ်) ဗိုက်တင်းအောင် ကိုင်လိုက်ရင် အစာအိမ်တို့ အသည်းတို့က အလုပ်ပိုလုပ်ရတယ်……အစာကို ပိုချေရ ၊ သိမ်းရဆည်းရ ထုပ်ရပိုးရတယ်…

အဲ့တော့ အားရှိအောင်ဆိုပြီး စွတ်မစားနဲ့…

ဆီတိုင်ကီထဲ ဆီအပြည့်ဖြည့်လိုက်လို့ အင်ဂျင်ပါဝါက မြင်းကောင်ရေ တစ်ကောင်ကနေ နှစ်ကောင်ဖြစ်မသွားဘူး….

အစာအိမ်နဲ့ အသည်းလေးကို သနားပေး ????

သူတို့ကို အလုပ်မများစေနဲ့…

အလုပ်ဒဏ်တွေပိရင် ကိုယ်တောင် ခံနိုင်တာမဟုတ်ဘူးလေ…

ငိုချင်သလိုလို…ရူးသလို ကြောင်သလို ဖြစ်တယ် မို့လား…

ကိုယ်ချင်းစာပေး နော် ????

အာ့ကြောင့်…

ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ဘယ်ဟာကိုမှ အပီမဆွဲပါနဲ့….ပညာရှိလို စားပါ…ချင့်ချိန်ပြီးစားပါ…အများကြီး တစ်ထိုင်တည်း ဇွတ်မဆွဲပါနဲ့လို့…

အာ့လေး လာပြောတာပါ…

စာရှည်ရင် ဗျာပွေတယ်….မဖတ်ချင်ဘူး ပြောကြလို့ စကားစကို ဒီနေရာမှာတင် ဖြတ်လိုက်ပါပြီ

” ဖိုးမောင် ပြန်လာပြီ ” ဇာတ်ကားလေးပဲ သွားကြည့်ပါတော့မယ်…

အားလုံးပဲ…ဘိုင့် ဘိုင် ပါနော်…????

❤️ ချစ်တဲ့…တယ်လီကျန်းမာ ❤️

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here