ချာချာလည်မူးခြင်း (Vertigo)

ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။

မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။

အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။

???? ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့ Benign positional vertigo အကြောင်းလေးရှင်းပြပါမယ်။ နာမည်မှာပါတဲ့ benignဆိုတဲ့စကားလုံးအတိုင်း မဆိုးရွားဘဲ သူ့ဘာသူ့တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။

❓ဘယ်သူတွေမှာပိုဖြစ်လေ့ရှိတာလဲ

✔️အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးသူ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။

❓ဘာကြောင့်ဒီလိုဖြစ်ရတာလဲ

✔️အခုချိန်ထိတော့ ဘာကြောင့်ဖြစ်လဲတိတိကျကျ မသိရှိရပေမယ့် နားအတွင်းမှာရှိတဲ့ ဟန်ချက်ထိန်းညှိတဲ့ ပြွန်အတွင်းမှာ အမှုန်ထလို့၊ အတွင်းနားထဲကရောင်ရမ်းမှုတစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်းအကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

❓တစ်ခါမူးရင် ဘယ်လောက်ကြာတတ်လဲ၊ တခြားကော ဘာလက္ခဏာပြမှာလဲ

✔️တစ်ခါချာချာလည်ရင် စက္ကန့်(၃၀) ၊ တစ်ခါတလေ (၁)မိနစ်လောက်ပဲကြာတတ်ပါတယ်။တစ်ခါတလေ ချာချာလည်မူးပြီးအန်တတ်ပါတယ်။ ခေါင်းဘယ်ညာ တစ်ဖက်ဖက်လှည့်တာနဲ့ ​(အမှုန်ထတာ ဖြစ်တဲ့နားဘက်) လှည့်မိရင် မူးတတ်ပါတယ်။
✔️တခြားနားအူတာ၊ နားပင်းတာ၊ အန်တာတွဲဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။

❓ခေါင်းလှုပ်တ်ိုင်းမူးနေတော့ ဘယ်လိုလုပ်ကြမလဲ

✔️အရင်ဆုံးကိုယ့်ကို ချာချာလည်စေတဲ့ ခေါင်းလှုပ်ရှားမှုပုံစံကိုရှောင်ပါ။
✔️ခေါင်းကိုငြိမ်ငြိမ်လေးထားပေးပါ။
✔️ခေါင်းလေ့ကျင့်ခန်းကို အောက်ပါအတိုင်းလုပ်ပေးပါ။

(၁) ကုတင်အစွန်မှာထိုင်ပါ
(၂) ခေါင်းကိုညာဘက် (၄၅)ဒီဂရီလှည့်ကာ ကိုယ်ကို ဘယ်ဘက်လှဲချလိုက်ပါ။ စက္ကန့် (၂၀-၃၀)လောက်အဲ့အတိုင်းလေးနေပေးပါ
(၃) ပြီးရင် ဖြည်းဖြည်းလေးထပြီး စက္ကန့် ၃၀ ပြန်ထိုင်ပါ
(၄) ထို့နောက် ခေါင်းကိုဘယ်ဘက်၄၅ဒီဂရီလှည့်ကာကိုယ်ကို ညာဘက်လှဲဲပြီး ၂၀-၃၀ စက္ကန့်လှဲနေပေးပါ

တစ်နေ့ (၃)ကြိမ်လောက်လုပ်ပြီး တစ်ခါလုပ်ရင် ၁၀ မိနစ်လောက်လုပ်ပေးပါ။

????ဒုတိယတစ်ခုကတော့ နားအိမ်ရောင်ခြင်း (ခေါ် ) Acute labyrinthitis အ​ကြောင်းလေးပြောပါမယ်။

✔️ချာချာလည်မူးတာ မတိုင်ခင်မှာ ကိုယ်ထဲ virus ပိုးဝင်ခဲ့တာ အအေးမိခဲ့တာကြောင့်ပါ။
✔️ဖြစ်တဲ့ပုံစံကတော့ ရုတ်တရက်ချာချာလည် မူးပြီးတော့ တစ်ခါမူးရင် နာရီပိုင်းကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။
✔️၃-၄ ပတ်နေရင် ပြန်ပျောက်သွားတတ်ပါတယ်။

????တတိယတစ်ခုကတော့ နားအူတာ၊ နားအိမ်တင်းတာ၊ အကြားအာရုံထိခိုက်တာပါ တွဲတတ်တဲ့ နားအိမ်အတွင်းဖိအားတက်ခြင်း (ခေါ်) Meniere’s disease လည်းရှိပါတယ်။

✔️သူကတော့ ချာချာလည်ရင် မိနစ်ပိုင်း ကနေ နာရီပိုင်းလောက်အထိကြာတတ်ပါတယ်။
✔️ဟန်ချက်မထိန်းနိုင်ပဲ လဲကျတဲ့အထိဖြစ်နိုင်ပါတယ်။
✔️သူ့ကိုပိုဆိုးရွားစေတဲ့ အရက်၊ ချောကလက်၊ အငံများသောအစားအစာ၊ စိတ်ဖိစီးမှုတွေကို ရှောင်ပေးရပါမယ်။

‼️အပေါ်မှာပြောခဲ့တဲ့ (၃)ခုလို ချာချာလည်မူးတာဟာ နားမှာပဲပြဿနာတက်တာလား၊ အန္တရာယ်ရှိနိုင်လား၊ ဘယ်လိုလုပ်ကြရမလဲဆိုရင်တော့

‼️ချာချာလည်မူးစေတာဟာ….
လူတစ်ယောက်ရဲ့ ဟန်ချက် (ခေါ် ) balance ကိုထိန်းပေးတဲ့ နားအပြင် ဦးနှောက်အစိတ်အပိုင်းမှာ အကြိတ်တည်တာ၊ သွေးမရောက်တာ၊ ထိခိုက်မိတာစသည် တခြားသောအကြာင်းအရာများလည်းရှိပါသေးတယ်။

‼️ဒါ့ကြောင့် ချာချာလည်မူးတာကို အရေးမကြီးပါဘူး ဆေးလေးပဲဝယ်သောက်လိုက်ပါတော့မယ်လို့ မပေါ့ဆကြဘဲနဲ့ ဆရာဝန်နဲ့သေသေချာချာလေး ခံစားရတဲ့လက္ခဏာကို တိုင်ပင်ဆွေးနွေးဖို့အကြံပေးလိုက်ပါတယ်????

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.305, 344-345
OHCM 10th edition pg 462

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.