အားကစားလုပ်တာ၊ ကျန်းမာရေးလိုက်စားတာတွေက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ခါတစ်ရံမှာတော့ လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်းနဲ့တခြားကိုယ်လက်လှုပ်ရှားရတာတဲ့ကစားနည်းတွေကစားရင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ဒဏ်ရာက ခဏပဲဖြစ်တာရှိသလို ရေရှည်ကုသမှုလိုတဲ့ဒဏ်ရာအထိ ဖြစ်နိုင်ပါတယ်။
.
♦️ဘယ်သူတွေမှာ အားကစားလုပ်ရင်း ဒဏ်ရာပိုရနိုင်သလဲ ?
ကိုယ်လက်လှုပ်ရှားရင် ဒဏ်ရာရတာက လူတော်တော်များများမှာ အဖြစ်များပါတယ်။ အများဆုံးဖြစ်တတ်တဲ့သူတွေကတော့
– ခန္ဓာကိုယ်အလေးချိန်များသူတွေ
– အားကစားလုပ်နေစဉ် အကာအကွယ်ပစ္စည်းတွေ သေချာမဝတ်သူတွေ (ဥပမာ-စကိတ်စီးသူတွေ)
– သွေးပူလေ့ကျင့်ခန်း မလုပ်မိသူတွေ
– ဘောလုံး၊ လက်ဝှေ့ကဲ့သို့ အချင်းချင်း တိုက်မိ ခိုက်မိနိုင်သော အားကစားလုပ်သူတွေ
– ခုန်တာ၊ ပြေးတာတွေ လုပ်ရများတဲ့ အားကစားသမားတွေ (ဥပမာ-ပြေးခုန်ပစ်)
– မျက်နှာပြင် ညီညာမှုမရှိတဲ့နေရာတွေမှာ အားကစားလုပ်သူတွေ
– လုပ်နေကျ အလေ့အကျင့်မရှိဘဲ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်စလုပ်တာ
– မတော်တဲ့ဖိနပ် ဝတ်ပြီးအားကစားလုပ်မိတာ…. စတာတို့ ဖြစ်ပါတယ်။
.
♦️ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ ထိခိုက်တာများလဲ ?
• ခြေသလုံးအနောက်ဘက်နဲ့ ခြေဖနောင့်ကိုချိတ်ဆက်နေသောအရွတ် (Achilles tendon) ထိခိုက်မိတာ
အရွတ်ရောင်လာတာ၊ တောင့်တင်းလာတာတွေ ဖြစ်တတ်တဲ့ အပြင် နောက်ဆုံးအရွတ်ပြဲတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။
.
• ခြေကျင်းဝတ်ထိခိုက်မိတာ
ခြေကျင်းဝတ်မှာရှိတဲ့အဆစ်၊ အရိုး၊ အရိုးနု၊ အရွတ်၊ ကြွက်သားနဲ့ တွယ်ဆက်တစ်ရှူးတွေ ထိခိုက်မိတာ
.
• တံတောင်ဆစ် ထိခိုက်မိတာ
တံတောင်ဆစ်က လက်ဖျံနဲ့ လက်မောင်းကြားထဲက ပတ္တာအဆစ်အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ လှုပ်ရှားမှုများတာ၊ အကွေးအဆန့်များတာကနေ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။
.
• ဦးခေါင်းဒဏ်ရာရတာ
မျက်နှာ၊ ဦးနှောက်၊ ဦးခေါင်းခွံဒဏ်ရာရတာပါ။ အဖြစ်အများဆုံးကတော့ ခေါင်းကိုရိုက်မိထိမိ၊ ဆောင့်မိပြီးသတိလစ်သွားတာပါ။
.
• ဒူးခေါင်းထိခိုက်မိတာ
ဒူးခေါင်းမှာရှိတဲ့အရိုးအဆစ်၊ အရွတ်၊ တွယ်ဆက်တစ်ရှူး၊ ကြွက်သား၊ အရိုးနုတွေ ဒဏ်ရာရနိုင်ပါတယ်။ အားကစားလုပ်တဲ့သူတွေမှာ ဂုံညင်းရိုးအရွတ်ရောင်ပြီးဒူးနာတာ (Jumper’s knee or runner’s knee) လည်းဖြစ်တတ်ပါတယ်။ အခြားအဖြစ်များတာကတော့ဒူးဆစ်ထဲကအရိုးနု (meniscus) ပြဲသွားတာနဲ့ ဒူးလှုပ်ရှားတာအတွက် အရေးပါတဲ့အရွတ် (Anterior cruciate ligament) ပြဲသွားတာပါ။
.
