ဒီနေ့ နိုဝင်ဘာ (၂၈) ရက်နေ့က World Compassion Day ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း မေတ္တာတရားကို သက်ရှိအားလုံးအပေါ်ဖြန့်ကျက်သက်ရောက်နိုင်ရန် ရည်ရွယ်တဲ့နေ့ကို ဆိုလိုတာပါ။

မေတ္တာကို လူသားမျိုးနွယ်ရဲ့ အဓိက သဘာဝတစ်ခုအဖြစ် ကာလကြာရှည်စွာ မှတ်ယူထားခဲ့ပြီး သက္ကရာဇ် ၂၀၀၀ အစောပိုင်းလောက်မှာတော့ မေတ္တာသဘောကို အဓိကအာရုံစိုက်တဲ့ စိတ်ကုထုံးဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကုထုံးဟာ စိုးရိမ်ပူပန်ခြင်း၊ ရှက်စိတ်၊ မိမိကိုယ်ကိုယ် အပြစ်တင်ဝေဖန်သော အတွေးများဖြင့် ရုန်းကန်နေရခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ အတော်များများကို ကုစားနိုင်ပါတယ်။

ဒီစိတ်ကုထုံးနည်းလမ်းတွေမှာ လူအများ မိမိကိုယ်တိုင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေလည်း ပါဝင်နေပြီး အကျပ်အတည်းတွေကို ရင်ဆိုင်ဖြတ်သန်းရာမှာ လိုအပ်တဲ့စိတ်ခွန်အားကို တိုးတက်စေနိုင်တဲ့ နည်းလမ်းလေးတွေမို့ အနှစ်ချုပ်လေး မျှဝေချင်ပါတယ်။

မေတ္တာရဲ့ စီးဆင်းရာလမ်းကြောင်းတွေဟာ ဆိုရင်ဖြင့်..

– မိမိအပေါ် မိမိကိုယ်တိုင်က ထားတဲ့ မေတ္တာ

– မိမိမှ ပတ်ဝန်းကျင်လောကကို ဖြန့်ကျက်တဲ့ မေတ္တာနဲ့

– ပတ်ဝန်းကျင်လောကထံမှ မိမိ လက်ခံရရှိသော မေတ္တာလို့ ခွဲခြားပြောလို့ ရနိုင်ပါတယ်။

.

ကိုယ်ကိုယ်တိုင်အပေါ် မေတ္တာထားရှိတာကို ဖော်ပြခြင်းမှာ အခြေခံအားဖြင့်…

– ဝေဒနာခံစားရတာကို အသိအမှတ်ပြုခြင်း

– ဝေဒနာတွေကို လူ့သဘာဝအဖြစ် နားလည်လက်ခံခြင်းနဲ့

– မိမိကိုယ်ကိုယ် ကြင်နာစွာဆက်ဆံခြင်းတို့ ပါဝင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ အနည်းဆုံးတော့ မိမိကိုယ်ကိုယ် မေတ္တာထားတဲ့အနေနဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာ ရှာဖွေကြည့်ကြစို့နော် (ဥပမာ – စကားလုံး၊ ကိုယ်ဟန်အမူအရာ၊ အပြုအမူ တစ်ခုခုပေါ့)

အောက်ပါ မေးခွန်းနံပါတ် (၁) မှ (၃) အထိဟာ မိမိတစ်ဦးတည်းနဲ့ သက်ဆိုင်တာဖြစ်ပြီး၊ မေးခွန်းနံပါတ် (၄) မှ (၆) အထိကတော့ ပတ်ဝန်းကျင်လောကနဲ့ သဟဇာတ ဖြစ်အောင် ပြုမူနေထိုင်ရေးနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။

ဖြစ်နိုင်ရင် အသက်ရှူလေ့ကျင့်ခန်းလေး ခဏလုပ်ပြီး မေးခွန်းတစ်ခုစီကို စဉ်းစားမှတ်သားကြည့်ရင် ပိုထိရောက်နိုင်ပါတယ်…

– (၁) မိမိကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ဘာလုပ်မလဲ။

– (၂) မိမိခံစားရတဲ့ ဝေဒနာတွေ သက်သာအောင် ဘယ်လို နှစ်သိမ့်ကုစား ဖြေလျှော့မလဲ။

– (၃) မိမိစိတ်မှာဖြစ်ပေါ်တဲ့ ခံစားချက်၊ အတွေး စတာ တွေကို မိမိကိုယ်ကိုယ် နားလည်လက်ခံကြောင်း ဘယ်လို ပြသမလဲ။

– (၄) မိမိကိုယ်ကိုယ် အန္တရာယ်တွေက ကာကွယ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ၊ ဘယ်လိုအခြေအနေမှာ လုပ်ရမလဲ။

– (၅) မိမိလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လက်တွေ့ကျတာ ဘာလုပ်နိုင်မလဲ။

– (၆) မိမိလုပ်စရာရှိတာတွေကို အဆင်ပြေပြေ လုပ်နိုင်စေဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုအားပေးမလဲ။

စဉ်းစားထားတာလေးတွေကို လက်တွေ့ စမ်းလုပ်ကြည့်ရာမှာ တစ်နည်းအဆင်မပြေရင်လည်း နည်းလမ်း အသစ်တွေ စဉ်းစားကြတာပေါ့နော်။

ဓမ္မဘက်တော်သား အားလုံး ဘေးကင်းကျန်းမာလန်းဆန်းကြပါစေ ????

မေတ္တာဖြင့်

Dr. W

(ကိုးကား) Reference : ????

https://www.internationaldays.co/…/r/recv911B31EruIOyw

https://www.annualreviews.org/…/annurev-psych-032420…

https://www.getselfhelp.co.uk/…/GILBERT-COMPASSION…

https://everylevelwellness.com.au/the-yin-and-yang-of…/

https://drpaularedmond.com/are-you-afraid-of-compassion/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here