ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ The Art of Parenting (March, 2023)

“ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ”

မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေလိုကြပါတယ်။ ကလေးတွေကို အကောင်းဆုံး​​ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေကို ပေးချင်ကြပါတယ်။

ကျွန်တော်တို့ရဲ့ ကလေးတွေကို အမြဲပျော်ရွှင်ရမယ်လို့ ကျွန်တော်တို့ အာမ မခံနိုင်ပေမယ့် ကလေးတွေအတွက် ကျွန်တော်တို့တွေ ကြိုးစားဖြည့်ဆည်းပေးသင့်ပြီး ဖြည့်လည်းဖြည့်ဆည်းပေးနိုင်တဲ့ အခြေခံအချက်တွေ ရှိကြပါတယ်။

ကျွန်တော်တို့ရဲ့ ကလေးတွေက သူတို့မွေးဖွားလာဖို့အတွက် မတောင်းဆိုခဲ့ကြပါဘူး။ သူတို့လေးတွေဟာ ကမ္ဘာမြေကြီးရဲ့ လက်ဆောင်တစ်ခုဖြစ်ပြီးတော့ ဒီအထူးပုဂ္ဂိုလ်လေးတွေကို ကျွန်တော်တို့က ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ တာဝန်ဝတ္တရားကျေအောင် ပြုစုကြရပါမယ်။ ကလေးတွေ အားလုံးက တူညီကြတာ မဟုတ်ကြောင်းနဲ့ တစ်ဦးချင်းစီမှာ သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုအရည်အသွေးနဲ့ လိုအပ်ချက်တွေ ကိုယ်စီရှိကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားရပါမယ်။

ဒါပေမယ့့် သတိပြုရမှာကတော့ ကလေးတိုင်းမှာ အာရုံစိုက်ဖို့လိုတဲ့ တူညီတဲ့ အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ ဒီလိုအပ်ချက်တွေထဲမှာ သက်တောင့်သက်သာရှိမှု၊ လုံခြုံမှု၊ အစားအစာ၊ လှုပ်ရှားမှု၊ နွေးထွေးမှုနဲ့ သင့်တော်တဲ့ အိပ်စက်ခြင်းတို့ ပါဝင်ပါတယ်။

မိဘကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်တွေထဲက တစ်ခုဖြစ်ပြီး မိဘအများစုကတော့ သားသမီးတွေ ပြုစုပျိုးထောင်တာမှာ အံ့ဩဖွယ်ရာအလုပ်ကို လုပ်နိုင်ကြတာ တွေ့ရပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေကို ပိုမို သိရှိလိုက်နာနိုင်ဖို့ ယခုဆောင်းပါးလေးကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
..
..

???? ကလေးတွေက ချစ်ခြင်းမေတ္တာကို လိုအပ်ပါတယ်

အချစ်ခံရတဲ့ ကလေးထက် သိပ်အချစ်မခံရတဲ့ ကလေးတွေက ပိုပျက်စီးပါတယ်။ ကလေးတွေ ဆိုးသွမ်းတယ်ဆိုတာ များသောအားဖြင့် လျစ်လျူရှုခံရပြီး အာရုံစိုက်ခံရချင်လို့ပဲ ဖြစ်ပါတယ်။

ကလေးတွေဟာ သူတို့အပေါ်ထားတဲ့ ခံစားချက်တွေကို အာရုံခံနိုင်တဲ့ အင်တာနာ (ဧရိယာတိုင်) ရှိပါတယ်။ အချစ်ခံရတဲ့ကလေးက ခံစားချက်တွေကို သိရှိနားလည်ပြီး ပျော်ရွင်ကျေနပ်တတ်တဲ့ ရင့်ကျက်တဲ့လူကြီးတစ်ယောက် ဖြစ်လာစေပါတယ်။

ဒါပေမယ့် သူတို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာမှာ အကြောင်းပြချက်နဲ့ ခြွင်းချက်တွေ မရှိရပါဘူး။ ဘာကြိုးနဲ့မှလည်း မချည်နှောင်ထားရပါဘူး။

