Vasectomy ဟာ အမျိုးသားတွေမှာ လုပ်လေ့ရှိတဲ့ သားကြောဖြတ်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

Vasectomy မှာ vas deferens လို့ ခေါ်တဲ့ သုက်ပို့ပြွန် ၂ ခုကို ဖြတ်ပြီး ချည်လိုက်ရပါတယ်။ ဒီလို ဖြတ်လိုက်ခြင်းဟာ ဝှေးစေ့တွေကနေ လိင်တံဆီ သုက်ကောင်တွေ စီးဆင်းမှုကို တားဆီးလိုက်ခြင်း ဖြစ်ပြီး သုက်လွှတ်တဲ့အခါမှာ သုက်ရည်ထဲ သုတ်ကောင်တွေ မပါတော့ပါဘူး။

..

..

????Vasectomy ကို ဘယ်လို လုပ်ကြလဲ ?

ဒီခွဲစိတ်မှုဟာ ရိုးရှင်းပါတယ်။ ထုံဆေး (သို့) မေ့ဆေး သုံးနိုင်ပြီး ခွဲစိတ်ချိန် မိနစ် ၃၀ ခန့်သာ ကြာတတ်ပါတယ်။

Vasectomy လုပ်တဲ့အခါ …

ကပ်ပယ်အိတ်ရဲ့ တစ်ဖက်တချက်ဆီမှာ အသေးစား ခွဲစိတ်မှု ၂ ခု လုပ်လို့ရသလို ကပ်ပယ်အိတ်ရဲ့ အလယ်မှာ တစ်ခုတည်း ခွဲလိုက်လို့လည်း ရပါတယ်။

Vas deferens ပြွန်တွေဟာ အရေပြား အောက်လေးမှာ ရှိလို့ ညှပ်ယူပြီး ဖြတ်လိုက်လို့ ရပါတယ်။ ဒီ သုက်ပို့ပြွန်ကို ၁ စင်တီမီတာလောက် ဖြတ်ထုတ်ပြီး အစွန်းတွေကို ချည်နှောင်ကာ အပူတို့ (cauterize) ရပါတယ်။

..

..

????Vasectomy ဘယ်လောက်ထိ ထိရောက်လဲ ?

Vasectomy ဟာ ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခု ဖြစ်ပါတယ်။ ဖြတ်ထားတဲ့ပြွန်တွေ ပြန်မဆက်သွားအောင် သတိထားရမည့် အချက်တွေကို သေချာလိုက်နာဖို့တော့ လိုပါတယ်။

Vasectomy ခွဲစိတ်မှု အခါ ၅၀၀ မှာ ၁ ခါတော့ မအောင်မြင်တာ ဖြစ်တတ်ပါတယ်။ အဲ့ဒါလည်း ဖြတ်ထားတဲ့ ပြွန်တွေ တစ်နည်းနည်းနဲ့ ပြန်ဆက်သွားလို့ ဖြစ်ပါတယ်။

..

..

????Vasectomy လုပ်ပြီးပြီးချင်း ကလေးမရနိုင်တော့တာလား ?

မဟုတ်ပါဘူး။ ဖြတ်ထားတဲ့ ပြွန်ထဲမှာ သုက်ကောင်တွေ ကျန်နေသေးပြီး သုက်ကောင်တွေရှင်းဖို့ အကြိမ် ၂၀ လောက် သုက်လွှတ်ရပါသေးတယ်။

ခွဲစိတ်ပြီး ၂ လ၊ ၃ လ ကြာရင် သုက်ရည်ထဲ သုက်ကောင် ကျန်/မကျန် ​သေချာစေဖို့ သုက်ကောင်အရေအတွက် စစ်ကြည့်ဖို့ လိုပါတယ်။ ပိုသေချာအောင် ၂ ခါ စစ်သင့်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေခိုင်းခြင်းဖြင့် သုတ်ရည်ကို ရယူပြီး အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးရပါတယ်။

..

..

????Vasectomy ကြောင့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ ထိခိုက်စေသလား ?

