ကျွန်မရဲ့ ကိုဗစ်လူနာ

0
201

၂၀၂၁ နှစ်လယ် ၆လပိုင်းလောက်က တစ်နိုင်ငံလုံး Covid 19 တွေဖြစ်နေကြတဲ့အချိန် စစ်ကောင်စီကျေးဇူးနဲ့ အကူညီမဲ့နေချိန်ပေါ့…ကျွန်မဆေးခန်းမှာလည်း ကိုဗစ် လူနာတွေ တောက်လျောက်လာပြကြတယ်

ကျွန်မနဲ့ တူတူတွဲလုပ်တဲ့ ဆရာဝန် ၂ယောက်ကလည်း ဆေးခန်းမထိုင်နိုင်တော့ မနက်ပိုင်းရော ညပိုင်းပါ ကျွန်မလူနာတွေကြည့်ပေးရပါတယ်

ကြည့်သာကြည့်ပေးရတာ နေ့စဉ် ရပ်ကွက်ထဲ လူနာသေတဲ့သတင်း အမြဲကြားနေရတာပေါ့

လူနာကြည့်နေရတဲ့ကျွန်မ အိမ်မပြန်ဖြစ်တာလည်း ၂လလောက်ရှိနေပြီ….ကျွန်မ ဖေဖေနဲ့မေမေ အသက်၆၀ ကျော်နေပြီဆိုတော့ သူတို့ကို မကူးစေချင်ဘူးလေ

အဲ့ချိန် တစ်ရက်မှာ ညနေပိုင်း ၈နာရီ ဆေးခန်းရှေ့ကနေ ချောင်းဆိုးသံကြားတော့ အဲ့သံက ဖေဖေ့အသံနဲ့အရမ်းတူတော့ ကျွန်မဖေဖေလားပေါ့

ကျွန်မထွက်ကြည့်တော့ အကျီစုတ် ၃ထပ်လောက်ဝတ်ပြီး အိတ်အဟောင်းတစ်လုံး လွယ်ထားပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ကလည်း ညစ်ညစ်ပတ်ပတ်နဲ့ အသက် ၆၀လောက်ရှိတဲ့ အိမ်ခြေယာမဲ့လို့ထင်ရတဲ့ ဦးလေးကြီးတစ်ယောက် ဆေးခန်းအဝမှာ ဘေးလေးက အုတ်ခုံပေါ် လာထိုင်နေပြီး ချောင်းဆိုးမောနေရော

အမှန်တိုင်းပြောရရင် ကျွန်မ လန့်တော့လန့်သွားတယ် သူနားကလည်း ကိုယ်နံ့တွေရတော့ မသိချင်ယောင်ဆောင်ချင်ပင်မယ့် ကျွန်မ ဖေဖေနဲ့ အသက်ရော ချောင်းသံရော မောလို့ထိုင်နေပုံရောတူနေတော့ ကျွန်မ စိတ်ထဲ ဂရုဏာစိတ်နဲ့ အဘ ဆေးခန်းထဲဝင် ကျွန်မကြည့်ပေးမယ်ပြောပြီး ဆေးခန်းထဲခေါ်လာရော

စကြည့်တော့ အဲ့ ဦးလေးကြီးကို ရောဂါအကြောင်းမေးတာလည်းသေချာမေးမရဘူး

SpO2 က 82% တဲ့ အဆုတ်မှာလည်း အဆုတ်အသံတွေအပြည့် အဖျားကလည်း 101 F နဲ့ ကျွန်မအတော်လေး စိတ်ပူသွားတယ်

အဲ့လူနာကျွန်မ SpO2 သေချာတိုင်းဖို့ ဆေးထိုးဆေးသောက်ဖို့ ဘယ်လိုမှာရမလဲပေါ့

နောက်တော့ ကျွန်မဆေးထိုးပေးပြီး သောက်ဆေးတော့ အတက်နိုင်ဆုံးသေချာမှာပေးပြီး မှတ်မှတ်ရရ ကျွန်မညစာ ကြေးအိုးပါဆယ်ပါ သူကိုပေးလိုက်တော့ ကျွန်မ ညစာငတ်သွားတဲ့နေ့ပေါ့