ကလေးတွေဟာ သူတို့က ချစ်စရာကောင်းလို့… ထူးချွန်ထက်​​မြက်လို့… ကိုယ်ရည်ကိုယ်သွေးကောင်းလို့… ဆိုတာတွေကြောင့် မဟုတ်ဘဲ သူတို့ကိုယ်ပိုင်အတွက်​ကြောင့် ချစ်ခြင်းမေတ္တာအစစ်ကို ရရှိရပါမယ်။ သူတို့က ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုရုပ်သွင်မျိုးပဲဖြစ်ဖြစ်၊ ကျောင်းမှာ အားကစားမှာ ဘာအဆင့်ပဲရရ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားတတ်ဖို့ အားပေးချီးမွမ်းပေးဖို့ လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ မျက်စိအောက်က အပျောက်မခံနိုင်ပဲ ဖက်တွယ်နေတာ (ဒါမှမဟုတ်) လက်ဆောင်ပစ္စည်းတွေ တစ်ပုံကြီးပေးတာကို မဆိုလိုပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ အချစ်ခံရသူအတွက် ပျော်ရွှင်စိတ်ချမ်းသာမှုကို ဦးစားပေးပြီး ကိုယ်နဲ့စိတ်ကို ကျန်းမာ ချမ်းသာအောင်ထားခြင်းပါပဲ။

“ ပန်းလေးတွေအတွက် နေရောင်ခြည် လိုအပ်သလို ကလေးတွေအတွက် ချစ်ခြင်းမေတ္တာ လိုအပ်ပါတယ်”  ????????
..
..

???? ကလေးတွေက လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်

ကလေးအတွက် လုံခြုံမှုခံစားချက်က အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာ သာမက လုံခြုံတဲ့အိမ်မှာ ကြီးပြင်းလာရဖို့လည်းပဲ လိုအပ်ပါတယ်။ လုံခြုံတဲ့အိမ်တစ်လုံးဆိုတာ မိဘရန်ပွဲတွေ၊ ကလေးသူငယ်နှိပ်စက်ညှဥ်းပန်းမှုတွေ၊ ညီအစ်ကို မောင်နှမတွေက အလွန်အမင်း ဝင်ရောက်စွက်ဖက် အနှောက်အယှက်ပေးတာတွေအပြင် မူးယစ်ဆေးနဲ့ အရက် ကင်းစင်တဲ့အိမ်ကို ဆိုလိုပါတယ်။ နွေးထွေးတဲ့အိပ်ရာ၊ လုံလောက်တဲ့ စားစရာနဲ့ အဝတ်အစားတွေကလည်း လုံခြုံတဲ့ခံစားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
..
..

⚽ ကလေးတွေက ဆော့ကစားဖို့ လိုအပ်ပါတယ်

ကလေးတွေက တက်ကြွ သွက်လက် ဖျတ်လတ်ဖို့နဲ့ တီထွင် ဖန်တီးနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေကို သူတို့ကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ပေးဖို့ လိုပါတယ်။

ဆော့ကစားခြင်းဟာ အရေးပါတယ်လို့ သူတို့ယုံအောင် ပြုမူဆောင်ရွက်ပေးပါ။ ဒါမှ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး ဘဝရဲ့ စိတ်ညစ်စရာ ဒုက္ခတွေနဲ့ တွေ့ခဲ့ရင်တောင် ​ဖြတ်ကျော်နိုင်မှာပါ။

ကျန်းမာပျော်ရွှင်စွာ ဆော့ကစားဖို့အတွက် အခြေခံအချက်အချို့ကတော့ –

➤ မိဘတွေနဲ့ ဆော့ကစားပါ

➤ စောင့်ကြည့် ကြီးကြပ်မှုရှိတဲ့ ကစားကွင်းမှာ ဆော့ကစားပါ

➤ ကစားဖော်တွေ ရှိပါစေ

➤ လူကြီးမိဘတွေရဲ့ ကောင်းတဲ့အလုပ်တွေကို အတုယူ အတုခိုး ဆော့ကစားစေပါ

➤ သူတို့ လုပ်ထားတာ၊ ဆော့ထားတာ၊ အားထုတ်ထားတာလေးတွေ လာပြတဲ့အခါ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ တချက်လောက်ကြည့်ပေးပြီး တော်တယ် ကောင်းတယ်ဆိုတဲ့ အသိအမှတ်ပြုမှု ခွန်အားတွေ ပေးပေးပါ
..
..

