ခေါင်းလျှော်ရည်တွေက သက်တမ်းကုန်တတ်သလား (December,2023)

0
206

တစ်ခါတလေ ရေချိုးပြီးနောက် စင်ပေါ်မှာ ရှိနေတာကြာပြီဖြစ်တဲ့ ခေါင်းလျှော်ရည်ဘူးဟောင်းတွေကို သတိထားမိကြမှာပါ။ ဘယ်လောက်ကြာမှန်းမသိတဲ့ ခေါင်းလျှော်ရည်ဘူးတွေဟာ သက်တမ်းကုန်နေပြီဆိုရင်ရော သုံးလို့ရသေးလားဆိုတာ ဖတ်ကြည့်ရအောင်ပါ။

သွားတိုက်ဆေး၊ ဆပ်ပြာနဲ့ မိတ်ကပ်စတဲ့ ပစ္စည်းတွေမှာ သက်တမ်းကုန်ဆုံးရက်စွဲ (expired date) တွေ ပါရှိတတ်ကြပါတယ်။ ဒါပေမယ့် ဗောက်ပျောက်ခေါင်းလျှော်ရည်လို ဆေးဝါးအသုံးနေနဲ့ မဟုတ်တဲ့ ခေါင်းလျှော်ရည်တွေမှာတော့ expired date မလိုအပ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလိုပစ္စည်းတံဆိပ်တွေမှာတော့ Period after opening (PAO) ဆိုတဲ့ ထုတ်ကုန်ကို ဖွင့်ပြီးနောက် ဘယ်နှစ်လကြာတဲ့အခါမှာ အသုံးပြုခြင်းကို ရပ်တန့်သင့်တယ်ဆိုတာမျိုး ပါတတ်ပါတယ်။ ဒီလို PAO တွေဟာ ခေါင်းလျှော်ရည်တံဆိပ် တော်တော်များများမှာ ပါရှိတတ်ပါတယ်။

???? ခေါင်းလျှော်ရည်တွေက သက်တမ်းကုန်နိုင်သလား။

အကောင်းဆုံး ခေါင်းလျှော်ရည်တွေတောင် သက်တမ်းကုန်နိုင်ပါတယ်။ ဒါပေမယ့် ခေါင်းလျှော်ရည်တွေ သက်တမ်းကုန်တာဟာ နွားနို့တွေ သက်တမ်းကုန်သလို အနံ့ဆိုးတွေထွက်ပြီး သောက်မိတဲ့အခါ ဖျားနိုင်တာမျိုး မဟုတ်ပါဘူး။ ခေါင်းလျှော်ရည်ရဲ့ ထိရောက်မှုက ပုံမှန်ထက် နည်းသွားနိုင်ပါတယ်။ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်ပြီး အမွှေးရနံ့လို အခြားအရာတွေကတော့ အချိန်ကြာလာတဲ့အခါ ပြောင်းလဲသွားနိုင်ပါတယ်။

ဒီတော့ ခေါင်းလျှော်ရည် သက်တမ်းကုန်ဆုံးမယ့်အချိန်ကို သိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ PAO သင်္ကေတကို ရှာဖွေခြင်းဖြစ်ပါတယ်။ များသောအားဖြင့် ခေါင်းလျှော်ရည်ဘူးရဲ့ နောက်ကျော ဒါမှမဟုတ် အောက်ခြေမှာ တွေ့ရတတ်ပါတယ်။

???? ခေါင်းလျှော်ရည်တွေက သက်တမ်း ဘယ်လောက်ကြာကြာခံသလဲ။

အမှတ်တံဆိပ် တစ်ခုနဲ့တစ်ခု သက်တမ်းမတူနိုင်ပါဘူး။ မဖွင့်ရသေးတဲ့ ခေါင်းလျှော်ရည်ဘူးတွေကတော့ သုံးနှစ်လောက်အထိ တာရှည်ခံတယ်လို့ ဆိုပါတယ်။ ဖွင့်ပြီးရင်တော့ ဘယ်အချိန် သက်တမ်းကျန်မယ်ဆိုတာကို PAO သင်္ကေတကို ကြည့်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် PAO သက်တမ်းကုန်ဆုံးရက်တွေဟာ ၆ လကနေ ၂၄ လအထိ ရှိတတ်ပါတယ်။

ခေါင်းလျှော်ရည်တွေအားလုံးက နောက်ဆုံးမှာတော့ သက်တမ်းကုန်ဆုံးတယ်ဆိုတာကို သိထားသင့်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ခေါင်းလျှော်ရည်တွေကတော့ PAO သက်တမ်းပိုတိုတာကို သတိထားမိနိုင်ပါတယ်။ သဘာဝကရရှိတဲ့ ပါဝင်ပစ္စည်းများစွာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ အဲဒီလို ပါဝင်ပစ္စည်းနည်းနည်းပါတဲ့ ခေါင်းလျှော်ရည်တွေထက် အရောင်၊ အနံ့နဲ့ အသွင်အပြင် ပြောင်းနိုင်ခြေ ပိုများပါတယ်။