• ပခုံးထိခိုက်မိတာ
ပခုံးအဆစ်လွဲတာ၊ ပခုံးအဆစ်က ဆုံလည်ကြွက်သားပြဲတာ (Rotator cuff tear)၊ အရွတ်ရောင်တာ (Rotator cuff tendinitis) တို့က အားကစားလုပ်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။
.
.
♦️အဖြစ်အများဆုံး ထိခိုက်မှုတွေက ဘာလဲ?
– အရွတ်ရောင်တာ
– အရိုးကျိုးတာ
– အရိုးနုပြဲတာ
– ခေါင်းထိခိုက်မိပြီးသတိလစ်သွားတာ
– အဆစ်လွဲတာ
– ခြေကျင်းဝတ်လည်တာ
– ကြွက်သားဒဏ်ဖြစ်သွားတာ
.
♦️ထိခိုက်ဒဏ်ရာရနေရင် ဘယ်လိုလက္ခဏာတွေပြလဲ?
– ထိခိုက်ဒဏ်ရာရတဲ့နေရာက နာလာ၊ ကိုက်လာတာ
– သွေးခြေဥ လာတာ
– အညိုမဲစွဲလာတာ
– အရိုးပုံပျက်တာ
– လှုပ်ရှားရခက်တာ
– အဆစ်အရိုးတွေမှာလှုပ်လိုက်တိုင်းအသံကြားနေရတာ
– မတ်တပ်မရပ်နိုင်တာ
– ဒဏ်ရာရတဲ့အပေါ် (သို့) အနီးတစ်ဝိုက်က အသားကပူနေတာ၊ ရောင်နေတာ
– လှုပ်ရှားရတာတောင့်နေတာ၊ အားနည်းနေတာ
.
♦️အားကစားလုပ်ရင်း ဒဏ်ရာမရအောင် ဘယ်လိုနေမလဲ ?
– ကိုယ့်အတွက် အန္တရာယ်အရမ်းမများမယ့် လှုပ်ရှားမှုမျိုးလုပ်ပါ
– လေ့ကျင့်ခန်းတစ်မျိုးထဲပဲ အကြာကြီးမလုပ်ပါနဲ့။ အေရိုးဘစ် (Cardiovascular exercise) ကစားသလို ခြေထောက်ကြွက်သားများနဲ့ အခြားကြွက်သားများအတွက်လည်း ကစားပါ။
– ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုထဲကို ထပ်ခါထပ်ခါ အကြာကြီးလှုပ်ရှားမှုမပြုပါနဲ့
– ရေကို လုံလုံလောက်လောက်သောက်ပါ
– အားကစားလုပ်နည်းလုပ်ဟန်ကို စနစ်တကျလေ့လာပြီးမှဆော့ပါ
– အရမ်းပင်ပန်းနေရင် အနားယူပါ။
– ကိုယ့်ခန္ဓာကိုယ်က လက်မခံနိုင်မတော့တဲ့ အတိုင်းအတာထိ ကစားတာတွေ ရှောင်ကြဥ်ပါ
– ဖြေးဖြေးချင်းစပါ။အလေ့အကျင့်မရှိဘဲပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်ပါနဲ့
– လေ့ကျင့်ခန်း မလုပ်ခင်နဲ့လုပ်အပြီး အကြောလျှော့ပါ
– သင့်တော်တဲ့အားကစားစီးဖိနပ်နဲ့ လိုအပ်လျှင်အကာအကွယ်ပစ္စည်းများကို စနစ်တကျဝတ်ဆင်ပါ
.
♦️ဒဏ်ရာရခဲ့ရင် ဘာလုပ်ရမလဲ?