ဒီလိုနဲ့ ကျွန်မလည်း ကျွန်မနေ့စဉ်ဘဝဖြတ်သန်းရင်း ရောဂါတွေလည်း ငြိမ် ဆေးခန်းလည်းပုံမှန်ပြန်ဖြစ် Decemberလရဲ့ ရက်တစ်ရက် (ကျွန်မမွေးနေ့ )မှာ ဆေးခန်း အရှေ့လမ်းနား အဲ့ ဦးလေးကြီးပြန်တွေ့တာပါဘဲ…ကျွန်မလည်း အရမ်းပျော်ပြီး သူဆီပြေးသွားပြီး ဦးလေး နေကောင်းသွားပြီးလား မေးတော့ တချက်ကျွန်မမျက်နှာကြည့် ခေါင်းညိမ့်ပြပြီး ဆရာမ မုန့်မုန့်တဲ့ …ဒါနဲ့ဘဲ သူကို မွေးနေ့အတွက်ယူလာတဲ့မုန့်တချို့နဲ့ ငွေတစ်သောင်း သူအိတ်ထဲထည့်ပေးလိုက်ပါတယ်

ဒီ လူနာကိစ္စမှာ ကျွန်မပြောချင်တာ ကျွန်မတော်နေတာ တတ်နေတာမဟုတ်ပါဘူး

ကျွန်မတို့ သေချာကုပေးတဲ့ကြားက စကစကျေးဇူးကြောင့် ICU care မရလို့ ဆုံးတဲ့သူနဲ့ Oxygen မမှီလို့ ဆုံးသွားတဲ့လူနာတွေကြားထဲ ဒီလိုလူနာပြန်တွေ့တော့လည်း ဝမ်းလည်းသာ ပညာလည်းရပါတယ်

Covid က အရမ်းကို ပရိယာယ်များပါတယ်…ဒီကြားထဲ တချို့ လူနာတွေက ငါ Covid ဖြစ်တုန်းက ဘယ်ဆေးဘယ်လို သောက်လိုက်တာ ဘယ်သူက ဆေးတစ်လုံးထိုးပေးလို့ သက်သာတာဆိုပြီး အတွေ့အကြုံရှယ်တိုင်းမှာ လူနာတယောက်နဲ့တယောက် ရောဂါတစ်ခုနဲ့တစ်ခု ပုံစံမတူပါဘူး

(Covid မှမဟုတ်ပါဘူး ရောဂါအများစုပါ)

ဒါကြောင့် ရောဂါတစ်ခုဖြစ်ရင် ကောင်းနိုးရာရာ မလုပ်ဘဲ နားလည်သူ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးစေချင်တာပါ

ဆရာဝန်တွေမှာ ကိုယ်ကုပေးတဲ့ လူနာ ကောင်းသွားရင် အင်မတန်မှလည်း ပျော်ရပါတယ် ပီတိလည်း ဖြစ်ရပါတယ်

အခုဆို Covidကာလနဲ့မတူ ဆေးရုံ ဆေးခန်းတွေက လက်လှမ်းမှီနေသလို ၊ အိမ်မှာနေရင်း ဆေးခန်းပြချင်တယ်…ကျန်းမာရေး ဆွေးနွေးချင်တယ်ဆို တယ််လီကျန်းမာမှာလည်း အခမဲ့ ဆွေးနွေးတိုင်ပင်ပြလို့ရပါတယ်လို့ ကျွန်မ ပြောပြရင်း ကြုံခဲ့ဖူးတဲ့ လူနာတစ်ဦးအကြောင်း မျှဝေပေးလိုက်ပါတယ် ရှင်

Dr Cool

Telekyanmar

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here