ဖော်မြူလာတစ်ခုထဲကပဲ သက်တမ်းကုန်ဆုံးရက်ကို သက်ရောက်မှုရှိတာတော့ မဟုတ်ပါဘူး။ အပူနဲ့ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာလည်း ခေါင်းလျှော်ရည်ကို ထိခိုက်စေပြီး သက်တမ်းကုန်ဆုံးရက်ကို ပိုမြန်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ဘူးတွေကို နေရောင်နဲ့ထိတွေ့နိုင်တဲ့ ပြတင်းပေါက်အနားမှာ မထားသင့်ပါဘူး။

???? Dry Shampoo တွေကရော ဘယ်လောက်ကြာကြာခံသလဲ။

Dry Shampoo တွေနဲ့ ပုံမှန် shampoo တွေဟာ မတူကြပါဘူး။ Dry shampoo အများစုဟာ ပါဝင်ပစ္စည်းတွေကို ကြာရှည်ထိန်းသိမ်းထားနိုင်တဲ့ aerosol ပုံစံအနေနဲ့ လာပါတယ်။ ဒါ့အပြင် dry shampoo တွေမှာ ရေမပါဝင်ဘဲ powder မှုန့်တွေများတာကြောင့် ပိုကြာရှည်ခံပါတယ်။ ဒါ့ကြောင့် dry shampoo တွေမှာ PAO သင်္ကေတ မပါတတ်ပါဘူး။ အပူချိန်လွန်ကဲတာနဲ့ စိုထိုင်းဆများတာတွေက dry shampoo ရဲ့ သက်တမ်းကို တိုစေနိုင်ပါတယ်။

???? သက်တမ်းလွန်ခေါင်းလျှော်ရည်တွေကို သုံးမိတဲ့အခါ ဘာဖြစ်နိုင်လဲ။

ဆံပင်ကျွတ်တာနဲ့ ဆံသားပျက်ဆီးနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း မသန့်သွားသလို ခံစားရတတ်ပါတယ်။ အဆီပြန်တဲ့ဆံပင်အတွက်၊ ကောက်ထားတဲ့ဆံပင်အတွက် သီးသန့်ထုတ်ထားတာမျိုးဆိုရင်လည်း အရင်လို ထိရောက်မှုမရှိတော့ပါဘူး။ သက်တမ်းလွန်သွားတဲ့အခါ အဏုဇီဝပိုးမွှားတွေ ပေါက်ဖွားလာနိုင်ပြီး အရောင်၊ အနံ့၊ ပုံစံတွေ ပြောင်းလာနိုင်ပါတယ်။ ဦးရေပြားယားယံတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

???? ဒီတော့ ခေါင်းလျှော်ရည်မကောင်းတော့ဘူးဆိုတာ ဘယ်လိုသိနိုင်လဲ။

PAO သင်္ကေတရဲ့ သက်တမ်းထက် ကျော်လွန်သွားတာ၊ ခေါင်းလျှော်ပြီးနောက် ဆံသားနဲ့ဦးရေပြား မသန့်သွားဘူးလို့ ခံစားရတာ၊ ခေါင်းလျှော်ရည်က အရောင်၊ အနံ့၊ ပုံစံပြောင်းလာတာ၊ အနံ့က ချဉ်လာတာမျိုးဆိုရင်တော့ မကောင်းတော့ဘူးလို့ ဆိုနိုင်ပါတယ်။

???? ဆံသားပေါင်းတင်ဆေး (conditioner) တွေကရော သက်တမ်းကုန်နိုင်လား။

Conditioner တွေကလည်း shampoo တွေလိုပဲ သက်တမ်းကုန်ဆုံးရက်ကို PAO သင်္ကေတကို ကြည့်နိုင်သလို အရောင်၊ အနံ့၊ အသွင်အပြင် စတာတွေကို ကြည့်နိုင်ပါတယ်။ သက်တမ်းလွန် conditioner တွေကို သုံးမိတဲ့အခါ ဘာမှတော့ သိပ်မဖြစ်နိုင်ပေမယ့် အရင်လိုသုံးပြီး ထိရောက်မှုမရှိတာ တွေ့ရတတ်ပါတယ်။

တစ်ခါတလေ PAO သက်တမ်းကုန်ဆုံးရက်ကို မှတ်မိဖို့ခက်တယ်ဆိုရင်တော့ ဖုန်းမှာဖြစ်ဖြစ် စသုံးတဲ့ရက်စွဲကို မှတ်ထားသင့်ပါတယ်။

Reference: ????

https:// www. rd. com /article/does-shampoo-expire/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here