“ ဓာတ်ရောင်ခြည်ထိတွေ့မှုတွေအကြောင်း”

ကျွန်ုပ်တို့ဟာ နေ့စဉ်ဘဝမှာ ဓာတ်ရောင်ခြည် (ionizing radiation) ပမာဏအနည်းငယ်နဲ့ အမြဲလို ထိတွေ့နေရပါတယ်။ ဘာလို့လဲဆိုရင် မြေကြီး၊ ကျောက်ဆိုင်၊ လေထုနဲ့ အာကာသက ပုံမှန်အားဖြင့်ကို ပမာဏနည်းတဲ့ ionizing radiation တွေ ထုတ်လွှတ်နေတာကြောင့်မို့ပါ။

ဥပမာတစ်ခုအနေနဲ့ပြောရရင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးမှာဆိုရင်တောင် ပိုတက်ဆီယမ်ဓာတ်အချို့က ပင်ကိုယ်ရေဒီယိုသတ္တိကြွဓာတ် ရှိပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ ကမ္ဘာကြီးရဲ့သဘာဝ radiation နောက်ခံနဲ့ ယှဉ်လိုက်ရင် အလွန်သေးငယ်တဲ့ပမာဏဖြစ်တာကြောင့် စိုးရိမ်စရာတော့ မရှိပါဘူး။

..

..

???? ဓာတ်ရောင်ခြည် (radiation) တွေကို ဘယ်လိုတိုင်းတာကြသလဲ ?

ဓာတ်ရောင်ခြည်တွေကို တိုင်းတာနိုင်တဲ့ ကိရိယာကို Geiger counter လို့ခေါ်ပါတယ်။ Geiger counter ဟာ ionizing radiation တွေကို တိုင်းတာပေးပြီး sievert လို့ခေါ်တဲ့ ယူနစ်နဲ့ပြသပါတယ်။

2 sieverts ထက်ပိုတဲ့ radiation တွေနဲ့ ထိတွေ့မိတဲ့အခါ တစ်ခဏအတွင်း အသက်သေဆုံးနိုင်ပါတယ်။

..

..

???? တခြားနေရာတွေထက် ဓာတ်ရောင်ခြည် (radiation) ပမာဏ ပိုများနေတဲ့ ကမ္ဘာ့နေရာအချို့

????လေ့လာချက်တွေအရ Sydney နိုင်ငံမှာ radiation ပမာဏဟာ တစ်နာရီကို 0.1 – 0.2 microsieverts ခန့်ရှိပါတယ်။

????Nuclear bomb ပေါက်ကွဲခဲ့တဲ့ ဟီရိုရှီးမားမြို့မှာရှိတဲ့ Peace Dome မှာ (ပေါက်ကွဲအပြီး နှစ် ၇၀ ကြာတဲ့အခါ) တစ်နာရီကို 0.3 microsieverts radiation ပမာဏ ရှိနေပါတယ်။

????ပထမဆုံး nuclear bomb ကို စမ်းသပ်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံရဲ့ Trinity bomb test site ဆိုတဲ့ နေရာမှာ radiation က တစ်နာရီကို 0.8 microsieverts လောက်ရှိပါတယ်။

????၁၉၈၆ ခုနှစ် ဧပြီ ၂၆ က နူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ Chernobyl nuclear reactor ဆိုတဲ့နေရာမှာ တစ်နာရီကို 5 microsieverts ခန့်ရှိတဲ့ ရေဒီယိုသတ္တိကြွ အကြွင်းအကျန်တွေကို စမ်းသပ်လို့ရနိုင်ပါသေးတယ်။ ဒါဟာ သွားနဲ့ခံတွင်းရောဂါတွေ ရှာဖွေဖို့အတွက် သွားဓာတ်မှန်တစ်ချပ် ရိုက်တဲ့အခါ ထွက်ပေါ်လာမယ့် radiation ပမာဏနဲ့ ညီမျှပါတယ်။

????ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ရဲ့ ကန့်သတ်ဇုန်မှာတော့ တစ်နာရီကို 5 – 10 microsieverts ခန့်ရှိတာကို တွေ့ရပါတယ်။ ဒီနေရာဟာ ရေဒီယိုသတ္တိဓာတ်အကြွဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး radioactive dust တွေ အဆုတ်ထဲမဝင်အောင် သီးသန့် mask တပ်ဆင်ဖို့လိုအပ်ပါတယ်။

..

..

☢️ ကျွန်ုပ်တို့မြင်ဖူးသမျှတွေထဲက ဘယ်နေရာက ဓာတ်ရောင်ခြည်အများဆုံးရှိတယ်လို့ ထင်ပါသလဲ?

