အရေပြားနှင့် ခြေသည်းလက်သည်း

အရေပြားပေါ်မှာ တွေ့ရတတ်သော အနီရောင် အစက်အပျောက် အဖုလေးများအကြောင်း Cherry Angioma

0
ဒီနေ့မှာတော့ ချယ်ရီသီးလေးတွေအကြောင်း ပြောပြချင်ပါတယ်။ စားစရာချယ်ရီသီးတော့ မဟုတ်ပေမယ့် ကျွန်တော်တို့အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ cherry angioma ဆိုတဲ့ အနီရောင် အစက်အပျောက်လိုလို အဖုလေးတွေလိုလိုအရာတွေအကြောင်းကို ပြောပြပေးမှာပါ။ Cherry angiomas ဆိုတာ အရေပြားပေါ်မှာ တွေ့ရလေ့ရှိတဲ့ အနီရောင်အဖုသေးသေးလေးတွေပါ။ ဒီအဖုလေးတွေဟာ အသက် ၃၀ ကျော်မှာ အရေပြားပေါ်မှာ...

နွေရာသီနှင့် မိတ်ဖုယားနာ

0
နွေရာသီနှင့် မိတ်ဖုယားနာ ☀️ နွေရောက်ပြီဆိုတော့ နွေနေပူပူနဲ့ အတူတွဲပြီး ကြုံရလေ့ရှိတာကတော့ မိတ်ပေါက်ခြင်းပါပဲ။ မိတ်က ဘာလို့ပေါက်ရတယ်။ ဘယ်သူတွေမှာ အဖြစ်များတယ်။ မိတ်ပေါက်တဲ့အခါ ဘယ်လိုကုသရမယ် စတာတွေကို လေ့လာဖတ်ရှုရင်း နွေရာသီမှာ အဖြစ်များလှတဲ့ မိတ်ယားနာကို အနိုင်ယူကြရအောင်နော်.... ... ... ☀️ မိတ်ဘာလို့ပေါက်ရသလဲ.... မိတ်ပေါက်တာဟာ အဖြစ်များလှတဲ့ အရေပြားယားနာတစ်ခုပါ။ မွေးကင်းစကလေးငယ်တွေ၊ ကလေးသူငယ်တွေနဲ့...

ဆောင်းတွင်းမှာ အဖြစ်များသော ခြေဆီလက်ဆီထွက်ခြင်း (February, 2024)

0
ဒီနေ့မှာတော့ အခုလို ဆောင်းတွင်းကာလမှာ အဖြစ်များတဲ့ ခြေဆီလက်ဆီ ထွက်တတ်တာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ခြေဆီလက်ဆီ ထွက်တတ်တာ (Oily palm) က စိုးရိမ်ရတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် လက်ဖဝါးတွေမှာ အဆီတွေထွက်နေတတ်တာကြောင့် အလုပ်လုပ်ရကိုင်ရတာ အဆင်မပြေတာတွေ၊ ကိုင်တွယ်‌လိုက်တဲ့ အရာဝတ္ထုပစ္စည်းတွေမှာ အဆီကွက်ကျန်ခဲ့တာတွေ၊ ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါမှာ...

အနာကြီးရောဂါအကြောင်း သိကောင်းစရာ Hansen’s Disease (Leprosy)

0
အနာကြီးရောဂါအကြောင်း သိကောင်းစရာ ✅ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ “ကမ္ဘာ့အနာကြီးရောဂါနေ့" ဖြစ်တဲ့အတွက် အနာကြီးရောဂါအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ အနာကြီးရောဂါ (Hansen’s disease) ကို လက်ပရိုစီ (Leprosy) လို့ ပိုပြီးအသိများကြပါတယ်။ Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ...

အသားယားခြင်းပြဿနာ (December,2023)

0
"အသားယားခြင်းပြဿနာ အဖြေရှာ" တယ်လီကျန်းမာမှာ ကျွန်မဆီကို လူနာတွေလာပြကြတဲ့အခါ အသားအ‌ရေ‌တွေယားယံလို့ လာပြကြတဲ့သူတွေ ခဏခဏတွေ့ပါတယ်။ ဒီနေ့မှာတော့ အဲဒီအကြောင်းကို ဆွေးနွေးပြောပြပေးသွားမှာပါ။ လူတွေဟာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အသား ယားယံခြင်းကို ကြုံဖူးကြပါလိမ့်မယ်။ အသားယားခြင်းဟာ ရေတိုဆိုရင် ပြဿနာသိပ်မရှိပေမယ့် ရေရှည်ဖြစ်နေတာမျိုးလည်း ရှိတတ်ပြီး တအားကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ ယားယံလို့ အိပ်မပျော်တာက‌နေ...

အဆီထုတ်တဲ့ခွဲစိတ်မှု Liposuction (December,2023)

0
ဘရာဇီးမှာနေထိုင်တဲ့ လူမှုကွန်ယက်မှာ ကျော်ကြားသူ (influencer) တစ်ဦးဟာ အဆီထုတ်တဲ့ခွဲစိတ်မှု (Liposuction procedure) လုပ်ပြီးတဲ့အခါ သေဆုံးသွားခဲ့ရတဲ့သတင်းကို ဖတ်မိဖူး၊ ကြားမိဖူးလိုက်ကြတဲ့သူတွေ ရှိမှာပါ။ ဒါကြောင့်မို့ Liposuction လို့ခေါ်တဲ့ အဆီထုတ်တဲ့ ခွဲစိတ်မှုမျိုးကို ပေါ့ပေါ့လေးတွေးပြီး မလုပ်မိဖို့နဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း သိရှိနိုင်ဖို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ... ... ကဲ......

ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)

0
သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း...

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)

0
အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက...

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)

0
ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ...

လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း Balanitis (September,2023)

0
Balanitis (လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း) Balanitis ဆိုတာ လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့သူတွေမှာ မကြာခဏဖြစ်တတ်တဲ့ လိင်တံထိပ်ပိုင်း (glans penis) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းကို Circumcision လို့ ခေါ်ပါတယ်။ Balanitis ဟာ များသောအားဖြင့် yeast လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်ပေမယ့်...

အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း Asian Flush (September,2023)

0
“အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း (Asian flush)” တချို့လူတွေက အရက်သောက်ပြီးရင် မျက်နှာတွေ နီရဲလာတတ်ပါတယ်။ ဒါဟာခန္ဓာကိုယ်က အရက်ကို ထိရောက်စွာ မ​ချေဖျက်နိုင်တာကြောင့် Acetaldehyde လို့ခေါ်တဲ့ ဓာတ်တွေ အလွန်အကျွံများလာတာကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အဆိပ်အတောက်ဖြစ်စေပြီး histamine ထွက်စေကာ နီမြန်းခြင်းနှင့် အခြားလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့လူတွေဟာ မျိုးရိုးဗီဇလက္ခဏာတွေကြောင့်...

ကြမ်းပိုး Bedbugs (September,2023)

0
Bedbugs ကို အနီးစပ်ဆုံး မြန်မာမှုပြုပြီးဘာသာပြန်ရင်တော့ ကြမ်းပိုးလို့လည်း ခေါ်ပါတယ်။ Bedbugs တွေက တစ်ခြားအင်းဆက်တွေလို ရောဂါပိုး သယ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း မလုပ်နိုင်ပေမယ့် အကိုက်ခံရရင်တော့ severe reaction တွေအထိ ရနိုင်ပါတယ်။ ???? Bedbugs တွေကို ဘယ်လိုနေရာတွေမှာ အများစုတွေ့ရတတ်လဲဆိုရင် အိပ်ရာခင်း၊ မွေ့ရာကြားတွေ၊...

ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု Anaphylaxis(August,2023)

0
ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု ( Anaphylaxis ) ပြင်းထန်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုတစ်ခုကို ဆေးပညာစကားအရ Anaphylaxis လို့ ခေါ်ပါတယ်။ မတည့်တဲ့အစားအစာ၊ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းနဲ့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပြီး၊ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ Asthma and Allergy Foundation of...

ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း Angioedema(August,2023)

0
"ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)" Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့...

ဆေးမတည့်မှု Drug Allergies(August,2023)

0
မတည့်တဲ့‌ဆေးရှိလား...ဆိုတဲ့မေးခွန်း ကျွန်မတို့ တယ်လီကျန်းမာဆေးခန်းမှာ လာပြနေတဲ့ မိဘပြည်သူတွေထဲ အသိမှားအမြင်မှားလေးတွေ တွေ့နေရလို့ ဒီပို့စ်လေးကို ရေးလိုက်ရပါတယ်။ အရင်ဦးဆုံးအနေနဲ့... ကျွန်မတို့ အွန်လိုင်းဆေးခန်းကို လာပြရင် မက်ဆင်ဂျာမှာ မေးခွန်းလေးတွေ အရင်ဖြေရတယ်မို့လား… အဲ့ထဲမှာ မတည့်သောဆေး ရှိ/မရှိ ဆိုတဲ့ မေးခွန်းလေး ပါနေတာ သတိထားမိကြမယ် ထင်ပါတယ်။ "မတည့်သော ဆေးမရှိပါ/မသိပါ" စသည်ဖြင့် ဖြေတဲ့ သူတွေ...

“ချွေးထွက်ခြင်းနှင့် ကျန်းမာရေး” Sweating and Health

0
“ချွေးထွက်ခြင်းနှင့် ကျန်းမာရေး” ချွေးငုပ်လို့ နေလို့ထိုင်လို့မကောင်းဘူး၊ ချွေးကလေးနည်းနည်းစို့နေမှ နေသာထိုင်သာရှိတယ်ဆိုတဲ့ အပြောမျိုးကို လူကြီးသူမတွေထံက မကြာမကြာကြားရတတ်ပါတယ်။ အဲဒီချွေးက လူ့ကျန်းမာရေးအတွက် တကယ်ပဲ အရေးကြီးပါသလား။ လူ့အရေပြားမှာ ချွေးထုတ်ပေးတဲ့ ဂလင်း (gland) ပေါင်း နှစ်သန်းကနေ လေးသန်းလောက်အထိ ရှိတယ်ဆိုပါတယ်။ အဲဒီဂလင်းတွေထဲမှာ ရိုးရိုးချွေးကိုထုတ်ပေးတဲ့ eccrine နဲ့ ဇောချွေး...

လက်ဆစ်များ ညိုမည်းနေခြင်း Dark Knuckles

0
“လက်ဆစ်များ ညိုမည်းနေခြင်း (Dark knuckles)” လက်ဆစ်တွေ ညိုမည်းရခြင်းဟာ အဓိကအားဖြင့် မယ်လနင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် ဖြစ်ရပါတယ်။ Melanin ဆိုတာ အရေပြားကို အရောင်ပေးစွမ်းနိုင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး အရေပြားတစ်ဝိုက်မှာ အမည်းကွက်များ ဖြစ်စေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ ရောဂါလက္ခဏာတွေဟာ မစိုးရိမ်ရဘဲ အခြားရောဂါအခံရှိဖို့ အခွင့်အလမ်းကလည်း နည်းပါးပါတယ်။ လူအများစုမှာ ဒီလိုလက်ဆစ်တွေ...

လက်သည်းခြေသည်း မှိုစွဲခြင်း Nail Fungus

0
အခုလို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်အခါမှာ ကိုယ့်ရဲ့ခြေသည်းလက်သည်းလေးတွေကလည်း သန့်ရှင်းပြီးလှပနေဖို့ အရေးကြီးတာပေါ့... ဒါကြောင့် မိမိရဲ့ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းနေ‌အောင် အမြဲဂရုစိုက်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ လက်သည်းခြေသည်း မှိုစွဲတာနဲ့ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ လက်သည်းခြေသည်း မှိုစွဲတာက အဖြစ်များတဲ့ ရောဂါပြဿနာတစ်ခု ဖြစ်ပါတယ်။ မှိုစွဲတဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဝါလာတာ၊...

နှင်းခူ Atopic Eczema

0
Atopic dermatitis လို့ခေါ်တဲ့ နှင်းခူကတော့ နီရဲ၊ ‌ရောင်ရမ်းပြီး အရေပြားယားယံတဲ့ ရောဂါဖြစ်ပါတယ်။ Atopy ဆိုတာကတော့ အရေပြားမှာဖြစ်တတ်တဲ့ ဓာတ်မတည့်တဲ့ရောဂါကို ဆိုလိုတာဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ပန်းနာရင်ကြပ်၊ အရေပြားနဲ့ဓာတ်မတည့်တဲ့ရောဂါတွေ ပါဝင်ပါတယ်။ နှင်းခူက အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်...

