ကယ်လိုရီ ကယ်လိုရီ

ဝိတ်ချတဲ့သူတိုင်း အမြဲပြောဖြစ်တဲ့ ဒီစကားလုံး….

လူတစ်ယောက်က ကယ်လိုရီ ဘယ်လောက်လိုသလဲပေါ့။

ဘယ်လောက်လိုလဲ ဆိုတာကတော့ သူ့ရဲ့က်ိုယ်လက်လှုပ်ရှားမှု၊ ကိုယ်တွင်းဇီဝဖြစ်စဉ် ဒါတွေနဲ့ ဆိုင်နေတာပေါ့နော်။

တကယ်တိတိပပ သိချင်ရင်တော့ Bodpod လို့ခေါ်တဲ့ အာကာသက စက်လိုလို ဘာလိုလိုလေးထဲ အဝတ်အစားပါးပါးလေး တစ်ထပ်လောက်ဝတ်ပြီး ဝင်ထိုင်နေ… ပြီးရင် သူ့ခန္ဓာက်ိုယ်က ဘယ်လောက် လောင်စာလိုလဲဆိုတာ အဖြေထွက်ရောတဲ့…. အံ့သြစရာ။

ဒါပေမယ့် ဒါကလက်တွေ့မှာ မသုံးတဲ့နည်း။

လက်တွေ့သုံးလို့ရတဲ့ အကြမ်းဖျဥ်းနည်းကတော့ အောက်မှာ ဆက်ပြောပေးမယ်နော်… လောလောဆယ် ဘယ်သူတွေက ကယ်လိုရီ ပိုလိုအပ်နေသလဲ အရင်လေ့လာကြည့်ရအောင်ပါ။

ကယ်လိုရီ ပိုလိုအပ်တဲ့သူတွေကတော့ ရှင်းပါတယ်…..

• အရပ်ရှည်တဲ့သူတွေ

• ကြွက်သားထုများတဲ့သူတွေ

• ကိုယ်ဝန်ဆောင်

• နို့တိုက်မိခင်

• ကြီးထွားမှုဖြစ်နေတဲ့ အရွယ်တွေ

• ကိုယ်လက်လှုပ်ရှားမှု များတဲ့သူတွေ

• အားကစားသမားတွေ

• မီးလောင်လူနာတို့လို နာမကျန်းဖြစ်နေသူတွေ

• အရိုးကျိုးတာ

• ဆေးရုံတက်နေရတာ

• နာတာရှည်ရောဂါ တီဘီလိုမျိုးဖြစ်နေတာ…စတဲ့သူတွေပေါ့။

အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုလိုအပ်တယ်ဆိုတာလည်း အချက်တစ်ခုပေါ့နော်။

ဒီတော့ အပေါ်မှာပြောထားတဲ့ ကယ်လိုရီ လိုအပ်မှု အလွယ်တွက်နည်းကို ​ဆက်ကြည့်ရအောင်ပါ။

လွယ်လွယ်လေး… တကယ်ကို လွယ်လွယ်လေး

ဒါပေမယ့် လုံးဝ အကြမ်းဖျဥ်းတွက်နည်းနော်

တအားကြီး အတိအကျတော့ မရဘူး။

ပထမဆုံး ကိိုယ့်အရပ်အမြင့်ကို စင်တီမီတာ (cm) နဲ့ သိအောင် အရင်လုပ်။ ပြီးရင်…

– အရပ်အမြင့် (cm) ထဲကနေ ၁၀၀ ကို နုတ် ။

– ဒါဆို ရှိသင့်တဲ့ ကိုယ်အလေးချိန် (kg) နဲ့ ရမယ်။

– ဒီ ရှိသင့်တဲ့အလေးချိန် ကီလိုကို ၂၅ နဲ့ မြောက် ..

ဒါဆို အကြမ်းဖျဥ်း တစ်နေ့တာ လိုအပ်မယ့် ကယ်လိုရီရပြီပေါ့… ????

ဒီလိုတွက်တဲ့အခါ ရှိသင့်တဲ့အလေးချိန် အဖြေနဲ့ လက်ရှိအလေးချိန် တအားကွာဟနေရင်တော့ အာဟာရပညာရှင်/ဆရာဝန်တို့နဲ့ တိုင်ပင်ပြီးမှ ရလာတဲ့ ဂဏန်းကို အတည်ယူဆပြီး ဆက်တွက်လို့ ရပါမယ်နော်။

ကယ်လိုရီအတွက် ၂၅ နဲ့မြှောက် ဆိုပေမယ့် အိပ်ရာထဲ လုံးဝလဲနေသူဆိုရင်တော့ ၂၀ နဲ့မြှောက်၊ တအားလှုပ်ရှားမှုများတာ တစ်နေ့ ၂ နာရီလောက် gym တို့ ဘောကန်တာတို့လို အလွန်တက်ကြွလှုပ်ရှားတာ ဆိုရင်တော့ ၃၀ နဲ့မြှောက်ပေါ့။

အခြား ကယ်လိုရီ ပိုလိုအပ်မယ့် အပေါ်မှာပြောထားတဲ့ အုပ်စုထဲ အကျုံးဝင်သူတွေကတော့ အခုတွက်လို့ရတာထက် ထပ်ဆောင်းလိုမှာပေါ့နော်။

အခုနည်းက လုံးဝ အကြမ်းတွက်နည်းနော်… ဒါကြောင့် တအားတိကျမှာတော့ မဟုတ်ဘူး။ ၁၂၀၀/ ၁၅၀၀/ ၁၈၀၀/ ၂၀၀၀ စသဖြင့် ဂဏန်းအကြမ်းဖျဥ်းပဲရမှာ။

ဒီကိန်းဂဏန်းအကြမ်းကို ဝိတ်တင်ချင်တဲ့သူဆို ကယ်လိုရီ ၅၀၀ လောက် ထပ်ပေါင်းပြီး တစ်နေ့တာ လုံလောက်အောင် ထပ်စားပေါ့။ ဝိတ်ချချင်တဲ့သူ ဆိုရင်တော့ ကယ်လိုရီ ၅၀၀ လောက် အနုတ်ဖြစ်အောင်စားပေါ့။ စားတာများပြီး သုံးတာနည်းရင် စုမိဆောင်းမိဖြစ်လာမယ်… ရတာထက် ပိုသုံးနေမိရင်တော့ ပိန်နေမှာပေါ့။

စားနေကျ အစားအသောက်ကိုပဲ ကယ်လိုရိီမျှအောင်ချိန်စားတာဟာ ရေရှည်မှာလည်း လုပ်နိုင်တယ်၊ လက်တွေ့လည်း ကျတယ်၊ ပိုက်ဆံလည်း မကုန်… အထိရောက်ဆုံး အကောင်းဆုံးနည်းပဲ။

ဒါပါပဲ…

ဘာဆေး ညာဆေး ဘာနှိပ်တာ ညာနှိပ်တာတွေ မလို…

မိမိခန္ဓာကိုယ်အကြောင်းသာ သိအောင်လုပ်၊ စားသင့်သလောက်စား၊ သုံးသင့်သလောက်သုံး… ဒါဆို “ ကျန်းမာလှပ သင့်ဘဝ” ဖြစ်လာပါလိမ့်မယ်နော်….။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here