အဖြေကတော့ လေယာဉ်ပေါ်မှာပဲ ဖြစ်ပါတယ်။ အမြင့်ကိုရောက်လေလေ cosmic rays တွေကနေ ကာကွယ်ပေးတဲ့လေထုကလည်း နည်းလာလေလေဖြစ်ပါတယ်။

အမြင့်ပေ ၁၈,၀၀၀ အထက်မှာ လေယာဉ်တွင်း radiation က တစ်နာရီကို 0.5 microsieverts ဖြစ်ပြီး၊အမြင့်ပေ ၂၃,၀၀၀ အထက်မှာ 2 microsieverts နဲ့ ပေ ၃၀,၀၀၀ အထက်မှာ 3 microsieverts ထက်တောင် ပိုနိုင်ပါတယ်။

..

..

???? ဒါဆို လေယာဥ်ပိုင်းလော့တွေ၊ လေယာဥ်မယ်တွေအပြင် တခြား ဘယ်သူတွေကရော ဓာတ်ရောင်ခြည် ဘယ်လောက်နဲ့ ထိတွေ့နေကြရသလဲ ?

Nuclear bomb ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖူကူရှီးမားမြို့ကသူတွေဟာဆိုရင် သူတို့သက်တမ်းတစ်လျှောက်မှာ 10,000 microsieverts လောက် ထိတွေ့နေရတာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဓာတ်ရောင်ခြည်နဲ့ထိတွေ့လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေဟာ တစ်နှစ်ကို အများဆုံး 50,000 microsieverts ခန့် ထိတွေ့မှုရှိပါတယ်။

အာကာသထဲ ၆ လလောက်နေရတဲ့ အာကာသယာဉ်မှူးတစ်ယောက်ဟာ 80,000 microsieverts လောက် radiation နဲ့ ထိတွေ့နေရတာပဲ ဖြစ်ပါတယ်။

လူနာတွေ ကွန်ပြူတာဓာတ်မှန်လို့ခေါ်တဲ့ CT scan ရိုက်တဲ့အခါမှာလည်း radiation 7000 microsieverts လောက်နဲ့ ထိတွေ့မှုရှိသွားပါတယ်။ ဒီပမာဏဟာ သဘာဝအလျောက်ထိတွေ့နေရတဲ့ ၃ နှစ်စာ radiation ပမာဏလောက် ဖြစ်ပါတယ်။

..

..

အပေါ်မှာပြောခဲ့တဲ့ ပမာဏတွေဟာ ionizing radiation နဲ့ ထိတွေ့မှုအများဆုံးပမာဏ မဟုတ်သေးပါဘူး။ ဒါဆိုအများဆုံးက ဘယ်သူတွေမှာဖြစ်နိုင်လဲလို့ ခန့်မှန်းကြည့်ပါ။

????အဖြေကတော့ ဆေးလိပ်သောက်သုံးသူတွေရဲ့ အဆုတ်ပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေရဲ့အဆုတ်ဟာ နှစ်စဉ် 160,000 microsieverts နဲ့ညီမျှတဲ့ radiation တွေကို ထိတွေ့နေရပြီး၊ ဒါဟာ ဆေးရွက်ကြီးမှာပါတဲ့ ရေဒီယိုသတ္တိကြွတဲ့ polonium နဲ့ lead ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆေးလိပ်သောက်သုံးသူတွေဟာ radiation ဓာတ်ရဲ့ဒဏ်အခံရဆုံးလို့ယူဆရတဲ့ ဖူကူရှီးမားမြို့သားတွေ၊ ဓာတ်ရောင်ခြည်နဲ့ထိတွေ့လုပ်ကိုင်ရတဲ့ အလုပ်သမားတွေ၊ အာကာသယာဉ်မှူးတွေထက်တောင် ပိုပြီး radiation နဲ့ ထိတွေ့မှုရှိနေတာပဲ ဖြစ်ပါတယ်။

ဆေးလိပ်သောက်သုံးသူတွေဟာ ကင်ဆာဖြစ်စေတဲ့ carcinogen တွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ toxin တွေနဲ့ ထိတွေ့မှုရှိရုံသာမက အလွန်များတဲ့ radiation တွေနဲ့လည်း ထိတွေ့နေရတယ်ဆိုတာ သတိမူသင့်ပါတယ်။

“ ယခုကစပြီး…သင်ဆေးလိပ်ဖြတ်လိုက်ပါ”

Reference ????:

https: //youtu. be/TRL7o2kPqw0

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here