မျက်နှာပေါ်က အမည်းစက်အကြောင်း

0
1️⃣ မျက်နှာပေါ်က အမည်းစက်က ဘာလဲ ❓ အမည်းစက်ဆိုတာ နေရောင်ခြည်နဲ့ အသားအရေ အထိများတဲ့အချိန်မှာ... မျက်နှာပေါ် ခပ်သေးသေး အမည်းရောင်အစက်လေးတွေ ပေါ်လာတတ်တာပါ။ အထူးသဖြင့် ပူပြင်းတဲ့နွေရာသီမှာ အဖြစ်များတတ်ပါတယ်။ အမည်းစက်က လူအများစုမှာ ဖြစ်လေ့ရှိပါတယ်။ .. .. 2️⃣ အမည်းစက် ဘယ်လိုပေါ်လာတာလဲ ❓ ခန္ဓာကိုယ်ရဲ့ အရေပြားမှာရှိတဲ့ melanin ဆိုတာ အမည်းရောင်ဖြစ်ပေါ်စေတဲ့ pigment...

မိတ်ပေါက်ခြင်း Heat Rash

0
အခုလို အပူချိန်လွန်ကဲတဲ့ နွေရာသီမှာ ကလေးကအစ သက်ကြီးရွယ်အိုတွေအထိ အပူချိန်နဲ့ပတ်သက်တဲ့ ကျန်းမားရေးပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ လျှပ်စစ်မီးတွေက မမှန်ရတဲ့ကြားထဲ ကျန်းမာရေးပြဿနာတွေကပါ ဆင့်ကဲပိုမိုခံစားရတဲ့အချိန် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ကြဖို့ အထူးလိုအပ်ပါတယ်။ အပူချိန်လွန်ကဲတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲကမှ နွေရာသီနဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ မိတ်ရောဂါအကြောင်းကို ပြောပြသွားပါမယ်။ နွေရာသီနဲ့...

“Milia လို့ခေါ်တဲ့ အဆီဖုလေးများ” (May 2023)

0
“Milia လို့ခေါ်တဲ့ အဆီဖုလေးများ” မျက်နှာမှာဖြစ်လေ့ရှိတဲ့ အဖြူရောင်အဖုသေးသေးလေးတွေကို Milia လို့ခေါ်ကြပါတယ်။ အများစုက ဒီအဖုလေးတွေအကြောင်း သိပ်မသိကြသလို အန္တရာယ်လည်းမရှိတာကြောင့် ထွေထွေထူးထူးကုသဖို့လည်း မလိုပါဘူး။ .. Milia ဆိုတာ ဘာလဲ ? Milia ဆိုတာ အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ သေးငယ်တဲ့ အဖြူရောင်အဖုအပိန့် (ဝက်ခြံ/အရည်ကြည်) တွေပဲ ဖြစ်ပါတယ်။ Milia...

“ဂရုပြုစရာ မှဲ့ကင်ဆာ (Melanoma)”

0
“ဂရုပြုစရာ မှဲ့ကင်ဆာ (Melanoma)” မှဲ့ကင်ဆာဆိုတာ အင်မတန်အန္တရာယ်များလှတဲ့ အရေပြားကင်ဆာတစ်မျိုးပါ။ မှဲ့ကင်ဆာဟာ မှဲ့တစ်မျိုးတည်းကနေ ဖြစ်ပေါ်လာတာမဟုတ်ဘဲ အများစုဟာ ပုံမှန်အရေပြားကနေ ဖြစ်ပွားတတ်တယ်လို့လည်း ဆိုပါတယ်။ မှဲ့ကင်ဆာ ဆိုတာ… ကျွန်တော်တို့ ခန္ဓာကိုယ်အရေပြားဆဲလ်တွေမှာ အရေပြားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanocyte လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အမြောက်အများရှိပါတယ်။ ဒီ ရောင်ခြယ်ထုတ်လုပ်ဖန်တီးပေးတဲ့ Melanocyte ဆဲလ်ကလေးတွေ ​ပုံစံပြောင်းလဲဖောက်ပြန်ရာကနေ...

“ ကင်းကိုက်ခြင်း” “ Centipedes and Scorpion Bite” (May 2023)

0
"ကင်းကိုက်ခြင်း" မိုးတွေရွာ၊ လေမုန်တိုင်း‌တွေတိုက်ပြီး လူတွေ ဘေးလွတ်ရာရှောင်သလို တိရစ္ဆာန်တွေကလည်း ဘေးလွတ်ရာ ရှောင်ရှားကြရတော့ လူနေအိမ်‌ခြံတွေ၊ အပျက်အစီးအပုံတွေထဲမှာ မြွေ၊ ကင်းတွေနဲ့ တိုးမိလို့ အန္တရာယ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကြောင့် ကင်းကိုက်ခံရရင် ဘယ်လိုတွေ လုပ်ဆောင်ရမယ်ဆိုတာ ပညာပေးဆောင်းပါးလေး ရေးသားလိုက်ပါတယ်။ .. .. ကင်းခြေများ (Centipede) ကင်းခြေများဟာ အဆိပ်ရှိတဲ့ အသားစားသတ္တဝါပါ။ သားကောင်ဖြစ်တဲ့...

ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း “ Dehydration” (May 2023)

0
ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း (Dehydration) Dehydration ဆိုတာ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အရည်ပမာဏထက် ဆုံးရှုံးသွားတဲ့/အသုံးချလိုက်တဲ့ အရည်ပမာဏက ပိုများနေပြီး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေနဲ့ တခြားအရည်တွေ လုံလုံလောက်လောက် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ . ဘယ်ချိန်မှာ ရေဓာတ်ခန်းခြောက်နိုင်လဲ ? ဆုံးရှုံးသွားတဲ့အရည်ကို အချိန်မီအစားမထိုးရင် ရေဓာတ်ခန်းခြောက်ခြင်း (dehydration)...

နေပူကြီးထဲ အလုပ်လုပ်နေသူများအတွက် “ Working in the Heat: Do’s and Don’ts” ...

