မွေးရာပါ နှလုံးရောဂါတွေထဲက အခုပြောချင်တာလေးက ပြာနှမ်းနေတဲ့ မွေးရာပါနှလုံးရောဂါထဲက တစ်ခုဖြစ်တဲ့ TOF အကြောင်းဖြစ်ပါတယ်။

TOF လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါမှာ . . .

(၁) အဆုတ်သို့သွားသော သွေးကြော၏အဝတွင် ကျဉ်းနေခြင်း (Right Ventricular Outflow Tract Obstruction)

(၂) ထိုကျဥ်းသော သွေးကြောရှိရာ ညာဘက်နှလုံးအခန်းက ပိုမိုအလုပ်လုပ်ရသည့်အတွက် နှလုံးညာဘက်အခန်း ကြီးလာခြင်း (Right Ventricular Hypertrophy)

(၃) Aorta ဟူသော သွေးလွှတ်ကြောမကြီးသည် နှလုံးအောက်ဘက်အခန်းနှစ်ခုလုံးမှ ခွ၍ထွက်လာသည့် ပုံစုံဖြစ်နေခြင်း (Overriding of aorta)

(၄) ထို့ကြောင့် နှလုံးအောက်ဘက်အခန်းနှစ်ခုကို ကာထားသည့်နံရံတွင် အပေါက်ဖြစ်ကျန်ခဲ့ခြင်း (Ventricular septum defect) စတဲ့ အချက် ၄ ခုကို တွေ့ရှိရပါတယ်။

ဒီရောဂါရှိတဲ့ကလေးက မွေးလာပြီးရင် ဘာတွေဖြစ်နိုင်မလဲ 🤔

(၁) ကလေးက ပြာနှမ်းနေမယ်။

(၂) မကြာခဏ အဆုတ် အအေးမိတတ်တယ်။

(၃) ကလေးက မစားဘူး မကစားနိုင်ဘူး . . . ဒါကြောင့် ဆရာဝန်နဲ့ မကြာခဏပြရလေ့ရှိပါတယ်။

ဘယ်လိုနေရင် ကလေးက သက်သာနိုင်လဲ 🤔

ကလေး​က အရမ်းပြာလာတယ်၊ ရုတ်တရက် အသက်ရှူမရဘဲ ကျပ်လာတယ်ဆိုရင် ဒူးနှစ်ဖက်ကို ကွေးထားပြီးညှစ်ထားလိုက်ရင် ခဏတာ သက်သာလာနိုင်ပါတယ်။

ချို့ယွင်းတဲ့နေရာတွေ သေချာသိအောင် ဘာလုပ်သင့်လဲ 🤔

(၁) အထူးကုနဲ့ သေချာပြရပါမယ်။
(၂) နှလုံးအီးစီဂျီ
(၃) ရင်ဘတ်ဓာတ်မှန်
(၄) နှလုံးတယ်လီဗွီးရှင်းဓာတ်မှန်
(၅) အဆုတ်သွေးကြောဓာတ်မှန် အစရှိတာတွေ လုပ်ရပါမယ်။

ကုသမှုက ဘာတွေရှိလဲ 🤔

စစ်ဆေးထားတဲ့ အဖြေတွေကိုကြည့်ပြီး ကလေးအသက်အရွယ်နဲ့ ကလေးအခြေနေကိုလည်း ကြည့်ရပါမယ်။ ဒီအပေါ်မှာမူတည်ပြီး . . .

(၁) မွေးရာပါချို့ယွင်းချက်တွေကို အပြီးတိုင် ပြင်ဆင်ခြင်း (Total repair)

(၂) အဆုတ်သို့ သွေးပိုမိုသွားစေရန် လမ်းကြောင်းများပြုလုပ်ပေးခြင်း (Blalock Taussig Shunt)

အထက်ပါ ကုသမှုတွေကို အချိန်မီလုပ်ရပါမယ်***

ပြုပြင်မှု၊ ကုသမှုတွေ မလုပ်ရင် ကလေးတွေက ငယ်ငယ်နဲ့ အသက်ဆုံရှုံးနိုင်ပါတယ်။

  • ဒါကြောင့် မိဘတွေအနေနဲ့ ရောဂါရှိနေတဲ့ မိမိတို့ရဲ ကလေးတွေကို ကုသမှုလုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ် *

နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး
Telekyanmar

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here