Tag: chickenpox

ရေကျောက်ရောဂါ (Chicken Pox)

ရေကျောက်ရောဂါဟာကူးစက်အရမ်းလွယ်ပြီး မပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။ ရေကျောက်ကအသက်(၁၀)နှစ်အောက်ကလေးတွေမှာ အဖြစ်များတတ်ပေမယ့် အရွယ်ရောက်ပြီးသားသူများလည်း ဖြစ်တတ်ပါတယ်။ ❓ရေကျောက်ဘာလို့ဖြစ်တာလဲ Varicella Zoster virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရလို့​ဖြစ်တာပါ။ ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့လည်း အတူတူပါပဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနှစ်ပတ်အကြာမှာ လက္ခဏာများစပြတတ်ပါတယ်။ လက္ခဏာတွေကတော့... • ဖျားခြင်း (အဖျားမကြီးပေမယ့် အပူငွေ့ငွေ့တော့ရှိနေတတ်ပါတယ်) • ခေါင်းကိုက်ခြင်း • လည်ချောင်းနာခြင်း • နှုန်းချိခြင်း • ခန္ဓာကိုယ်အဖုများထွက်လာခြင်း • အထက်ပါလက္ခဏာများပြပြီး ၃၊၄ ရက်အကြာမှာ...