0
ဒီကာလ နေပူကြီးထဲ အလုပ်လုပ်နေသူများသို့...  ရာသီဥတုနွေအပူရော၊ ရင်ထဲကအပူရော အပူတွေစုနေတဲ့ ဒီခေတ်ကာလကြီးထဲ ၀မ်းရေးအတွက် မဖြစ်မနေ နွေနေပူအောက်မှာ အလုပ်လုပ်နေကြရတဲ့သူတွေ (ပစ္စည်းပို့သူ၊ တက္ကစီသမား၊ ကာယလုပ်သား) ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အရက်သောက်သူတွေ၊ စစ်ဘေးရှောင်တွေအဖို့ အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခဖြစ်တတ်ပါတယ်။  အခုချိန်က မီးပါမမှန်တော့ အပြင်နေရောင်အောက်တင်မက...

တင်းတိပ်ပြဿနာ “ Melasma” (April 2023)

0
" တင်းတိပ်ပြဿနာ " တင်းတိပ်ဆိုတာ ဘာလဲ ? တင်းတိပ်ဆိုတာ အရေပြားမှာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Melanin တွေစုပြီး အမဲကွက်/ အညိုကွက်အနေနဲ့ အကွက်ခပ်ကြီးကြီး ပေါ်လာတာဖြစ်ပြီး များသောအားဖြင့် ပါးပြင်၊ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းအပေါ် ၊ မေးစေ့၊ လည်ပင်း၊ လက်မောင်းနဲ့ ကျောပြင်တွေမှာ...

” မှဲ့ကပြောသော သင့်အကြောင်း ” ( March, 2023)

0
" မှဲ့ကပြောသော သင့်အကြောင်း " မှဲ့ကပြောတဲ့ ကိုယ့်အကြောင်းဆိုတော့ ရုတ်တရက်ကြည့်ရင် တယ်လီကျန်းမာက ဗေဒင်များ ‌ဟောနေပြီလားပေါ့။ မဟုတ်ပါဘူးနော်။ လူတိုင်း သူသူငါငါ ပေါက်တတ်ကြတဲ့ မှဲ့တွေအကြောင်း ပြောပြမလို့ပါ။ မှဲ့ဆိုတာမျိုးကတော့ ကိုယ်တွေနဲ့ မစိမ်းကားတဲ့ အရာလေးတစ်ခုပေါ့။ နိုင်ငံ၊ လူမျိုးတွေ၊ ရေမြေတွေ ဘယ်လောက်ပဲ မတူပါစေ မှဲ့ကတော့...

“ စစ်ရှောင်စခန်းများအတွက် ရေနှင့်သန့်ရှင်းရေးအကြောင်း သိကောင်းစရာ” (Video) (March 2023)

0
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသအသီးသီးက လူပေါင်းများစွာဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ ရေနဲ့သန့်ရှင်းမှု ချို့တဲ့လို့ ဖြစ်ကြရတဲ့ ကြောက်စရာကျန်းမာရေးပြဿနာတွေနဲ့ အဲဒီပြဿနာတွေကို ကျော်လွှားနိုင်တဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေကို ဒေါက်တာဆုတောင်းပြည့်က ရှင်းလင်းလွယ်ကူစွာ မျှဝေပေးထားပါတယ်။ Ministry of Health, National...

“ မွှေးကျွတ်နာ (Folliculitis)”   (March,2023)

0
"မွှေးကျွတ်နာ ( Folliculitis)"  အခုလို အလှအပကို အလေးထားလာကြတဲ့ခေတ်ကြီးမှာ အမွှေးကင်းရှင်းပြီး ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့ အမျိုးမျိုး ကြိုးစားလာကြပါတယ်။ ဒါကြောင့် အမွှေးအမျှင်ရှိတာ မကြိုက်တဲ့သူတွေအတွက် အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းတွေဖြစ်တဲ့ shaving တို့၊ waxing တို့ကလည်း နေရာတိုင်းလိုလိုမှာ ခေတ်စားလာကြပါတယ်။ ဒါပေမယ့် သေချာစနစ်တကျ...

Tinea pedis “ ခြေထောက်မှိုစွဲခြင်း (သို့) ခြေထောက်ရေဝဲစား/သဲဝဲစားခြင်း ” (February, 2023)

0
" ခြေထောက်မှိုစွဲခြင်း (သို့) ခြေထောက်ရေဝဲစား/သဲဝဲစားခြင်း " မှိုဆိုတဲ့အမျိုးက နာမည်လေးတစ်လုံးသာရှိပေမယ့် လူကိုတော့ တော်တော်လေး ဒုက္ခပေးတတ်တာမျိုးပါ။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ သူ့သဘောနဲ့သူ စွဲတတ် (ပေါက်ဖွားတတ်) သလို မှိုစွဲရင်လည်း ပုံပျက်ပန်းပျက်နဲ့ ရုပ်ဆိုးသွားတတ်ပါသေးတယ်။ ဒီနေ့မှာတော့ အခုလို ရုပ်ဆိုးအလှပျက်စေတဲ့ မှိုစွဲရောဂါတွေထဲက Tinea pedis လို့ခေါ်တဲ့...

အရေပြားကင်ဆာ (Skin Cancer)

0
အရေပြားကင်ဆာ (Skin Cancer) အရေပြားကင်ဆာဖြစ်စေသော အကြောင်းရင်းတွေကတော့ …. အဓိက အကြောင်းရင်းကတော့ နေရောင်ခြည်မှာရှိတဲ့ အရေပြားကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့လို့ ဖြစ်တာပါ။ ဓါတ်ရောင်ခြည်ကုထုံးတွေကြောင့်နဲ့ အမာရွတ်တွေကနေလည်း အရေပြားကင်ဆာဖြစ်လာနိုင်ပါတယ်။ အချို့သော ဓာတုပစ္စည်းတွေ (ဥပမာ- arsenic၊ polycyclic hydrocarbon) တွေကြောင့်လည်း အရေပြားကင်ဆာ...

နေပူလောင်ခြင်း Sunburn (February, 2023)

0
နေပူလောင်ခြင်း ( Sunburn) Sunburn ဆိုတာဟာ နေရောင်ခြည်ထဲမှာရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ လွန်ကဲစွာထိတွေ့တာကြောင့် (ဒါမှမဟုတ်) sunlamp လို့ခေါ် တဲ့ ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်တဲ့ မီးအိမ်ကြောင့် ဖြစ်လာတဲ့ အရေပြား​ရောင်ရမ်းခြင်း (သို့) နီမြန်းခြင်း ကိုခေါ်ဆိုပါတယ်။ Sunburnဟာ အသားညိုသူတွေထက် အသားဖြူတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရပါတယ်။ အခုလို နွေရာသီရောက်ချိန်မှာ နေရောင်ခြည်ထဲ...

အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း Foreskin hygiene and Circumcision (February, 2023)

0
အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း (Foreskin hygiene and Circumcision) အမျိုးသားတွေမှာ လိင်အင်္ဂါသန့်ရှင်းမှု အားနည်းတဲ့အခါ အနံ့ဆိုးထွက်တာ၊ လိင်တံနာကျင်တာ၊ ယားယံပြီး နေရခက်တာ၊ ရောဂါပိုးဝင်တာတွေအပြင် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေများလှပါတယ်။ ဒါ့အပြင် လိင်အင်္ဂါသန့်ရှင်းမှု အားနည်းခြင်းဟာ လိင်တံကင်ဆာ (Penile Cancer) ဖြစ်ပွားနိုင်ခြေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုတေသနစာတမ်းတွေက...

ခြေနံ့ဆိုးခြင်း Smelly feet: Bromodosis (January, 2023)

0
ခြေနံ့ဆိုးခြင်း (Smelly feet Bromodosis) ခြေထောက်အနံ့ဆိုးထွက်တာဟာ လူတော်တော်များများ ကြုံဖူးကြပါတယ်။ စိုစွတ်တဲ့မိုးရာသီနဲ့ ဆောင်းရာသီတို့မှာ အဖြစ်များတဲ့ ခြေနံ့ဆိုးတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျစေပြီး စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။.  ဘယ်အခါမှာ ခြေထောက်အနံ့ဆိုးတာ ပိုဖြစ်တတ်သလဲ ? ခြေဆီထွက်တယ်လို့ လူတွေအသိများကြပေမယ့် ခြေနံ့ဆိုးတာရဲ့ တရားခံအကြောင်းရင်းကတော့ ခြေထောက်ကထွက်တဲ့ ချွေးနဲ့အတူ ဘတ်တီးရီးယားပိုးမွှားတွေ ပွားများလာလို့ပဲဖြစ်ပါတယ်။ ဘတ်တီးရီးယားပိုးတွေက ချွေးကို...

ဝက်ခြံ (Acne)

0
ဝက်ခြံပေါက်တာဟာ ဟော်မုန်းအပြောင်းအလဲစဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များပါတယ်။ လူပျို၊ အပျိုဖော်ဝင်ချိန်မှာ ကျားဟော်မုန်း (Androgen) များလာတာနဲ့ ဆက်စပ်ပါတယ်။ ယောက်ျားလေးတွေမှာ အသက် (၁၃) နှစ်ကနေ (၁၈) နှစ်အတွင်းအရွယ်မှာ ဝက်ခြံစထွက်တတ်ပြီး အသက် (၁၈-၁၉) နှစ် အရွယ်လေးတွေမှာ ပိုပေါက်တတ်ပါတယ်။ မိန်းကလေးတွေမှာတော့ အသက် (၁၄)...

အမျိုးသမီးလစဥ်သုံးပစ္စည်းနှင့် အရေပြားရောင်ရမ်းခြင်း

0
" အမျိုးသမီးလစဉ်သုံးပစ္စည်း(pad)ကြောင့် အရေပြားရောင်ရမ်းခြင်း " ????‍♀️ ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာတွေ၊ ဟော်မုန်းအတက်အကျအလိုက် စိတ်ခံစားချက်အပြောင်းအလဲတွေ ခံစားရလေ့ရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေမှာတော့ လစဉ်သုံးပစ္စည်း (pad)နဲ့ ဓာတ်မတည့်ခြင်း၊ အရေပြားပွန်းခြင်းတို့ကြောင့် ပိုပြီးစိတ်ရှုပ်ရပြန်ပါတယ်။ . . ???? Pad rash ဆိုတာ ? လစဉ်သုံးပစ္စည်း (pad)သုံးစွဲရာမှ မိန်းမကိုယ်တစ်ဝိုက် အရေပြားရောင်ရမ်းလာခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်...

နေ့စဉ်ဘဝထဲက ယားယံမှုများ (သို့မတုတ်) အင်ပျဉ်ထခြင်း (Video)

0
ဒီနေ့မှာတော့ အင်ပျဉ်ထခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့၊ အင်ပျဉ်ထခြင်းဆိုတာ ဘာလဲ၊ ဘယ်သူတွေက အင်ပျဉ်ထလေ့ရှိသလဲ၊ အင်ပျဉ်ထတတ်တဲ့သူတွေ သတိထားရမယ့်အချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဒေါက်တာပန်ပန်က ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. https://www.youtube.com/watch?v=fHnuouehMcc

” ခြေသည်းလက်သည်းမှိုစွဲခြင်း “

0
" ခြေသည်းလက်သည်းမှိုစွဲခြင်း " ခြေသည်းလက်သည်းမှိုစွဲတာဟာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဘက်တီးရီးယားနဲ့အတူ မှိုကလည်းလူ့ခန္ဓာကိုယ်တိုင်းမှာ ကပ်တွယ်ပါရှိနေပြီး ပုံမှန်အတိုင်းဆိုရင်တော့ အန္တရာယ်မပေးပါဘူး။ ဒါပေမယ့် တစ်နေရာတည်းမှာ အများကြီးစုလာရင်တော့ ဒုက္ခပေးပါတော့တယ်။ လက်သည်းခြေသည်းမှာ မှိုစွဲတာကို ဆေးပညာအရတော့ ‘Onychomycosis'လို့ ခေါ်ပါတယ်။ ဘာလို့ မှိုစွဲရတာလဲ? မှိုက လက်သည်းခြေသည်းရဲ့အထဲ ၊ အောက် (သို့) အပေါ်မှာ စုပုံလာလို့ပါ။...

အဆီကျိတ် ( Fatty Tumour / Lipoma)

0
အဆီကျိတ် ( Fatty Tumour / Lipoma) အဆီကျိတ်ဆိုတာ.... အဆီကျိတ်ဆိုတာ အဆီဆဲလ်တွေ စုပုံပြီး ဖြစ်လာတဲ့ အဖု (သို့မဟုတ်) အကျိတ် ဖြစ်ပါတယ်။ အဆီကျိတ်လေးတွေဟာ အရေပြားအောက် အဆီဆဲလ်အများအပြားရှိတဲ့ တစ်သျူးမှာ အဖြစ်များပေမယ့် အန္တရာယ်တော့ မပြုတတ်ကြပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကြီးလာတာမျိုးတော့ရှိတတ်ပါတယ်။ Forever...