ဒဏ်ရာဖြစ်တဲ့နေရာနဲ့ပြင်းထန်၊ မပြင်းထန်ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူ ကွဲပြားပါတယ်။ တစ်ချို့ကမပြင်းထန်ဘဲ အိမ်မှာအနားယူတာ (ဒါမှမဟုတ်) အိမ်မှာကုတာနဲ့တင် သက်သာသွားတာရှိပါတယ်။
• လုံလောက်စွာ အနားယူပါ
ထိခိုက်ထားတဲ့နေရာကို လှုပ်ရှားမှုမပြုပါနဲ့။
.
• ရေခဲကပ်ပါ
နာနေရောင်နေတဲ့နေရာကို ရေခဲကပ်ပေးလို့ရပါတယ်။ အရေပြားမထိခိုက်အောင် ရေခဲကို အရေပြားပေါ် တိုက်ရိုက်ကပ်တာက ရှောင်ပါ။ သဘက် (ဒါမှမဟုတ်) အဝတ်စလေးနဲ့အုံပြီး ကပ်ပေးပါ။ (၁၅-၂၀) မိနစ် တစ်ခါ ကပ်လို့ရပါတယ်
.
• ကျပ်စည်းပါ
ထိခိုက်မိတဲ့နေရာ (ဥပမာ- လက်၊ခြေထောက်) ကို ဆေးပတ်တီးနဲ့ ကျပ်စည်းလို့ရပါတယ်။ ရောင်ရမ်းနေတာတွေ လျော့ဖို့နဲ့ လှုပ်ရှားမိရင်အထောက်အပံ့ဖြစ်စေအောင်ပါ။ (အရမ်းတင်းကျပ် နေအောင် မစည်းပါနဲ့)
.
• မြှင့်ထားပါ
ထိခိုက်ဒဏ်ရာရတဲ့နေရာကို နှလုံးနဲ့တစ်တန်းတည်း မထားဘဲ မြှင့်ထားပါ။
(ဥပမာ-ခြေထောက်ထိမိရင်ခေါင်းအုံး (ဒါမှမဟုတ်) ဖက်လုံးပေါ်ခြေထောက်တင်ထားတာ၊ လက်ထိခိုက်မိရင် လက်ကိုတစ်ခုခုနဲ့ သိုင်းထားတာ)
.
နာနေ၊ ကိုက်နေတယ်ဆိုရင် အကိုက်အခဲပျောက်ဆေး (ဥပမာ-ပါရာစီတမောလ် ၊ Ibuprofen) သောက်လို့ရပါတယ်။ အစာအိမ်ရောဂါရှိပါက အစာအိမ်ဆေးနဲ့တွဲသောက်ပါ
သက်သာလာရင် လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း ပြန်စလုပ်လို့ရပါတယ်။
????ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ရင် (ဥပမာ- ရိုးကျိုးတာ၊ဦးခေါင်းထိခိုက်မိတာ) ဆိုရင်တော့ ဆရာဝန်နဲ့ကုသရမှာဖြစ်ပြီး ပျောက်ကင်းဖို့လည်း အချိန်ကြာတတ်ပါတယ်။
.
ဒါ့ကြောင့်….
– နားနေရင်းနဲ့မသက်သာပဲပိုဆိုးလာတာ
– အရောင်မကျဘဲ အရမ်းဖောင်းပြီးရောင်နေတာ
– သွေးအရမ်းထွက်တာ၊ အညိုမဲစွဲတာများတာ
– လုံးဝမလှုပ်ရှားနိုင်တာ
– ပုံပျက်သွားတာ ( ဥပမာခြေထောက်၊ လက်ကွေးသွားတာ )
– အရိုးကျိုးတာ
– သတိလုံးဝလစ်သွားတာ ….. တို့ဖြစ်လာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေပြသဖို့လိုပါတယ်။
..
..
????အားကစားနဲ့ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။ ဒါပေမယ့် တစ်ခါတလေ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ အချိန်ခဏလေးနဲ့ သက်သာသွားတာ များပေမယ့် တစ်ချို့ဒဏ်ရာရတာတွေကတော့ ခွဲစိတ်မှုလုပ်ရတာထိရှိသလို၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက်လည်း လေ့ကျင့်ခန်းပြန်လုပ်ပေးရတဲ့အထိ ရှိပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရင် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့တိုင်ပင်ကုသပါလို့ အကြံပြုချင်ပါတယ်
Reference – ????
https://my.clevelandclinic.org/…/22093-sports-injuries
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.