သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင်ကာကွယ်မယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်က လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။
ဒါကြောင့် ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲဆိုတာ လေ့လာကြရအောင်ပါ။
Folic acid ဟာ ဗီတာမင် B အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နဲ့ ပဲတောင့်ရှည်လို အစိမ်းရင့်ရောင်အသီးအရွက်များနဲ့ အစေ့အဆန်တွေမှာ ဖောလစ်အက်စစ်ဓာတ် အများဆုံးပါဝင်ပါတယ်။
…
…
ဖောလစ်အက်စစ်ဖြည့်စွက်ဆေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။
အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ကို ကိုယ်ဝန်မရခင်တည်းကနေ ကိုယ်ဝန်ရပြီး ၃ လအထိ တောက်လျှောက်လောက်ကို နေ့စဉ်သောက်သုံးရပါမယ်။ ဒီလိုသောက်သုံးပေးခြင်းက မွေးဖွားလာမယ့်သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေ အထူးသဖြင့် (Neural tube defects) လိုမျိုး ဆိုးကျိုးတွေကို ရှောင်ရှားပေးနိုင်ပါတယ်။
Neural tube defects ဆိုတာကတော့ မွေးရာပါဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ချို့ယွင်းချက်တွေ ဖြစ်ပါတယ်။ Neural tube defects ထဲမှာ ပါဝင်တာတွေကတော့….
- Spina bifida – မွေးရာပါ အာရုံကျောရိုးမကြီး ချို့ယွင်းခြင်း
- Anencephaly – မွေးရာပါ ဦးခေါင်းခွံနှင့် ဦးနှောက်အစိတ်အပိုင်းများ မပါလာခြင်း
- Encephalocele – ဦးနှောက်အစိတ်အပိုင်းတွေက ချို့ယွင်းချက်ရှိတဲ့ ဦးခေါင်းခွံမှတစ်ဆင့် အပြင်ဘက်သို့ထွက်နေခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုမွေးရာပါချို့ယွင်းချက်ရောဂါတွေဟာ ကိုယ်ဝန်သက်တမ်း ၂၈ ရက်အတွင်း သန္ဓေသားမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်သက်တမ်း ၂၈ ရက်ဆိုတာ အမျိုးသမီးအများစုက မိမိကိုယ်ကိုယ်တောင် ကိုယ်ဝန်ရှိမှန်း မသိကြသေးတဲ့အချိန်ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကိုယ်ဝန်ယူဖို့စဉ်းစားထားသူတွေနဲ့ အရွယ်ရောက်ပြီးအမျိုးသမီးတိုင်းဟာ ဖောလစ်အက်စစ်ဓာတ် လုံလုံလောက်လောက်ရရှိထားဖို့ အရေးကြီးလှပါတယ်။
…
…
ဖောလစ်အက်စစ်ဟာ မွေးရာပါဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတဲ့နေရာမှာ ဘာလို့အရေးပါရသလဲဆိုရင် သူက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေသလို တစ်သျှူးဖြစ်ပေါ်လာအောင်လည်း လုပ်ဆောင်ပေးလို့ပါ။
…
…
ဖောလစ်အက်စစ်ဓာတ် ပြည့်ဝအောင် ဘယ်လိုလုပ်ကြမလဲ။
ဖောလစ်အက်စစ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးရပါမယ်။ တကယ်လို့ မိမိစားသုံးတဲ့အစားအစာမှာ ဖောလစ်အက်စစ်ဓာတ်ပါဝင်မှု နည်းနေမယ်ဆိုရင် ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးရပါမယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ကတော့ ဖောလစ်အက်စစ်ဖြည့်စွက်အားဆေးကို နေ့စဉ်ပုံမှန် သောက်ကိုသောက်သုံးရပါမယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ဖောလစ်အက်စစ်ဓာတ်ပမာဏကို ပုံမှန်သောက်သုံးပေးရမယ့်အပြင် အကယ်၍သင်ဟာ အရင်က မွေးရာပါအာရုံကြောချို့တဲ့တဲ့ကလေးတစ်ယောက် မွေးခဲ့ဖူးမယ်ဆိုရင် ဖောလစ်အက်စစ်ဓာတ်ပမာဏကို သူများထက် ပိုလိုအပ်နိုင်ပါတယ်….။
Reference: 📚
https:// kidshealth. org / en/parents/preg-folic-acid.html
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.