Fordyce Spots အကြောင်းသိကောင်းစရာ (December, 2022)

0
" ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်တဲ့ Fordyce spots (or) Fordyce granules " Fordyce spots ဆိုတာ အမွှေးအမျှင်မရှိတဲ့ အရေပြားနေရာက အဆီဂလင်းလေးတွေ ကြီးလာပြီး အဖြူရောင် (သို့) အဝါရောင်အစက်အပြောက်အဖုလေးတွေ ပေါ်လာခြင်းဖြစ်ပါတယ်။ ပျိုဖော်ဝင်ချိန်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတတ်ပြီး နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့...

Dry Skin “ ဆောင်းတွင်းအသားပတ်ခြင်း” (December, 2022)

0
"ဆောင်းတွင်းအသားပတ်ခြင်း" ဆောင်းတွင်းရောက်လာပြီဆိုတော့ ဆောင်းတွင်းအသားပတ်ခြင်း/ အသားခြောက်ခြင်းအကြောင်း ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ လေထုစိုထိုင်းဆနည်းတာကြောင့်ရော အေးတာရောကြောင့် အသားခြောက်ရပါတယ်။ ဆောင်းတွင်းမှာ ဘယ်လိုတွေကြောင့် အသားခြောက်ရသလဲ? အရေပြားရဲ့အပြင်ဘက်ဆုံးအလွှာဟာ အဆီနဲ့ ဆဲလ်သေတွေနဲ့ဖွဲ့စည်းထားပြီး အရေပြားအကာအကွယ် (skin barrier) အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ skin barrier ပျက်စီးထိခိုက်တဲ့အခါ အရေပြားခြောက်ခြင်းနဲ့ ယားနာစတာတွေ...

Impetigo “ အနာစက်လေး မကူးရလေအောင်” ( November, 2022)

0
အနာစက်လေး မကူးရလေအောင် (Impetigo) တယ်လီကျန်းမာကနေ အရေပြားရောဂါတွေအကြောင်း တင်ဆက်လာတာ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည် စသည် အများအပြားပါပဲ... တင်လိုက်တိုင်းလည်း တယ်လီကျန်းမာပရိတ်သတ်က အားပေးကြမ်းလှတယ်။ အောက်မှာ ဘယ်အရေပြားရောဂါအကြောင်းလေး တင်ပေးပါဦးဆိုပြီး ထပ်တောင်းဆိုကြတယ်  ဒီနေ့မှာတော့ အနာစက် အကြောင်းတင်ဆက်လိုက်ပါတယ် အနာစက်ဆိုတဲ့ အနာကွက်ကလေးတွေ အနာစက် ခေါ်တဲ့ အနာလေးတွေဟာ...

Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ(November, 2022)

0
" Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ " ရတာမလို လိုတာမရတဲ့.... အမွေးအမျှင်ထူတဲ့ အမျိုးသားတွေက အမွေးထူတာမကြိုက်ကြဘူး... ဟော... အမွေးအမျှင်သိပ်မရှိလှတဲ့အမျိုးသားတွေကျပြန်တော့လည်း ပသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ချင်လွန်းလို့ ဆေးလိမ်းဆေးသောက်လုပ်လိုက်ကြရတာ... ဒီလိုဆိုပေမယ့် အမျိုးသမီးထုထဲမယ်တော့ မလိုအပ်တဲ့နေရာတွေမှာ အမွေးအမျှင် ထူထဲတာကို နှစ်သက် မယ့်သူမရှိလောက်ဘူး ထင်တယ်နော်.... Hirsutism ဆိုတာ အမွေးအမျှင်ထူတာကို...

Burn (အပူလောင်ခြင်း) (November, 2022)

0
အပူလောင်ခြင်း (November,2022) အပူလောင်ခြင်း(Burn)ဆိုသည်မှာအပူကြောင့်အရေပြားထိခိုက်ဒဏ်ရာရခြင်းဟုနားလည်ကြပါသည်။ မီးအပူတစ်ခုတည်းကပဲ အပူလောင်ခြင်းကိုဖြစ်စေသည်မဟုတ်ပါ။ ထို့ကြောင့်အပူလောင်ခြင်းစေနိုင်သော အကြောင်းများနှင့် ရှောင်ကြဥ်လိုက်နာရမည်များကို ဗဟုသုတဖော်ပြလိုက်ရပါသည်။ အပူလောင်ခြင်းအမျိုးအစားများ ၁။ အပူလောင်ခြင်း (Thermal burn) (က) မီးလောင်ခြင်း(flame)၊ မီးပူကပ်ခြင်း၊ မီးလောင်ထားသော သတ္တုများ (ဥပမာ-သံ)တို့ (hot metal) နှင့်ထိမိ၍ အရေပြားလောင်ကျွမ်းဒဏ်ရာရခြင်း (ခ) ရေနွေးပူ၊ဆီပူစသဖြင့် အရည်ပူလောင်ခြင်း (Scald) (ဂ) ရေနွေးငွေ့ (steam)ဖြင့်...

Ganglion (ခပ်မာမာ အလုံးလေး)(September, 2022)

0
Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ? လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ◼️ ရောဂါလက္ခဏာတွေက ? Ganglion လုံးဟာ...

Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ( August, 2022 )

0
Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ◼️ ဘာကြောင့် အရေပြားကင်ဆာဖြစ်ရလဲ ?အဓိကကတော့ နေ‌ရောင်ပြင်းပြင်းနဲ့ အချိန်ကြာကြာ အထိအတွေ့များခြင်းကြောင့် အရေပြားအတွင်းပိုင်းကဆဲလ်တွေ ပျက်စီး‌ပြောင်းလဲလာတာပါပဲ။ ပြောင်းလဲရာကနေ ကင်ဆာ အလုံးအကျိတ်တည်ပြီး အဲ့သည်ကနေ အနာဖြစ်လာတယ်။ အဲ့သည့်နောက် အနာတဖြည်းဖြည်းကြီးလာပြီး ကင်ဆာဆဲလ်ပြန့်သမျှ နေရာတိုင်းမှာ တစ်ရှူးတွေ ပျက်ဆီးကုန်ပါတယ်။...