‼️ ကလေးတွေက စည်းကမ်းရှိဖို့ လိုအပ်ပါတယ်

ကလေးတွေအတွက် ခိုင်မာတဲ့ စည်းကမ်းတွေ ချမှတ်ထားဖို့ လိုပါတယ်။ သူတို့လေးတွေကို အန္တရာယ်များတဲ့ ကစားစရာတွေ၊ ဂိမ်းတွေနဲ့ အခြေအနေတွေကနေ ကာကွယ်ပေးဖို့ လိုပါတယ်။ သူတို့ ကစားချင်သလို ကစားဖို့ ခွင့်ပြုတာနဲ့ ကောင်းကောင်းမွန်မွန် ဆော့​ကစားဖို့နှစ်ခုကြားမှာ စည်းတစ်ခု ​​ရေးဆွဲထားရပါမယ်။

ကိုယ်နှုတ်အမူအရာ အပြုအမူတွေမှာ အကန့်အသတ်ရှိကြောင်း ကလေးတွေကို ငယ်ငယ်ကတည်းက သင်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ပိုင် ပစ္စည်းဥစ္စာကို တန်ဖိုးထားသလို သူတစ်ပါးပိုင်ဆိုင်မှုကိုလည်း လေးစားတတ်ဖို့ သင်ပေးရပါမယ်။

စည်းကမ်းက တစ်သမတ်တည်း ဖြစ်နေပါစေ။ ကိုယ်မလုပ်နိုင် မလုပ်ဖြစ်မယ့် ခြိမ်းခြောက်မှုမျိုး ဘယ်​တော့မှ မလုပ်ပါနဲ့။ ကလေးတွေ ဆိုးလို့ အပြစ်ပေးတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးတာ (ရိုက်နှက်ဆုံးမခြင်း) ထက် တချို့အခွင့်ထူးတွေကို ခဏရုတ်သိမ်းခြင်း (ဥပမာ. အိမ်စာလုပ်ဖို့ မပြီးသေးရင် ဖုန်းသိမ်းထားတာမျိုး) က ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။
..
..

????‍????‍????‍???? ကလေးတွေက ရိုးသားဖို့လည်း လိုအပ်ပါတယ်

ကလေးတွေအပေါ် ရိုးသားဖို့ လိုအပ်ပါတယ်။ ကလေးတွေဆိုတာ လက်ဦးဆရာ လူကြီး၊ မိဘ၊ ဆရာတွေကိုပဲ ကြည့်ပြီး သင်ယူ ကြီးပြင်းလာကြတာပါ။ ဒါ့ကြောင့် ရှေ့ဆောင်လမ်းပြ လူကြီးကောင်းမှ ကလေးကောင်းမှာ ဖြစ်ပါတယ်။ ငယ်ငယ်​လေးကတည်းက ကလေးတွေကို အမှန်အတိုင်းပြောတတ်ဖို့နဲ့ မလိမ်မညာတတ်ဖို့ အလေ့အကျင့် လုပ်ပေးပါ။ မိမိကလည်း သူတို့အပေါ် အဲ့ဒီလို ဆက်ဆံပေးရပါမယ်။
..
..

နိဂုံးချုပ်အနေနဲ့ ဒီအချက်လေးတွေကို မှတ်ထားပေးပါ

➤ မိဘတွေဆိုတာ သားသမီးတွေအတွက် သူရဲကောင်းတွေ စံပြပုဂ္ဂိုလ်တွေပါ။ ကလေးတွေကို စိတ်မပျက်ပါစေနဲ့။

➤ မိဘတွေဟာ အကောင်းဆုံးဆရာ၊ လက်ဦးဆရာတွေပါ…

???? ကလေးသူငယ်များကို နည်းမှန်လမ်းမှန်နဲ့ ပြုစုပျိုးထောင်နိုင်ပြီး လူတော်လူကောင်းလေးများ ဖြစ်နိုင်ကြပါစေ ????

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.49

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ကလေးသူငယ်ပြုစုပျိုးထောင်ခြင်း

Ministry of Health,

National Unity Government.

Published on: 14 March 2023
Last Updated: 14 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...