” ဆီးချိုရှိသူများအတွက် အာဟာရဆိုင်ရာအကြံပြုချက်များ အပိုင်း(၂) “
ဆေးပုံမှန်သောက်နေရသူတွေ (သို့) insulin ပုံမှန် ယူနစ်တစ်ခု ကိန်းသေထားထိုးနေရရင် တစ်ရက်တစ်ရက် စားတဲ့ပုံစံဟာ အကြမ်းဖျင်းတူသင့်ပါတယ်။ အစားစားတာ နည်းလိုက်များလိုက်ဆို ဆီးချိုအတက်အကျ မငြိမ်ဖြစ်တတ်ပါတယ်။
သင့်တော်တဲ့ အစားအစာအချိုးအစားကတော့ စုစုပေါင်းကယ်လိုရီရဲ့ ၅၀%ကို ကစီဓါတ် ၊ ၃၀%ကို အဆီ ၊ ၂၀%ကို အသားဓါတ်ဖြင့် ဖွဲ့စည်းထားပါက သင့်တော်ပါတယ်။
” ကစီဓါတ်မျှခြေများ “
ထမင်းတစ်ဇွန်းဟာ (ထမင်းကဲ့သို့ ကစီဓါတ်ကြွယ်၀တဲ့ အစားအစာများဖြစ်တဲ့)…ခေါက်ဆွဲ၊ ကြာဇံ ၊ မုန့်ဖတ်တစ်ဇွန်းမှာပါ၀င်တဲ့ ကယ်လိုရီ ၊ ကစီဓါတ်နဲ့ အတူတူလောက်ပါပဲ။
ဂျုံနဲ့ပြုလုပ်ထားတဲ့ အရာတွေဆိုလည်း နံပြားတစ်ချပ်ဟာ…တိုရှည်တစ်ချပ် ၊ ပလာတာတစ်ချပ် ၊ ချပါတီတစ်ချပ် ၊ ပေါင်မုန့်ဆို ၂ချပ် ၊ ဘီစကစ်ဆို ၄ ချပ်လောက်နဲ့ညီမျှပါတယ်။
လွယ်လွယ်ပြောရရင် ထမင်းပန်ကန်လုံးတစ်လုံးစားတာနဲ့ ပဲကြာဇံပန်းကန်လုံးတစ်လုံးစားတာ အတူတူပါဘဲ…စားပြီးရင် သွေးထဲမှာတက်သွားမယ့် ဂလူးကို့စ် ပမာဏတူတူပါဘဲ။ ငှက်ပျောသီးတစ်လုံးစားလိုက်တာဟာ သကြား ၂ ဇွန်း စားလိုက်တာနဲ့ တူတူပါဘဲ။
…
…
ပဲအမျိုးမျိုးဟာ ကစီဓာတ်အပြင် ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်ပါ ကြွယ်၀တာကြောင့် ဆီးချိုလူနာများနဲ့ သင့်တော်ပါတယ်။
အသီးအရွက်များဆိုလည်း အမျှင်ဓာတ်များသောကြောင့် များများစားလို့ရပါတယ်… ဆီးချိုသိပ်မတက်စေပါ။
သစ်သီး၀လံများကတော့ ချင့်ချိန်စားပေးရပါမယ်။ သကြားများ ပါသောကြောင့်ပါ။ ဒါ့ကြောင့် တစ်ခါစားရင် အောက်ပါ အသီးများနှင့် ရေးထားသော ပမာဏအတိုင်း အသီးတစ်မျိုးသာစားပါ။ တစ်ရက်မှာ (၃) ကြိမ်ထက်ပိုပြီး အသီးတစ်ခါပြင်စာ မစားသင့်ပါ။
အသီးတစ်ခါပြင်များမှာ….
ပန်းသီးတလုံး = လိမ္မော်သီး တလုံး = ပန်းသစ်တော် တစ်ခြမ်း = သရက်သီးတခြမ်း = နဂါးမောက်သီးတခြမ်း = မာလကာသီးတလုံး = ပိန္နဲသီး ၂စိတ် = ဒူးရင်းသီး တစ်ဆံ =ထန်းသီး၂ ဆံ = ငှက်ပျောသီးတခြမ်း =မင်းဂွတ်သီး ၄ လုံး = ကြက်မောက်သီး ၄လုံး = ဖရဲသီး ၈စိတ်ခန့် = နာနတ်သီး အတုံး သေး ၅ စိတ်ခန့် = စပျစ်သီး ၈ လုံးခန့် = သင်္ဘောသီး အတုံးသေး ၈ တုံးခန့် ဖြစ်ပါတယ်။
…
…
ဆီးချိုလူနာတွေမှာ အသည်းအဆီဖုံးခြင်း ၊ အ၀လွန်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ သွေးတိုးခြင်းတို့ လွန်စွာတွဲနိုင်ပါတယ်။
ဒါ့ကြောင့် အဆီများတဲ့ အစားအစာတွေကို လျော့စားခြင်း၊ ဆီကြော်စာ များရှောင်ခြင်း၊ အဆီများသော အသားများကို လျော့စားခြင်းတို့ဖြင့် အခြားရောဂါများဖြစ်ပွါးမှုကို လျော့ချနိုင်ပါတယ်။
အားကစားလှုပ်ရှားမှုလည်း မမေ့မလျော့ လုပ်ပေးကြပါ။ တစ်နေ့ မိနစ်၆၀ ခန့် အားကစားပြင်းပြင်းထန်ထန် ( လုပ်နိုင်သလောက် / အမောခံနိုင်တဲ့ထိ ) – တစ်ပတ် အနည်းဆုံး ၃ ရက် (၁၅၀ မိနစ်/တပတ်)ခန့်ဆို ကောင်းပါတယ်
( နားမယ်ဆို ၂ရက်ဆက်တိုက်နားတာမကောင်းပါ )
အကြာကြီးထိုင်နေတာမျိုး မကောင်းပါ…
စားပြီးတာနဲ့ တန်းလှဲတာမျိုး မကောင်းပါ…
တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှား activeဖြစ်အောင်နေပေးပါ။ ၀ါသနာပါပြီး မိမိလုပ်နိုင်တဲ့ အားကစားလုပ်ပေးပါ။ ယောဂ လုပ်တာကအစ အပင်စိုက်တာ ၊ ကလေးထိန်းပေးတာ စသဖြင့် လှုပ်ရှားနေရင်ကို ကျန်းမာစေပါတယ်။
ဆီးချိုဖြစ်လာတဲ့အခါ အိပ်ရေး၀အောင်အိပ်ရင်ပိုကောင်းပါတယ်၊ တရားထိုင်ပြီးစိတ်ငြိမ်တဲ့အခါလည်း အကျိုးရှိတာတွေ့ရပါတယ်။
သီးသန့် ထူးခြားတဲ့စားသောက်ပုံစံမရှိပါ။
ပြီးခဲ့တဲ့တစ်ပတ်က ပြောပြခဲ့သလို ” ကျန်းမာရေးနှင့်ညီညွတ်သော ပန်းကန် ” ပုံစံမျိုးဖြစ်အောင်တော့ အစားအသောက်ကို ပြင်ဆင်ပေးပါ
” အစားအစာတိုင်းကို ချင့်ချိန်စားသုံးကာ ကျန်းမာကြပါစေ “
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး
Telekyanmar
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.