ထိပ်ပြောင်ခြင်း Male Pattern Baldness (August, 2022)

0
ထိပ်ပြောင်တာ ရှက်စရာလား (Male Pattern Baldness) "အမျိုးသားတို့ ထိပ်ပြောင်တာ ရှက်စရာမဟုတ်၊ ထိပ်ပြောင်တာ သဘာဝဖြစ်စဉ်တစ်ခုပါ" ဆံပင်ဟာ ဒုတိယမျက်နှာလို့ ဆိုကြတော့ ဆံပင်ကျွတ် ထိပ်ကွက် ထိပ်ပြောင်ဖြစ်မှာကို စိုးရိမ်တတ်ကြတာကလည်း သဘာဝပါပဲ။ အမျိုးသားတို့ ထိပ်ကွက်ထိပ်​ပြောင်ဖြစ်စေရတဲ့ အကြောင်းတရားတွေနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ​ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ.... ထိပ်ပြောင်ရခြင်း အကြောင်းတရားများ ✅ မျိုးရိုးလိုက်ခြင်း...

အသားထူအရေပြားရောဂါ Psoriasis ( August, 2022 )

0
အသားထူအရေပြားရောဂါ ( Psoriasis ) ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပါပဲ။ ရောဂါတွေထဲကမှ အရေပြားရောဂါဖြစ်ရင်တော့ confidence မရှိ ၊ စိတ်က ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရေပြားအသားအရေဟာ လူတွေမြင်နေနိုင်တဲ့အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ အရေပြားရောဂါတွေထဲကတွေထဲက...

အင်ပျဉ်ထခြင်း Urticaria ( August, 2022 )

0
အင်ပျဉ်ထခြင်း ( Urticaria ) အင်ပျဉ်ထခြင်းဟာ လူတိုင်း အသက်အရွယ် အချိန်အခါမရွေး ကြုံတွေ့ရတတ်တဲ့ ဓာတ်မတည့် ယားနာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာ အနီအပိမ့်တွေ အပျဉ်လိုက်ထပြီး ယားယံတတ်တာမို့ စိတ်ကိုပါ အတော်လေး ကသိကအောက် ဒုက္ခပေးတတ်ပါတယ်။ အင်ပျဉ်ကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ ခြေဖဝါး လက်ဖဝါးပါမကျန် ပေါ်တတ်ပြီး...

အရေပြားလေးဘက်နာ Systemic Lupus Erythematosus (SLE)( July, 2022 )

0
SLE (သို့) အရေပြားလေးဘက်နာ အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်‌တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune...

ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 )

0
ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 ) ကိုယ့်ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံး တစ်ခုခုစမ်းမိရင် လူတွေက တခဏတော့ တွေဝေကြောက်စိတ်ဝင်မိမှာပါပဲ။အလုံးအကျိတ်အားလုံးကလည်းကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် အမြဲစိတ်ပူဖို့ မလိုပါဘူး။ အလုံးအကျိတ်တစ်လုံးတွေ့ရင် အမြဲစိုးရိမ်ရလား? ခန္ဓာကိုယ် အပေါ်ယံ အရေပြားကနေ စမ်းလို့မိတဲ့ အလုံး အကျိတ်အများစုက စိုးရိမ်စရာမလိုပါဘူး။ ဘယ်အခါ စိတ်မပူရဘူးလဲ?- ကိုင်ကြည့်ရင်ပျော့တယ်-...

လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ Genital Wart/ Anal Wart( June, 2022 )

0
လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ (Genital Wart/ Anal Wart) လိင်အင်္ဂါကြွက်နို့ဟာ Human papillomavirus (HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါ တစ်ခုဖြစ်ပြီး အဖြစ်များတဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ❓လိင်အင်္ဂါကြွက်နို့ ဘာလို့ဖြစ်တာလဲ? ????Human Papillomavirus (HPV ဗိုင်းရပ်စ်) အမျိုးကွဲပေါင်း ရာနဲ့ချီ ရှိတဲ့အနက်...

ဆံပင်ကျွတ်ခြင်းအကြောင်း Hair Loss or Alopecia( June, 2022 )

0
"ဆံပင်ကျွတ်ခြင်းအကြောင်း ပြောပြမယ် ၊ ခင်ပျိုမေတို့နားထောင်ကွယ်" "ဆံပင်တွေ အရမ်းကျွတ်တာပဲ" ဆိုပြီး ခင်ပျိုမေတော်တော်များများ ညည်းညူဖူးကြမှာပါ။ ဒါဆို ဘာကြောင့် ဆံပင်ကျွတ်ရတယ်၊ ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာတွေကို ဗဟုသုတအလို့ငှာ မျှဝေပေးသွားမယ်နော်။ ခင်ပျိုမေတို့ရဲ့ဆံပင်တွေဟာ သဘာဝအရ ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက်...စတဲ့သဘောတရားရှိတာကိုတော့ ဦးစွာနားလည်ထားရပါမယ်။ တစ်ရက်ကို ဆံချည်မျှင်(၅၀)ကနေ (၁၀၀)အထိဟာ ပုံမှန်ကျွတ်လေ့ရှိပြီး ဆံချည်တစ်မျှင်တိုင်းဟာ ၃...

ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ Molluscum Contagiosum ( June,2022 )

0
ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ ငါးမျက်စိဆိုတာ အဖြစ်များပြီး ကူးစက်တတ်တဲ့ အရေပြားအဖုအလုံးကလေးတွေပါ။ ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်နိုင်တဲ့ ဒီ ငါးမျက်စိလေးတွေအကြောင်း သိကောင်းစရာ ဗဟုသုတတွေကို ဆက်လက် ဖတ်ရှု လိုက်ရအောင်။ ❓ငါးမျက်စိဘာလို့ဖြစ်? ????ငါးမျက်စိ (Molluscum Contagiosum) ဟာ Poxvirus လို့ခေါ်ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးလေးတွေဟာ အရေပြား ထိခိုက်/...

ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ Vitiligo ( June, 2022 )

0
“ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ (Vitiligo)” ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့ အရေပြားရောဂါတစ်ခုပါ။ အမြင်အားဖြင့် ခန္ဓာကိုယ် အရေပြားပေါ်မှာ အဖြူအကွက်တွေ ဖြစ်ပေါ်လာတယ်ထင်ရပေမယ့် အမှန်က ဒီအကွက်လိုက် အကွက်လိုက် ဖြူနေတဲ့ အဆိုပါ ခရုသင်းကွက်နေရာလေးတွေဟာ ပုံမှန်ရှိရမယ့် အသားအရောင် ရောင်ခြယ် ဆုံးရှုံးနေတဲ့...

