“ ဒီမှာ ညှော်နံ့ရတယ် ဝေးဝေးနေ…အနာရင်းနေလိမ့်မယ်” စသဖြင့် ပြောကြတာတွေကို ကြားဖူးကြမှာပါ။ ဒါက တကယ်ပဲ အမှန်ပဲလား 🤔

ဆိုတော့ အဲဒီ ညှော်နံ့၊ ညှော်ငွေ့တွေထဲမှာ ဘာတွေ ပါလဲ၊ ဘာတွေဖြစ်စေလဲ ဦးစွာပြောပြပေးပါမယ်။
.

❓မီးဖိုကထွက်တဲ့ ညှော်နံ့ထဲမှာ ဘာတွေပါလဲ

အဓိကအားဖြင့်တော့

  • Nitrogen dioxide,
  • Carbon monoxide,
  • Carbon dioxide အပြင်
  • တခြားသော ဓာတုပစ္စည်း၊ ဓာတုဓာတ်ငွေ့များစွာ ပါဝင်ပါတယ်။
    .

❓အဲဒီအနံ့တွေ ရှူမိရင် ဘာဖြစ်တတ်လဲ

ရှူပြီး ချက်ချင်းမသိသာပေမယ့် ရှုမိတာ များလာတဲ့အခါ သို့မဟုတ် ထိတွေ့တာများလာတဲ့အခါမှာ ဆိုရင်တော့

  • အဆုတ်ရောင်ခြင်း
  • ပန်းနာရင်ကြပ်ဖြစ်ခြင်း
  • သွေးတွင်းအောက်ဆီဂျင်ဓာတ် လျော့နည်းလာခြင်းတွေ ဖြစ်နိုင်တဲ့အပြင်
  • အဆိုးဆုံးအနေနဲ့ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ (အထူးသဖြင့် nitrosamine ဓာတ် ပါဝင်မှုများပြားတဲ့ အကင်နံ့တွေကို နှစ်နဲ့ချီပြီး ရှူရှိုက်နေရသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်)
    .

❓ဒါဖြင့် အနာရင်းတာ မရင်းတာနဲ့ရော ဘယ်လိုပတ်သက်နေမလဲ

ထိခိုက်ဒဏ်ရာရှိလျက်နဲ့ အဆိုပါအငွေ့တွေကို အချိန်ကြာကြာရှူမိနေရင်

  • ကာဘွန်ဒိုင်အောက်ဆိုဒ်တွေပဲ ရှူမိနေတဲ့အတွက် သွေးတွင်းအောက်ဆီဂျင်ပမာဏ လျော့နည်းလာပြီး အနာကျက်နှေးစေပါတယ်။
  • ကောင်းမွန်စွာအနားမယူဘဲ လှုပ်ရှားနေရတဲ့အတွက် အနာကျက်နှေးနိုင်ပါတယ်။
  • အပူထဲမှာ အလုပ်လုပ်ရတဲ့အတွက် ကျလာတဲ့ ချွေးတွေ၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေကနေတစ်ဆင့် အနာထဲကို ပိုးဝင်ပြီး အနာရင်းတာတွေ ဖြစ်တတ်ပါတယ်။
    .

❓အနာဖြစ်လာရင်ရော အနာမရင်းအောင် ဘယ်လိုလုပ်ရမလဲ

  • အနာကို ရေသန့်နှင့် သေချာဆေးပါ။
  • အနာဖြစ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့စွာ ထားပါ။
  • အရက်ပြန်၊ Betadine တို့ဖြင့် နေ့စဥ်သန့်ရှင်းရေး လုပ်ပေးပါ။
  • အနာကို လေဝင်လေထွက်ကောင်းအောင် ထားပြီး တင်းကျပ်စွာ ပတ်တီးစည်းထားတာမျိုး မလုပ်မိဖို့ လိုပါတယ်။
  • ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမျိုးကို ရှောင်ပေးပါ။
  • အနာကျက်မြန်အောင် အာဟာရမျှတစွာ စားသုံးပေးပါ။
    .

❓ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

  • သတ်မှတ်ချိန်ထက်ပိုပြီး အနာမပျောက်ဘဲ ကြာနေတဲ့အခါ
  • အနာတစ်ဝိုက် နီရဲပြီး ယားယံနေတဲ့အခါ
  • အနာမှာ ပြည်တည်လာတဲ့အခါ
  • အနံ့များ၊ အရည်များ ထွက်လာတဲ့အခါ နီးစပ်ရာဆေးခန်းဆေးရုံဆီမှာ သွားရောက်ပြသပေးဖို့ လိုပါတယ်။
    .

❓မဖြစ်အောင် ဘယ်လိုလုပ်မလဲ

  • အခုလို အငွေ့တွေနဲ့ထိတွေ့မှု၊ ရှုရှိုက်မှု နည်းပါးအောင်နေတာ အကောင်းဆုံးပါ။
  • မီးဖိုထဲမှာ အလုပ်လုပ်ရသူဖြစ်ပါကလည်း မီးဖိုကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ ညှော်နံ့စုပ်တဲ့ စက်များ၊ Exhaust Fan များ တပ်ဆင်ပေးပါ။
  • တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပြုလုပ်ပေးပါ။
  • အနာရှိပါကလည်း အနာကို သန့်ရှင်းစွာ ထားပေးပါ။
  • ကိုယ်ဝန်ဆောင်မိခင်တွေလည်း မိမိသာမက မိမိရဲ့သန္ဓေသားကိုပါ မထိခိုက်စေရန် မီးဖိုထဲ အချိန်ကြာကြာမနေဘဲ ညှော်နံ့နဲ့ဝေးဝေးမှာ နေပေးစေလိုပါတယ်။
    .

✨အချုပ်ပြောရရင် ညှော်နံ့ကြောင့် အနာရင်းတာ ရာနှုန်းပြည့် မဟုတ်ပေမယ့် အနာမကျက်ခြင်းထဲမှာ ထိုကဲ့သို့ညှော်ငွေ့များ အချိန်ကြာရှုမိခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်….။

ချစ်တဲ့
AB 🫶

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here