မထိခိုက်ပါဘူး။ လိင်ဆက်ဆံချင်စိတ်ရော စွမ်းဆောင်နိုင်စွမ်းရောမှာ အပြောင်းအလဲ မရှိပါဘူး။

ကိုယ်ဝန်ရသွားမှာ မစိုးရိမ်ရတော့လို့ sex life တောင် ပိုကောင်းလာတယ်လို့ တချို့က ဆိုကြပါတယ်။

သုက်ရည်ထဲမှာ သုက်ကောင်တွေ မရှိတော့ပေမယ့် သုက်ရည်ဟာ ပုံမှန်လိုပဲ ထင်ရပါတယ်။ ဒါကတော့ သုက်ရည် အများစုကို လိင်တံရဲ့အရင်းမှာရှိတဲ့ ပြွန်ဂလင်းလေးတွေကနေ ထုတ်လို့ ဖြစ်ပါတယ်။

Vasectomy လုပ်ပြီး ၇ ရက်၊ ၈ ရက်ကြာရင် ပုံမှန် လိင်မှုကိစ္စတွေ စလို့ရပေမယ့် သုက်ကောင်အရေအတွက် သုည မဖြစ်ခင်မှာ တားဆေးတစ်မျိုးမျိုးကို ဆက်သုံးနေဖို့ အရေကြီးပါတယ်။

..

..

????သုတ်ကောင်တွေကရော ဘာဆက်ဖြစ်သွားလဲ ?

ဝှေးစေ့တွေမှာ သုက်ကောင်တွေကို ဆက်ထုတ်နေပြီး ပိတ်ချည်ထားတဲ့ ပြွန်ထဲမှာပဲ ၃ ပတ်လောက်ထိ ရှိနေတတ်ပါတယ်။ ကြာလာရင် ခန္ဓာကိုယ်က စုပ်ယူသွားပြီး ခန်းခြောက်သွားပါတယ်။

ပုံမှန်အားဖြင့် ဆိုရင်တောင် သုက်ကောင်တွေဟာ သုက်လွှတ်လိုက်တဲ့ အရည်ရဲ့ ၁ ရာခိုင်နှုန်းခန့်သာ ဖြစ်ပါတယ်။

..

..

????Vasectomy ရဲ့ ဘေးထွက်ဆိုးကျိုးများ

ဒဏ်ရာရတာနဲ့ ဖောင်းလာတာတွေ ဖြစ်တတ်ပေမယ့် ၂ ရက်လောက်နေရင် ပြန်ကောင်းသွားပါတယ်။

တစ်ခါတစ်ရံ သွေးထွက်တာနဲ့ ရောဂါပိုးကူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆေးကုသလိုက်ရင် အလျင်အမြန် သက်သာပါတယ်။

ခွဲစိတ်ထားတဲ့နေရာမှာ သုက်ကောင်တွေစုပြီး sperm granulomas လို့ ခေါ်တဲ့ အဖုလုံးလေးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါကလည်း များသောအားဖြင့် သူ့အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။

..

..

????Vasectomy ကို ပြန်ပြင်လို့ရလား?

ဖြတ်ထားတဲ့ ပြွန်တွေကို microsurgery နဲ့ ပြန်ဆက်လို့ရပေမယ့် ကလေးပြန်ရနိုင်မယ်ဆိုတာ အာမခံလို့ မရပါဘူး။ ယေဘုယျအားဖြင့် ခွဲစိတ်မှုရဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ အောင်မြင်ပါတယ်။

Vasectomy ဟာ ထာဝရအတွက်ဖြစ်ပြီး ပြန်မပြင်နိုင်ဘူးလို့ပဲ မှတ်ယူသင့်ပါတယ်။

Vasectomy လုပ်ဖို့အတွက်ဆိုရင် မိမိကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက် ခိုင်မာဖို့လိုပြီး ကိုယ်မလုပ်ချင်ဘဲ ဖိအားပေးခံရလို့ လုပ်တာမျိုး မဖြစ်သင့်ပါ။

..

..

‼️အထူးသတိပြုရန်အချက်…

❌ အမျိုးသား သားကြောဖြတ်ခြင်းကို မြန်မာနိုင်ငံမှာ ဥပဒေအရ တရားဝင် ခွင့်ပြုထားခြင်း မရှိပါဘူး။

အကယ်၍ ပြုလုပ်ခဲ့ရင် ကာယကံရှင်ကိုယ်တိုင်ရော၊ ပြုလုပ်ပေးသူ ဆရာဝန်ပါ (ပုဒ်မ ၃၁၂ ခ၊ ၃၁၂ ဂ အရ) ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

ယခုဆောင်းပါးဟာ ကျန်းမာရေးဗဟုသုတအနေနဲ့ သိရှိထားနိုင်ရုံသက်သက်သာ ရည်ရွယ်ပြီး၊ အမျိုးသား သားကြောဖြတ်ခြင်းကို အားပေးအားမြှောက် ပြုလုပ်ခြင်း မဟုတ်ပါ။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.107

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here