နှင်းခူ အကြောင်းသိကောင်းစရာ Eczema/ Atopic Dermatitis( June, 2022 )

0
“နှင်းခူ အကြောင်းသိကောင်းစရာ (Eczema/ Atopic Dermatitis)” နှင်းခူဆိုတာ အရေပြားနီရဲယားယံရောင်ရမ်းတဲ့ အခြေအနေတစ်ခုပါ။ ကလေးငယ်တွေသာမက အရွယ်ရောက်ပြီးသူတွေပါမကျန် အဖြစ်များလှတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ❓နှင်းခူဘာလို့ဖြစ်ရတာပါလဲ? ????အရေပြားဓာတ်မတည့်မှုဖြစ်လို့ အရေပြားရောင်ရမ်းရတာဖြစ်ပါတယ်။ သဲ၊ ဖုန်မှုန့်၊ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ အစွန်းချွတ်ပစ္စည်းတွေ၊ တိရစ္ဆာန်အမွှေးတွေနဲ့ထိတွေ့မိတာ၊ အရေပြားကို ကြမ်းရှပွတ်တိုက်မှုဖြစ်စေတဲ့ အဝတ်အစားတွေဝတ်တာက အရေပြားရောင်ရမ်းတာကို ပိုမိုဆိုးရွားစေပါတယ်။ ????နှင်းခူဟာ...

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

0
ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

မျောက်ကျောက်ရောဂါ Update on Monkeypox Virus Infection (May,2022)

0
???? မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၃၀-၅-၂၀၂၂) ???? မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ...

‘ညှင်း’ အကြောင်းသိကောင်းစရာ PITYRIASIS VERSICOLOR (TINEA VERSICOLOR) ( May, 2022 )

0
'ညှင်း' အကြောင်းသိကောင်းစရာPITYRIASIS VERSICOLOR (TINEA VERSICOLOR) 'ညှင်း' ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ မြင်ဖူးလို့ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်ဖူးလို့ပဲဖြစ်စေ အရေပြားပေါ်မှာ ဖြူဖျော့တဲ့ အဖြူကွက်၊ အဖြူစက် သေးသေးကြီးကြီး မြင်ရရင်ကို 'ညှင်း' ဖြစ်မယ်လို့ အကြမ်းအားဖြင့် သိနေ၊ ရင်းနှီးနေတော့ 'ညှင်း' ဘာကြောင့်ဖြစ်ရတယ်၊...

ကူးစက်လွယ် ‘ဝဲ’ ရောဂါ Scabies ( May, 2022 )

0
ကူးစက်လွယ် 'ဝဲ' ရောဂါ ( Scabies ) 'ဝဲ' ဆိုတာ ကျွန်တော်တို့အားလုံးကြားဖူးတဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ ကုတ်ရဖဲ့ရ အလှုပ်ရှုပ်လှတဲ့ 'ဝဲ' အရေပြားရောဂါအကြောင်း သိကောင်းစရာတွေ၊ ကိုယ်တိုင်နဲ့ မိမိချစ်ရသူတွေမှာ ဖြစ်ပွားလာခဲ့ရင် ဘယ်လိုကုသရမလဲ နဲ့ 'ဝဲ' မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ် ❓ဝဲ...

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )

0
ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer ) ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်‌လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို...

သိကောင်းစရာ ‘ပွေး’ ယားနာ DERMATOPHYTOSIS (TINEA/RINGWORM) ( May, 2022 )

0
သိကောင်းစရာ 'ပွေး' ယားနာ ပွေးဟာ ဦးရေပြား၊ ကိုယ်အရေပြားအနှံ့ နဲ့ လက်သည်းခြေသည်းတွေမှာဖြစ်ပွားတဲ့ အရေပြားယားနာတစ်မျိုးပါ။ အရေပြားပေါ်က ဝိုင်းဝိုင်းစက်စက် ပွေးကွက်လေးတွေဟာ ကျွန်တော်တို့နဲ့ မစိမ်းလှတာမို့လို့ 'ပွေး' အကြောင်းသိကောင်းစရာတွေ၊ ဘယ်လိုကုသရမလဲ နဲ့ ပွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ စတာတွေကို ဆက်လက်ဖတ်ရှုရအောင်နော် ❓ 'ပွေး' ဘာလို့ဖြစ် ပွေးဟာ Keratin...

ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် Chickenpox ( May, 2022 )

0
ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် ရေကျောက်ကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားမှာ အဖုအပိမ့်အနီကွက်တွေထတဲ့ ရောဂါပဲဖြစ်ပါတယ်။ ရောဂါက ပျော့ပြီး သူ့ဘာသာသူပျောက်ကင်းတဲ့ ရောဂါလို့ဆိုပေမယ့် မွေးကင်းစကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ လူကြီးတွေမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ ❓ဘာကြောင့် ရေကျောက်ပေါက်တာလဲ • Varicella zoster လို့ခေါ်တဲ့...

ဗောက်ထခြင်းအကြောင်း သိကောင်းစရာ Dandruff ( May, 2022 )

0
ဗောက်ထခြင်းအကြောင်း သိကောင်းစရာ ❓ဗောက်ထတယ်ဆိုတာ ဘာလဲ လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။...

ခြေစွယ်ငုပ်ခြင်း Ingrown Toenail ( April, 2022 )

0
ခြေစွယ်ငုပ်ခြင်း ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။ ✅ခြေသည်းညှပ်နည်း ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ...

ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း Fever With Rash In Children ( April, 2022 )

0
ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း ဖျားပြီး အ​ရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ က​လေးငယ်​တွေမှာအဖြစ်များပြီး မိဘ​တွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုက​​တော့ virus ပိုး​​​တွေ​ကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မ​ပေးတတ်ပါဘူး။ ဖျား​ပေမယ့် က​လေးကလန်းဆန်းမယ်၊ အစား​ပုံမှန်ဝင်မယ်၊ အရည်/နို့​ကောင်း​ကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်​တွေဟာ...

ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )

0
ရေယုန် / ခါးပတ်ရေယုန် ❓ ဘာကြောင့်ဖြစ်တာလဲ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။ ❓ ဘယ်လိုဖြစ်တာလဲ ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊...

အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

0
????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု...

Hand, Foot, and Mouth Disease (HFMD) (January 2022)

0
Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...

အရေပြားနှင့် ခြေသည်းလက်သည်း