ကယ်လ်လိုရီ နည်းနည်း၊ ပရိုတင်းများများ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့နို့က ဘာနို့ဖြစ်မလဲ ?

???? ပဲပိစပ်ကနေရတဲ့ ပဲနို့ပဲဖြစ်ပါတယ်။

တိရစ္ဆာန်နို့ (နွားနို့၊ ဆိတ်နို့) အပြင် နို့ထွက်ပစ္စည်းတွေနဲ့ မတည့်သူတွေအတွက်ပါ အစားထိုးသောက်လို့ရတဲ့ နို့ဖြစ်ပါတယ်။

???? သန့်ရှင်းလတ်ဆတ်တဲ့ ပဲနို့ကို ပဲပိစပ်၊ သကြား၊ ရေ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ အလွယ်တကူ အိမ်မှာကျိုသောက်လို့ ရပါတယ်။

???? ပဲနို့ ၁ ခွက် (240 ml) မှာ

* ကယ်လ်လိုရီ ၁၀၀

* ကာဗွန်ဟိုက်ဒရိတ် ၄ ဂရမ် (g)

* ပရိုတင်းဓာတ် ၇ ဂရမ် (g)

* အဆီဓာတ် ၄ ဂရမ် (g)

* Isoflavones

* ဗီတာမင် A

* ဗီတာမင် B အုပ်စု

* ဗီတာမင် K စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

???? ပဲနို့သောက်ခြင်း ကောင်းကျိုးများ

➤ သွေးတွင်းအဆီဓာတ်ကို ညီမျှစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ပဲနို့သောက်သုံးသူတွေမှာ ခန္ဓာကိုယ်ထဲက အကျိုးပြုအဆီဓာတ်တွေ မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း မကောင်းတဲ့ကိုလတ်စထရောပမာဏကို လျှော့ချနိုင်တဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

.

➤ ကင်ဆာရောဂါဖြစ်ပွားမှုနှင့် နာကျင်ရောင်ရမ်းမှုများကို လျော့နည်းစေပါတယ်။

ပဲနို့မှာပါဝင်တဲ့ isoflavones က ဓာတ်တိုးဆန့်ကျင်သတ္တိ ကြွယ်ဝတာကြောင့် ဆဲလ်တွေဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာနှင့် အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ခြေမှ လျှော့ချပေးပါတယ်။

.

➤ သွေးဆုံးကိုင် ဝေဒနာကို သက်သာစေပါတယ်။

ပဲနို့ရဲ့ isoflavones ဟာ အမျိုးသမီးတွေမှာရှိတဲ့ အက်စထရိုဂျင်ဟော်မုန်း(oestrogen) နဲ့ဆင်တူတဲ့အတွက် ပဲနို့နဲ့ ပဲနို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့် သွေးဆုံးချိန်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

.

➤ အရိုးပွခြင်းမှ ကာကွယ်ပေးတယ်။

ပဲနို့မှာ အပင်ကရတဲ့ ပရိုတင်းဓာတ်အပြင် ကယ်လ်ဆီယမ်နဲ့ သံဓာတ်များပါဝင်တာမို့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

.

➤ အာရုံကြောစနစ်ကို အကျိုးပြုစေတယ်။

ပဲနို့မှာပါဝင်တဲ့ ဗီတာမင် B အုပ်စုနဲ့ အာရုံကြောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acids အုပ်စု Omega-6, Omega-3 တို့က အာရုံကြောတွေရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။

.

➤ ကိုယ်အလေးချိန် ထိန်းညှိပေးတယ်။

အပင်ကရတဲ့ ပရိုတင်းဓာတ်အပြင် အမျှင်ဓာတ်ကြွယ်ဝတာမို့ အဆာခံနိုင်ပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

???? ပဲနို့မသောက်ခင် အထူးသတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။

ပဲနို့နှင့် ဓာတ်မတည့်ခြင်းဖြစ်ဖူးသူတွေ မသောက်သုံးသင့်ပါ။

ပဲပိစပ်မှာပါဝင်တဲ့ Trypsin inhibitors တွေက အစာအိမ် အစာခြေစနစ်ကို အနည်းငယ် ဟန့်တားတဲ့အတွက် ပဲနို့သောက်ပြီး လေပွခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်ပါတယ်။

ပဲနို့ကို သောက်လို့ပိုကောင်းအောင် သကြားတွေ ထပ်မံဖြည့်စွက်ခြင်းဟာ ရေရှည်ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ပဲနို့ထဲမှာပါဝင်တဲ့ isoflavones ဟာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိပေမယ့် ဒါကိုခိုင်ခိုင်မာမာတော့ သုတေသနရလဒ် ထွက်ပေါ်ထားနိုင်ခြင်း မရှိသေးပါဘူး။ အိုင်အိုဒင်းဓာတ် ချို့တဲ့မှုမရှိရင် ပဲနို့ကို သောက်လို့ရပါတယ်။ Thyroid ရောဂါရှိသူတွေအနေနဲ့ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

???? Reference

https://www.healthline.com/nutrition/soy-milk-ingredients…

https://www.webmd.com/diet/health-benefits-soy-milk

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here