ကျွန်မနဲ့ ဖေ့စ်ဘွတ်ပေါ်က လူနာ (February, 2024)

0
186

ကျွန်မ ပုံမှန်အားဖြင့် ဖေ့စ်ဘွတ်ရဲ့ Group တွေမှာ တွေ့ရတတ်တာ “ ချစ်တို့ရေ ဒီနားလေ… အကွက်ဖြစ်လို့ ဘာလူးရမလဲ” ပိုစ့်တင်မေး… ကွန်မန့်မှာ ဆရာကြီး၊ ဆရာမကြီးတို့ နည်းပေါင်းစုံပေး… ကိုယ်ကဆရာဝန် နားလည်လို့ ကွန်မန့်ပေးတောင် သူတို့မြင်မယ်မထင်။

နောက်ပိုင်း ဒီလို တလွဲပိုစ့်တွေမြင် ကျော်သွားလိုက်တာ များပါတယ်။

တစ်ရက် ကောင်မလေးတစ်ယောက် အမျိုးသမီး Group တစ်ခုမှာ Anonymous (အမည်မပေါ်) နဲ့ ပိုစ့်တစ်ခု ဓာတ်ပုံလေးတစ်ခုနဲ့ တင်ထားရော။

ပုံလေးမှာ Ferrovit ဆေးကဒ်လေး လက်နဲ့ကိုင်ထားတယ်။ ရှေ့နားမှာ မှန်အသေးလေးထောင်ထားတော့ မှန်ထဲ သူ့နှုတ်ခမ်းနဲ့ မျက်နှာ နည်းနည်းမြင်ရတော့… မြင်ရသလောက် လက်တွေ မျက်နှာတွေဆိုတာ သွေးအားနည်းဖြူသလို ဖြူစွတ်နေရော။

ကျွန်မလည်းစိတ်ဝင်စားပြီး စာဖတ်ကြည့်လိုက်တာ… လကုန် ရာသီလာရက် မလာလို့ သွေးဆေးတချို့သောက်မိတယ်။ နောက်လ လကုန်ခါနီးကျ သူက ရာသီပြန်ပေါ်တယ်။ ဒီတစ်ခေါက် ရာသီပေါ်ထဲက သူက သွေးနည်းနည်း ဆက်ဆင်းနေလို့… တစ်လလောက်ရှိနေပြီ သူဘာလုပ်သင့်လဲပေါ့။

ကွန်မန့်မှာ ဂျင်းနဲ့ ထန်းလျက်တွေရော အစုံ နည်းပေါင်းစုံတွေ မန့်ထားကြတာ။

ကျွန်မလည်း ဒီတစ်ခေါက် မနေနိုင်ဘဲ…

“ ညီမလေး… အမျိုးသားနဲ့ အတူနေဖူးတာရှိရင် ကိုယ်ဝန်ပျက်ကျတာနဲ့ တူပါတယ်။ ဆီး သေချာစစ်ကြည့်ဖို့ လိုပါတယ်။ ဒါပေမယ့်… ညီမလေး လက်လေးတွေ၊ မျက်နှာလေးတွေ အရင်ထဲက ဖြူရင်တော့ မပြောတတ်… အခု အရမ်းဖြူနေလို့ အမြန်ဆုံး ဆရာဝန်ပြဖို့ လိုပါတယ်” မန့်ပေးလိုက်ပါတယ်။

ပြီးတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီး… (၃) လလောက်ကြာမှ ကျွန်မ Fb messenger စစ်ရင်း Request ထဲမှာ စောန အမျိုးသမီးငယ်လေးက ကျွန်မကို ကျေးဇူးတင်စကား ပို့ထားတာတွေ့ရော။

အမှန်တော့ သူက ကိုယ်ဝန်ပျက်ကျတာပါ။ ဆေးရုံရောက်တော့ သွေးစစ်တာ သွေးနီဥ Hb လည်း ၅.၆ (ပုံမှန်ဆို ၁၀-၁၁) ဖြစ်နေလို့ သွေးသွင်းရပါတယ်တဲ့။ ဆေးရုံ (၁) ပတ်ကျော်တက်ပြီး သူအခုပြန်ကောင်းနေပါတယ်ပေါ့။ ကျွန်မပေးတဲ့ အကြံကြောင့် သူလည်း ဆရာဝန်နဲ့ သေချာပြဖြစ်ပြီး ကိုယ်ဝန်ပျက်တာ၊ သွေးအားနည်းတာ သတိထားမိတာပါဆိုပြီး ပို့ထားတာပါ။

ဒီနေရာ ကျွန်မပြောချင်တာ မိမိဝေဒနာ ရောဂါတစ်ခု Social media တင် မေးအချိန်မှာ မိမိပြောတာ တစ်ခုနဲ့ပဲ ရောဂါဆုံးဖြတ်လို့ မရပါဘူး။

အနောက်တိုင်း ဆေးပညာမှာ ရောဂါရာဇဝင် သေချာမေးရပါတယ်။ ဒီလို မေးမြန်းခြင်း (History taking) နဲ့တင် ရောဂါအဖြေက ၈၀% သေချာတဲ့ အဖြေရပါတယ်။

နောက်ပိုင်းမှ ပိုသေချာအောင် လူနာစမ်းသပ်မယ်၊ သွေးစစ်မယ်… ဒါမျိုးတွေ ဆက်လုပ်ရတာပါ။ ဒါကြောင့် ဆရာဝန်က သေချာ ရာဇဝင်မေးရင် ရစ်တယ်မထင်ပါနဲ့နော်…

အခုဆို အရင်လို လူကိုယ်တိုင် သွားစရာတောင်မလို တိုင်ပင်လို့ရတဲ့ Telehealth တွေလည်း ရှိနေပါပြီ။ တစ်ခုခုဆို ကိုယ့်ကျန်းမာရေးအတွက် စနစ်တကျ ဖြစ်စေချင်ပါတယ်…

“ အသက်ကို ဉာဏ်စောင့်” ဆိုတဲ့စကားတိုင်း အစစအရာရာ ချင့်ချိန်ပြီး အဆင်ပြေအောင် ဆောင်ရွက်နိုင်ကြပါစေရှင်….????

.

Dr. Cool

Telekyanmar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here